Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးခရိုင်ရုံးဝင်းအတွင်း ၄” စက်ရေတွင်းတူးဖော်ခြင်းနှင့် ၁၂၀၀ ဂါလံဆံ့သံရေစင် အမြင့် (၂၀’) တည်ဆောက်ခြင်း

       ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၄.၅၀၀ သန်းဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်ရုံးဝင်းအတွင်း ၄” စက်ရေတွင်းတူးဖော်ခြင်းနှင့် ၁၂၀၀ ဂါလံဆံ့သံရေစင် အမြင့် (၂၀’) တည်ဆောက်ခြင်း လုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ HUGO MYANMAR Co.,Ltd မှ ၁၃.၅၀၀ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၄” စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၉.၂.၂၀၂၀ ရက်နေ့တွင် လုပ်ငန်းများစတင် ဆောင်ရွက်၍ ၃.၃.၂၀၂၀ ရက်နေ့အထိ စက်ရေတွင်း ၃၈၀’ ခန့်တူးဖော်ဆောင်ရွက်ပြီး ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ညောင်ဦးခရိုင်ရုံး (၅၀’ x ၃၅ x ၂၄’) RC (၂)ထပ် (ရေ၊ မီး၊ မိလ္လာ) ဆောက်လုပ်ခြင်း

      ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၂.၇၅၀ သန်းဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်ရုံး (၅၀’ x ၃၅ x ၂၄’) RC (၂)ထပ် (ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း လုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ Mauk Kha Co.,Ltd မှ ၈၅.၇၅၀ သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့ပြီး ၂.၂.၂၀၂၀ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်၍ ၃.၃.၂၀၂၀ ရက်နေ့အထိ လုပ်ငန်း၏ ၁၂ % ဆောင်ရွက်ပြီး ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

လယ်ဝေး(ယခင်မော်တော်ယာဉ်ဝင်း) ခြံစည်းရိုး ၁၆၀၀’ ကာရံခြင်း

      ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၆.၀၀၀ သန်းဖြင့် လယ်ဝေး (ယခင်မော်တော်ယာဉ်ဝင်း) ခြံစည်းရိုး ၁၆၀၀’ ကာရံခြင်းလုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ အောင်ရတနာမိုးကုမ္ပဏီမှ ၁၄.၉၆၂၆ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၂၉.၁.၂၀၂၀ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်၍ ၃.၃.၂၀၂၀ရက်နေ့အထိ လုပ်ငန်း၏ ၆၀% ဆောင်ရွက်ပြီး ဖြစ်ပါသည်။

ရုံးချုပ်၊ စီမံရေးရာဌာနခွဲ

စားသုံးသူရေးရာဦးစီးဌာန

စာပေစကားဝိုင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ

   ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ပြည်သူနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ပြည်သူစကားဝိုင်းတွင် လွိုင်ကော်ခရိုင် စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဉီးစီးဌာန၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနတို့က ပါဝင်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ စကားဝိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒု-ဉီးစီးမှူး ဒေါ်စုစုထွေးက အစားအစာများအကြောင်းနှင့် အစာအုပ်စု(၃)အုပ်စု အကြောင်းတို့အားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဉီးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံပယ်ထွန်းက မီးဖိုချောင်းသုံး စားသောက်ကုန်ပစ္စည်းများ၏ ဆေးဖက်ဝင်ပြီး ကျန်းမာရေးကောင်းကျိုးများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာထွနးနေဝင်းက လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် Corona Virus အကြောင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းတို့အားလည်းကောင်း၊ လွိုင်ကော်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြို့ရီက ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူလိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများအနေဖြင့်လည်း ဘေးကင်းလုံခြုံမှုရှိစေရန် သေချာဖတ်ရှုရွေးချယ်ဝယ်ယူစားသုံးစေလိုကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော ပြည်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို သက််ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မြန့်မာဖရဲ၊ သခွားမွှေးကဲ့သို့သော သီးနှံများနှင့် အခြားလယ်ယာထွက်ကုန်များ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ တို့တွင် ကုန်သွယ်မှုကျဆင်းသည့်အခြေအနေများအား ဆွေးနွေးခြင်း

      ၂၇.၂.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြဝတီခရိုင် ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသော Intersectoral Meeting အခမ်းအနားသို့တက်ရောက်၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားနှင့်ဆက်နွယ်၍ မြန့်မာဖရဲ၊ သခွားမွှေးကဲ့သို့သော သီးနှံများနှင့် အခြားလယ်ယာထွက်ကုန်များ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ စသည့်တို့တွင် ကုန်သွယ်မှုကျဆင်းနေ၍ စီးပွားရေးအရရိုက်ခတ်မှုအခြေအနေများကို မိမိတို့ဌာနအနေဖြင့် လေ့လာဆန်းစစ်မှုများပြုလုပ်၍ ရေတို/ရေရှည် ဖြေရှင်းနိုင်ရေးဆောင်ရွက်နေမှု ၊ ထွက်ကုန်တိုး မြှင့်ရေးကြိုးပမ်းနေမှုနှင့်အတူ ခိုင်မာသည့်ဈေးကွက်တစ်ခုရရှိရေး၊ ပြည်ပဈေးကွက်တိုး မြှင့်တင်ပို့နိုင်အခြေအနေများအား တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင် များကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

     ၂၆.၂.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြဝတီခရိုင် ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ မိမိဒေသရေမြေနှင့်ကိုက်ညီပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပတင်ပို့နိုင်ရေး၊ အရည်အသွေးပြည့်မီသော လယ်ယာထွက်ကုန်သီးနှံများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် မြဝတီမြို့နယ် ၊ မင်းလက်ပံ ကျေးရွာသို့ သွားရောက်၍ ပဲပုပ်သီးနှံ၏စိုက်ပျိုးထွက်ရှိမှု၊ အောင်မြင်ဖြစ်ထွန်းမှု၊ အထွက်နှုန်း ကောင်းမွန်မှုရှိ/မရှိ၊ တွက်ခြေကိုက်မှုအခြေအနေများအားကွင်းဆင်းလေ့လာခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောဆွေးနွေးခြင်း

       ၂၆.၂.၂၀၂၀ရက်နေ့တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြဝတီခရိုင် ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” အတွက် မြဝတီမြို့ရှိ ‘ ထူးသစ္စာ ’သောက်ရေသန့် လုပ်ငန်းသို့ သွားရောက်၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဆောင် ရွက်ထားမှု ရှိ/မရှိ ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်ဖြန့်ချီနေခြင်း ရှိ/မရှိ အား အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် အာဏာသက်ဝင်မည့် စားသုံးသူကာကွယ်ရေး (၂၀၁၉) အခန်း ( ၁၈ ) ပါ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်ရေး၊ ထိုသို့ဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ၊ ဖော်ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးတို့အား အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း များဆောင်ရွက်ခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်မြို့၊ ဧက(၅၀၀) ရပ်ကွက်သို့ စားသုံးသူအသိပညာပေးဟောပြော

      ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ် ၊ ဧက (၅၀၀) ရပ်ကွက်၌ ကျေးရွာသူ/သား စုစုပေါင်း ( ၃၀ ) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဒေါ်မြို့ရီက စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်အတွက် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း မပြုမီသတိပြုရမည့်အချက်များ၊ မိမိတို့ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထားသောဝန်ဆောင်မှုများ အပြည့်အဝရရှိရေးများကို လည်းကောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲ၍ ဖော်ပြရမည့်အချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများ(သို့) ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျေးရွာသူ/သားများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သော ကုန်စည် (သို့) ဝန်ဆောင်မှုများဖော်ပြထားသည့် ဗွီနိုင်းများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသောလုပ်ငန်းများ၊ ဆေးဆိုင်များအား  သက်ဆိုင်ရာ မိတ်ဖက်ဌာနအဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များ၊ ဆေးဆိုင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား သိရှိလိုက်နာနိုင်ရေးအတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့်  သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးတွင် စားသုံးသူ အသိပညာပေးဟောပြောခြင်းနှင့် ကျုံပျော်မြို့ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

     ၂၅.၂.၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး နှင့် ပုသိမ်ခရိုင်ဦးစီးမှူး ဉီးဆောင်သောအဖွဲ့သည်  ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး နှင့် ပုသိမ်ခရိုင်ဦးစီးမှူးတို့မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များ၊ ဥပဒေအခန်း  (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် CICC တိုင်ကြားမှုကိစ္စများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဈေး/ရပ်ကွက် စားသုံးသူရေးရာ ကော်မတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စည်ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချသူများ စုစုပေါင်း (၁၀၂) ဦးခန့် တက်ရောက်ခဲ့ပါသည်။

    ထို့နောက် တိုင်းဒေသကြီး/ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဈေး/ရပ်ကွက် စားသုံးသူရေးရာ ကော်မတီများ ပူးပေါင်း၍ ကျုံပျော်မြို့ မြို့မဈေးအတွင်း စားသုံးသူပြည်သူများ နေ့စဉ် စားသောက်သုံးစွဲလျက်ရှိသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ် ဖော်ပြမှုနှင့် အလေးချိန် ပြည့်မီခြင်း ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များရှိ/မရှိ  အသိပညာပေးစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ