တာချီလိတ်မြို့နယ် လေလံကြီးကြပ်မှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်
ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံဦးမြင့်နောင်(ဦးစီးမှူး)သည် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချနိုင်ရေးနှင့်ပတ်သက်၍ လေလံကြီးကြပ်မှုအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းလေလံကြီးကြပ်မှုအဖွဲ့တွင် တာချီလိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဦးမြင့်သိန်း(အဖွဲ့ခေါင်းဆောင်)၊ ပြည်တွင်းအခွန်များဦးစီးဌာန(အဖွဲ့ဝင်)၊ စီးမံကိန်းရေးဆွဲရေးဦးစီးဌာန(အဖွဲ့ဝင်)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(အဖွဲ့ဝင်)၊ စားသုံးသူရေးရာဦးစီးဌာန(အဖွဲ့ဝင်)နှင့် မြို့နယ်ဉပဒေအရာရှိ(အဖွဲ့ဝင်)တို့ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
တာချီလိတ်မြို့နယ် လေလံကြီးကြပ်မှုအဖွဲ့သည် တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့နယ်ခွဲစည်ပင်သာယာရေးဌာန၊ ကျိုက်လပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသော အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းများကို ကြီးကြပ်ခဲ့ပါသည်။
လေလံကြီးကြပ်မှုအဖွဲ့သည် (၁.၃.၂၀၂၂)ရက်နေ့တွင် တာလေမြို့နယ်ခွဲနှင့် ကျိုက်လပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှပြုလုပ်သော လေလံတင်ရောင်းချခြင်းအခမ်းအနားနှင့် (၃.၃.၂၀၂၂) ရက်နေ့တွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ပြုလုပ်ကျင်းပသော လေလံတင်ရောင်းချ ခြင်း အခမ်းအနားသို့ တက်ရောက်၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား လေလံရောင်းချရာတွင် အရပ်ရပ်အခွင့်အရေးလုပ်ငန်း(သက်တမ်းတိုး) လိုင်စင် (၆)ခု ရောင်းချခြင်းမှ ကျပ်(၁၄၂.၃၅)သန်း၊ အရပ်ရပ်အခွင့်အရေးလုပ်ငန်း(၁၅)ခု လေလံတင်ရောင်းချခြင်းမှ ကျပ်(၉၅.၂၆)သန်းနှင့် သားသတ်လုပ်ငန်းလိုင်စင်(၂၁)ခု လေလံတင်ရောင်းချခြင်းမှ ကျပ် (၇၂၁.၁၁)သန်း ဘဏ္ဍာငွေရရှိခဲ့သည်။ တာလေမြို့နယ်ခွဲစည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်(၂)ခု လေလံတင်ရောင်းချခြင်းမှ ကျပ်(၂၃.၄)သန်းနှင့် သားသတ်လုပ်ငန်းလိုင်စင်(၄)ခုမှ ကျပ်(၂၃.၅)သန်းဘဏ္ဍာငွေရရှိကာ ကျိုက်လပ်မြို့နယ်ခွဲစည်ပင် သာယာရေးဌာနခွဲ၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်(၁)ခုနှင့် သားသက်လုပ်ငန်းလိုင်စင်(၄)ခုတို့အတွက် ကျပ်(၅.၃)သန်း ဘဏ္ဍာငွေအသီးသီးရရှိခဲ့ပါသည်။ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် ကျန်ရှိသော အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(၇)ခုကို ဒုတိယအကြိမ်ထပ်မံကြော်ငြာ၍ လေလံတင်ရောင်းချမည်ဟု သိရပါသည်။
သို့ဖြင့်ပါ၍ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ဌာန၏လုပ်ငန်းတာဝန်များအပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခါအားလျှော်စွာ ာပေးအပ်သောတာဝန်များကို ကျေပွန်စွာဆောင်ရွက်ပြီး မြို့သာယာလှပရေးအတွက်အသုံးပြုမည့် စည်ပင်သာယာရေးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း ရေးသာလိုက်ရပါသည်။
DOCA(ရှမ်း)