Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့ပေါ်ရှိ စတိုးဆိုင်းများတွင် Dumex Dupro Brand အတုများရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၆..၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ “Dumex Dupro Brand” အမှတ်တံဆိပ် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်စာအား ဈေးကွက်အတွင်း ကုန်ပစ္စည်း အတုရောင်းချနေသည်ကို တွေ့ရှိရပါသဖြင့် အဆိုပါကုန်ပစ္စည်းအတုများ ဈေးကွက်အတွင်း ရောင်းချ ခြင်း မရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ တွင် ပခုက္ကူမြို့ပေါ်ရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များ သို့ သွားရောက်ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ရောင်းချ နေသည့်လုပ်ငန်းရှင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်ရှင်များကို  “Dumex Dupro Brand” အမှတ် တံဆိပ် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်စာ အတုများအား ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များ ကိုသာရောင်းချရန်နှင့် သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း သိရှိစေရန်အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မိတ္ထီလာမြို့နယ်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ ဒေါ်မြို့ရီနှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင်  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလလ ၂၅ ရက်နေ့တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်၊ ကျေးဇူးရှင်စတိုးအတွင်း ရောင်းချနေသော DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချ ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကျေးဇူးရှင်စတိုး တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများရောင်းချမှုမရှိကြောင်းနှင့် လုပ်ငန်းရှင်အား DUMEX DUPRO အတုများ ရောင်းချခြင်းမပြုရန်နှင့် DUMEX DUPRO အမှတ်တံဆိပ်အတု၊ အစစ်ကွဲပြားသည့် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဆိပ်ဖြူမြို့ပေါ်တွင် ရောင်းချနေသော စည်သွပ်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၅..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဦးစားပေးကုန်စည်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့ပေါ် ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  စည်သွပ်အစားအစာအမျိုးမျိုးနှင့် အခြားကုန်စည်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ စားသုံးသူရေး ရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်း လွန်ပစ္စည်းများကို ရောင်းချရှိ/မရှိ စစ်ဆေးခဲ့ရာ ထုတ်ကုန်လုံခြုံစိတ်ချရသော ကုန်စည်များသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ ကျောင်းမုန့်ဈေးတန်းတွင် မုန့်များ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (1၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း ချောင်းသုံးခွကျောင်းတွင် ကျောင်းမုန့်ဈေးတန်းအား ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း ကုန်းတန်းကြီးကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းတွင် မုန့်များအား ကွင်းဆင်းဆေးခဲ့ရာ ရောင်းချနေသောမုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များပါရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအား  သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မိတ္ထီလာမြို့နယ်ရှိ Online Sale ရောင်းချလျက်ရှိသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းမျာသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ No.မမ၂၉၈၊ စာတိုက်လမ်း၊ မြို့မရပ်ကွက်၊ နယ်မြေ (ပန်းထိမ်တန်း) ရှိ ညိမ်းသူထိုက် Online Sale   ရောင်းချသည့်ဆိုင်နှင့် အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၁) ၊ မန္တလေးလမ်းမတော်လမ်းရှိ Billion Mart Cosmetics  ရောင်းချသည့်ဆိုင်တို့သို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ဆိပ်ဖြူမြို့၊ အခြေခံပညာမူလတန်း(ရေလယ်ကျွန်း)ကျောင်းသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၂၆.၉.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆိပ်ဖြူမြို့ ရေလယ်ကျွန်း အခြေခံပညာ မူလတန်းကျောင်းတွင် ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၂၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊  ဌာန၏သမိုင်းကြောင်းနှင့်လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ ၏ အခွင့်အရေးနှင့်တာဝန်များ၊   စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ(သို့မဟုတ်)အထောက်အထား ရယူထားရှိခြင်းမှာ အရေးကြီးပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေအရကုန်စည်နှင့် ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများရရှိခံစား ရမည့်အကျိုးကျေးဇူးများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်တင်မာရီမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ တိုင်ကြား နိုင်သည့် ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နေရာများနှင့် Consumer Call Center (1535) သို့ဆက်သွယ် ၍လည်း စားသုံးသူရေးရာနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှင်လင်းဆွေးနွေးခဲ့ပြီး ဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

MISTINE White Spa အလှကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ချောက်မြို့နယ်၌ လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၂၆.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ချောက်မြို့ရှိ Global Five Stars Trading Co.,Ltd သို့ သွားရောက်၍ လုပ်ငန်းအမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

      ကုန်သွယ်ရေးဦးစီးဌာနတွင် ၂၀၂၅-ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် အသစ် လျှောက်ထားလာသော မြန်မာကုမ္ပဏီ (၁၁၄)ခုအနက် ကုမ္ပဏီ (၁၀)ခုတို့၏ ကုမ္ပဏီတည် ထောင်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားလာမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော ချောက်မြို့ရှိ Global Five Stars Trading Co.,Ltd တည်ထောင်ထားမှုနှင့်ပတ်သက်၍ မိုးကာနှင့် ဆိုင်ကယ်အပိုပစ္စည်းများ တင်သွင်းရောင်း ချနေခြင်းကို အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိ၊ သတ်မှတ်ပုံစံအတိုင်း စနစ်တကျမြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁0:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစစ်ဆေးမှုတွင် စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ချောက်မြို့၌ စားသုံးသူရေးရာအသိပညာပေး Talk Show ကျင်းပ

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၅.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာ ပေး Talk Show ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

    အဆိုပါ အသိပညာပေးTalk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးမှု များအပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက မြန်မာနိုင်ငံတွင် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ပြီး ပြဌာန်းထားသည့် ဥပဒေများနှင့် ဥပဒေအရ အကာအကွယ် ပေးနေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးပြဌာန်းချက်များ၊ စားသုံးသူ တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများအပြင် စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်စေရေး အသိပညာပေးဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ပူးပေါင်းဆောင် ရွက်ပေးနေမှုအခြေအနေများနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသြီး/ ပြည်နယ်များတွင်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြလာသည့် မြန်မာဘာသာနှင့် ကုန် အညွှန်းအမှတ်အသားဖော်ပြထားသည့်များကိုလည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဥပဒေပြဌာန်း ပြီးဖြစ်သည့် ၂၀၁၉-ခုနှစ်မှစပြီး ၂၀၂၄-ခုနှစ် အထိ ကုန်စည်စုစုပေါင်း (၁၇၆၆၇)မျိုးကိုလည်း စိစစ် ဆောင်ရွက်ပေးသည့်အခြေအနေများကို အသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ