Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့၊ အမှတ်(၂)၊အခြေခံပညာအထက်တန်းကျောင်း၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အစားအစာများ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၆.၉.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းနွမ်ခမ်းခေါင်က “လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများ” ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သောအစားအစာများအကြောင်းကိုလည်း ကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သိမ့်ဝါက“ဘာကြောင့် စာဖတ်ဖို့ လိုတာလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ များ” ကိုလည်း ကောင်း အသီးသီးဟောပြောခဲ့ပြီး အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အထက(၂) ကျောင်းအတွင်း ရောင်းချသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/မရှိ  စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံသည် (၂၆.၉. ၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင် များနှင့်ဆေးရုံ(၁)ရုံတို့အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူး ပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်း ပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ဆေး ဆိုင်လိုင်စင်သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှုမှတ်ပုံတင် စာရင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများ ရောင်း ချခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်း ရှိ/မရှိ တို့အား စစ်‌ဆေးကြပ်မတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်တို့နှင့်အညီ ရောင်းချရန်  အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြို့မဈေးကြီး အတွင်းရှိအတွင်းရှိ ကုန်စုံဆိုင်များရှိ စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများ မပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာရေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုဝန်ထမ်းတို့သည် မြို့နယ်ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၀9:0၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် ကွင်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းကျောင်းသို့ အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိမရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကို ဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားများပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြားစားသောက်ကုန်များတွင်လည်း ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့် ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သရက်မြို့၌ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ (၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၁၅)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများ တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာများကို တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချလျက်ရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ရှင်များအား ကုန်စည် အတုနှင့် အစစ်တို့အားခွဲခြားနိုင်ရေး၊ ကုန်စည်အစစ်တွင်ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ် အသားများနှင့် ကုန်စည်အတုတွင် ဖော်ပြ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ခွဲခြားတတ်စေရန် အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၌ တရားမဝင် ဆင်းကတ်များရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တာဝန်ခံသည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ တရားမဝင် ဆင်းကတ်ရောင်းချမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆင်းကတ်များ အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ် များ စနစ်တကျမှတ်ပုံတင်ရောင်းချ နိုင်ရန်နှင့် တရားမဝင် ဆင်းကတ်ရောင်းချမှုများ ရှိ/မရှိ ကံမမြို့ ပေါ် ဖုန်း(ဆင်းကတ်)အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် တရားမဝင်ဆင်းကတ်များ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါသည်။

DOCA(မကွေး)

ဧရာဝတီမြေပဲဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဧရာဝတီမြေပဲဆီရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကံမမြို့၌ ပင်စင်စားများနှင့် ရပ်ကွက်နေပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှုအား ပူးပေါင်းဆောင်ရွက်  

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၂.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကံမမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ပင်စင်စားများ၏ သက်သာချောင်ချိရေးအတွက် ပင်စင်ထုတ်ယူသည့်ရက် (၂၂.၉.၂၀၂၅) ရက်နေ့မှစ၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ပင်စင်စား (၄၄၀)ဦးအတွက် ရောင်းချခဲ့ကြောင်း သိရပါသည်။

    ဆက်လက်၍ ကံမမြို့ အမှတ် (၁)နှင့် (၂)ရပ်ကွက်တို့ရှိ ရွှေတိုးနှင့် ဟိန်း ဆီဆိုင်တို့မှ ရပ်ကွက် နေ အိမ်ထောင်စု(၁)စုလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းကို ကျပ်(၇၅၅၀)ဈေးဖြင့် ရောင်းချရာတွင် အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဆီဝယ်စာအုပ်များဖြင့်စနစ်တကျရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်း လုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၂၂--၂၀၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်၊ ဆေးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေ‌ရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်၌ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၂--၂၀၂၅)ရက်နေ့၊ နံနက် (၀၈း၀၀)နာရီအချိန်တွင် မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်(၃)ဆိုင်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ စားသုံးသူများဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ကံမမြို့နယ် တာဝန်ခံဒေါ်နွဲ့ယဥ်ဝင်းသည် ဈေးအတွင်းရှိ ရောင်းချ လျက်ရှိသော ကုန်စုံဆိုင်များတွင် စည်သွပ်အစားအစာ အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြ ထားသည့် ကုန်စည်များသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ် ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေထည့်သွင်း ဖော်ပြခြင်းရှိ/မရှိနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SUn BRAnD ငါးသေတ္တာ (၄၂၅)ဂရမ်တွင် အဆိုပါ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အခြားရောင်းချသည့် ကုန်စည်များ သည်လည်း ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ