Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၈.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၈.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၇.၈.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၇.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၄.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၄.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၃.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၃.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၂.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၂.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၁.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၁.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၀.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၀.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်

      ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိစေရန်ရည်ရွယ်၍ ၁၇.၉.၂၀၂၁ ရက်နေ့၊ နံနက် ၁၁: ၀၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သနပ်ပင်မြို့နယ်ရုံး၌ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သနပ်ပင်မြို့နယ်တာဝန်ခံမှ ဦးစီး၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ Talk Show တွင် ပဲခူးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သနပ်ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အပေါ် အာမခံချက်ပေးရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ဖော်ပြပါရှိစေရေးတို့ကို စီးပွားရေးလုပ်ငန်းရှင်များနှင့်ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချလျှက်ရှိသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားများနှင့်အညီ ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ထုတ်လုပ်၊ ဖြန့်ဖြူး၊ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူလိုပါက လျှောက်ထားနိုင်ပါကြောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ရုံးချုပ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် လျှောက်ထားရန်လိပ်စာများအား အသိပေးတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

ကုန်စည်များ၌ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအားရှင်းလင်းဆွေးနွေးပွဲကျင်းပ

             ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသည့်    ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားများအား  စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ  ပြည့်စုံစွာဖော်ပြပါရှိစေရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၁၆.၉.၂၀၂၁   ရက်နေ့ နံနက် ၁၀:၀၀  နာရီအချိန်တွင်  သာယာဝတီမြို့၊ အလယ်ကုန်း သိုလှောင်ရုံ၌     ဒေသထွက်ကုန်စည်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်(၅၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ  ပြဌာန်းချက်များ အား ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်ဦးစီးမှူး  ဦးအောင်သိန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ခိုင်ရီ  (ဒုတိယဦးစီးမှူး)  က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်  ဝန်ဆောင်မှုများအပေါ် အာမခံချက်ပေးရမည့်   အချက်များ၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ  ဖော်ပြခြင်းနှင့်  စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖော်ပြပါရှိစေရေး  စသည့်  အကြောင်းအရာများကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး၊  တက်ရောက်လာသူများက ၎င်းတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး  စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ  အသိပညာပေး  လက်ကမ်းစာစောင်များ  နှင့်      ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။    

ပဲခူးတိုင်းဒေသကြီး(DOCA)

စားသုံးဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအစည်းအဝေးကျင်းပ

         ပြည်သူများနေ့စဉ်သုံးစွဲလျက်ရှိသော စားသုံးဆီများ ဈေးကွက်ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကစားမှုမရှိစေရေးရည်ရွယ်၍ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီအစည်းအဝေးအား ၁၇.၉.၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် Virtual meeting ဖြင့် ကျင်းပခဲ့ရာ စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီ ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားပါသည်။ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူပြည်သူများအား ကျမ်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သင့်တင်မျှတသော ဈေးနှုန်းဖြင့်ဝယ်ယူသုံးစွဲ နိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ရောင်းချသူများအနေဖြင့်လည်း သင့်လျော်သော အမြတ်အစွန်းရရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ရာ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကစားမှုမရှိစေရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက သင့်တင့်သည့်ဈေးနှုန်းဖြင့် စားသုံးဆီများတင်သွင်းဖြန့်ဖြူးနိုင်ရေးအတွက် သင့်လျှော်မည့် အစီအမံများနှင့်ပတ်သက်၍ အသီးသီးအကြံပြု၊တင်ပြ၊ဆွေးနွေးခဲ့ကြပါသည်။

         အစည်းအဝေးသို့ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ