Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ်  စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးဆောင်ရွက်ခြင်း

       မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၃-၈-၂၀၂၅) ရက်နေ့ နေ့လယ် (:၀၀)နာရီအချိန်က မြို့နယ်တွင် စက်သုံးဆီဆိုင်များ ဈေးနှုန်းမှန်ကန်စေရေး၊ စက်သုံးဆီ အရည်အသွေး ကောင်းမွန်စေရေးဦ စက်သုံဆီးပြတ်လပ်မှု မရှိစေရေးတို့အတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

          စစ်ဆေးရာတွင် စူပါအောင်ဆီဆိုင်၊ UNT ဆီဆိုင်၊ ထွန်းဆီဆိုင် များတွင်  ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီ အမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့ ဆီဘောက်ဆာကားများ အမှန်ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင် ဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထား ရှိမှုအခြေအနေ၊ မီးဘေး လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီဘေးကြိုတင်ကာကွယ်ရေးပစ္စည်များ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီ အဆင်ပြေစွာ ဝယ်ယူ သုံးစွဲနိုင် စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချ နိုင်ရေး အလေးထား ဆောင်ရွက်သွားရန်တို့ကို လုပ်ငန်းရှင်များအား ဆွေးနွေး မှာကြားခဲ့ သည်။ ဓနုဖြူမြို့ အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များက ဒေသခံပြည်သူများ စက်သုံးဆီ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ပုံမှန်ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် Gasifier သုံးဆန်စက်ဖြစ်သော ထွန်းရတနာ ဆန်စက်အား ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

      မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးကိုယ်စား မအူပင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တို့နှင့်အတူ ပန်းတနော်၊ တလပန်းကျေးရွာ၊ ချောင်းကလေးအုပ်စု သို့ ကွင်းဆင်း၍ (၁၂-၈-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)အချိန်က  ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     စစ်ဆေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်း လည်ပတ်နေမှု လုပ်ငန်းခွင်ကို ကြည်ရှုလေ့လာပြီး၊ ဆန်စက်တွင် စပါးသိုလှောင်မှု တင်း၂၀၀၀ နှင့် ဆန်အိတ်လက်ကျန် ၃၀၀အိတ်ရှိကြောင်း ၊ တစ်နေ့လျှင် ၁၅တန်ကျ ကြိတ်ခွဲနိုင်ကြောင်းနှင့် မနက် ၆နာရီမှ ညနေ ၅နာရီထိ ကြိတ်ခွဲကြောင်း၊ ရေစစ်ကန်ပြုလုပ်ထားရှိမှု ရေဆိုးရေညစ် ထုတ်လုပ်ရာ လမ်းကြောင်း ကောင်းမွန်စွာ စီးဆင်းစေရေးကို ကြည်ရှုစစ်ဆေးခြင်း၊ ပတ်ဝန်ကျင် အနှံဆိုး ထိခိုင်မှုကို လျော့နည်းအောင် ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ၁နှစ် ပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးရန်နှင့် ဆန်စက်၏ စပါး/ဆန် လက်ကျန်စာရင်းကို လစဉ် လဆန်း ၇ရက်နေ့တွင် ဖြည့်သွင်းနိုင်ရန်အတွက်ကို လုပ်ငန်းရှင်အား အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

 

 

 

 

ဆန်ဆိုင် လုပ်ငန်းရှင်များအား  MyRo မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆန်ဆိုင်လုပ်ငန်းရှင်များ MyRo မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက်များကို သိရှိနိုင်ရန်နှင့် လုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဒေသတွင်း ထုတ်ကုန်များ လွပ်လပ်စွာ ရောင်းဝယ်နိုင်ရေးအတွက် ၁၃-၈-၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ရုံးခန်းမ တွင် ဆွေ့ဆုံရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

        ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ဆန်ဆိုင်လုပ်ငန်းရှင် ၈ဦးနှင့် တွေ့ဆုံ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေး ကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေး ထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများ အနေဖြင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၅၀ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၅၀၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည်  www.myro.com.mm တွင် သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင် လျှောက် ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “ ဆန်စပါးသို လှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်”အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမိန့်အမှတ် ၈၂ / ၂၀၂၄ ဖြင့် ထုတ်ပြန်ထားပါသည်။

    ညောင်တုန်းမြို့နယ်အတွင်း ဆန်သိုလှောင်သူ လုပ်ငန်းရှင်များက မှတ်ပုံတင်ထားဆောင်ရွက်ပြီးဖြစ်ကြသည်။ မှတ်ပုံတင် သတ်တမ်း ၁နှစ် ပြည်မြောက်ပါကလည်း ထပ်မံသက်တမ်းတိုးလုပ်ငန်းကို ဆောင်ရွက်ရန် မှာကြား ဆွေးနွေးပြီး၊ ယနေ့အချိန်တွင် MyRo မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ မဟုတ်မမှတ်သတင်းမှားများကို ဖြန့်ချီနေမှုကို မယုံကြည်ကြရန်နှင့် သိုလှောင်ရန် ပမာဏထက်ကျော်လွန်ပါက အရေးယူဆောင်ရွက်သွာမည်ဟူသော သတင်းမှာ မဟုတ်မမှန်ကြောင်းကို လုပ်ငန်းရှင်များ သိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် ပြည်သူများအား ဆန်စက်အသင်းနှင့် ဆီလုပ်ငန်းရှင်များ အသင်း ကြက်ခြံပိုင်ရှင်များမှ ဌာနဆိုင်ရာများ ကြီးကြပ်၍ ဆန်၊ ဆီ ကြက်၊ ဥ များ ရောင်းချပေးလျက်ရှိ

     ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန’ ကြီးကြပ်ဦးဆောင်မှုဖြင့် ညောင်တုန်းမြို့နယ် ရပ်ကွက်နေပြည်သူများကို ၁၃-၈-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က သက်သာသောဈေးဖြင့် ဆန်/ဆီ/ကြက်ဥ တို့ကို အဆင်ပြေချောမွေစွာ ဝယ်ယူနိုင်ရန် မြို့နယ် စည်ပင်သာယာရုံးရှေ့တွင် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

     ရောင်းချရာတွင် ရပ်ကွက်နေပြည်သူများကို ဆန် ၁ပြည် ၂၀၀၀ကျပ်၊ ဆီ ၆၄၀၀ကျပ်၊ ကြက်ဥ ၃၅၀ကျပ် ဖြင့် ဆန် ၅အိတ်၊ ဆီ ပိဿာ ၁၁၀၊ ကြက်ဥ ၃၀၀၀လုံး ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက ဆန်၊ ဆီနှင့် ကြက်ဥဝယ်ယူမှု ပိုမိုများကြောင်း သိရသည်။ ယခုကဲ့သို့ရောင်းချခြင်းမျိုးကို လစဉ် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း မြို့နယ်  စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးဆောင်ရွက်ခြင်း

    မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၃-၈-၂၀၂၅) ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်တွင်း စက်သုံးဆီဆိုင်များ ဈေးနှုန်းမှန်ကန်စေရေး၊ စက်သုံးဆီ အရည်အသွေး ကောင်းမွန်စေရေးဦ စက်သုံဆီးပြတ်လပ်မှု မရှိစေရေးတို့အတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က Ok ဆီဆိုင်၊ UTT & Sons ဆီဆိုင်၊ DENKO ဆီဆိုင်၊ Energy ဆီဆိုင် များတွင် ရောင်းချသော စက်သုံဆီးများသတ်မှတ်ရက်အတွင်း ဆီကားများရောက်ရှိမရှိကို စစ်ဆေးခြင်း၊  ရောင်းချနေသော စက်သုံဆီအမျိုးအစားအလိုက်  သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင် ဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး မြို့နယ်စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထား ရှိမှုအခြေအနေ၊ မီးဘေး လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီဘေးကြိုတင်ကာကွယ်ရေးပစ္စည်များ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီ အဆင်ပြေစွာ ဝယ်ယူ သုံးစွဲနိုင် စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချ နိုင်ရေး အလေးထား ဆောင်ရွက်သွားရန်တို့ကို လုပ်ငန်းရှင်များအား ဆွေးနွေး မှာကြားခဲ့ပြီး ဆီလက်ကျန်နှင့် နေစဉ်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်း(ထန်းသုံးပင်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာဝန်ထမ်းများ၊အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၁၂.၈.၂၀၂၅)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြန်အောင်မြို့၊ ထန်းသုံးပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမ(၂၀)ဦး နှင့် ကျောင်းသား/ကျောင်းသူ ၂၂၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အစားအသောက်များတွင် ပါဝင် သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိ သော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက်(၁၁:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

အင်္ဂပူမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၁၂.၈.၂၀၂၅) ရက်နေ့ ၊နေ့လယ် (၁၃:၀၀)အချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကန်သာယာလမ်းရှိ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည့် အကြောင်း၊ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

မှော်ဘီမြို့နယ်ရှိ ဒေါ်အေးအေးမာစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်သို့ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးအတွင်းရှိ ဘီ(၂)၊ အမှတ်(၄၃/၄၄)ရှိ ဒေါ်အေးအေးမာဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ လိပ္ပုတ်ကျေးရွာရှိ စားသုံးသူပြည်သူများသို့ ရောင်းချပေးပါကြောင်း၊ ဆီပေးချိန်ကိုလည်း နေ့စဉ်နံနက်(၁၀း၀၀)နာရီမှ ညနေ(၁၇း၀၀)နာရီထိ ရောင်းပေးပြီး နေ့စဉ်အရောင်းစာရင်းကိုလည်း လယ်ဂျာဖြင့် ရေးသွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချခြင်းမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ထားဝယ်မြို့ တဂူသိမ်စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ်စျေးအတွင်းရှိ ကုန်စုံဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများရောင်းချမှုများ ရှိ/မရှိ များ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။   

DOCA(တနင်္သာရီ)

စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးမှ တာဝန်ခံဦးဝေလင်းအောင်မှ ပူးပေါင်းလျက် ဘီ(၂)၊ ရုံအမှတ်(၂၅/၂၆/၂၇)ရှိ ဒေါ်နွယ်နွယ်အောင် စားအုန်းဆီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းအား အမှတ်(၂)ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ဆယ်သားနှုန်းဖြင့် တစ်လကို (၂.၅၀)သားနှုန်းဖြင့် ဆီဖြန့်ဝေပေးပါကြောင်း၊ ရပ်ကွက်အလိုက် စနစ်တကျရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိဘဲ သတ်မှတ်ဈေးအတိုင်း ရောင်းချပေးပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ