Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးခြင်း

     မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်၊ မြို့နယ်စည်ပင်၊ ကုမ္ပဏီ(၆)ခုအဖွဲ့ဝင် (၉)ဦးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ၂၇-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါအစည်းအဝေးတွင် ဆီရောင်းချမှုစာရင်းများအား လက်လီ/လက်ကားအရောင်းဆိုင်အလိုက် ကုမ္ပဏီများက စာရင်းပြုစုတင်ပြစေရန်၊ ဒေသအလိုက် အိမ်ထောင်စုဦးရေနှင့် စားအုန်းဆီဖြန့်ဖြူးရန် ဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ စုစည်းတောင်းခံထားခြင်းများအား မြို့နယ်ရုံးသို့တင်ပြရန်နှင့် စားအုန်းဆီဖြန့်ဝေခွဲမှုနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးမှုအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ လစဉ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်းများသိရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရန်ရည်ရွယ်ချက်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊  ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း  ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း လစဉ်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် အပတ်စဉ် ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေ ဈေးနှုန်း/ဈေးကွက်၊ လက်ကျန်နှင့် သယ်ယူပို့ဆောင်ရေးအခြေအနေများကို တွေ့ဆုံကွင်းဆင်းစစ်ဆေးခြင်း(၅)ကြိမ်၊ ဩဂုတ်လ (၅)ရက်နေ့၌ ကျွန်းလှမြို့ပေါ် ရပ်ကွက်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု(၁)ကြိမ်၊ ဩဂုတ်လ(၁၉)ရက်နေ့၌ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု (၁)ကြိမ်၊ ဩဂုတ်လ(၁၉)ရက်နေ့တွင် ကျွန်းလှမြို့နယ်၊  တင်းတိန်ရံကျေးရွာ အ.လ.က ကျောင်းရှိ မုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း(၁)ကြိမ်၊ ဩဂုတ်လ(၇)ရက်နေ့တွင် ကျွန်းလှမြို့ပေါ်စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးမှု(၁)ကြိမ်၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ် အ.လ.က ကျောင်း၌ စားသုံသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း(၁)ကြိမ်နှင့် ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျွန်းလှမြို့၊ “စံ”ဆီစက်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံကွင်းဆင်းမှု (၁)ကြိမ်ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရန် ကုန်အညွန်းအမှတ်အသားများလျှောက်ထားရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ဟောပြောပွဲတွင်လည်း ကျောင်းသား/ ကျောင်းသူများကို စားသုံးသူအခွင့်အရေး(၈)ချက်ကိုသိရှိပြီး အခွင့်အရေးများတောင်းဆိုတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့်  Online Shoping သုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့် အချက်များအကြောင်းနှင့် စားသုံးသူပြည်သူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်တို့ကို အကျယ်တဝင့်ဟောပြောခဲ့ပြီး  စားသုံးသူအကြောင်း သိကောင်းစရာပါ လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၉.၈.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးပြီး အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

မုံရွာခရိုင်၏ (၈/၂၀၂၄) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းဆောင်ရွက်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

       မုံရွာခရိုင်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၃) ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၆-၈-၂၀၂၄) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စားသုံးသူအရောင်းချသည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ (၁၆-၈-၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ ကန်သာဦးရပ်ကွက်ရှိ “ရွှေကမ္ဘာ” ပဲကြော်လုပ်ငန်းရှင်အားလည်းကောင်း  တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာန၏ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၈/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိ ပါသည်။

          မုံရွာခရိုင်အနေဖြင့် (၈/၂၀၂၄) လအတွင်း ခရိုင်ဦးစီးမှူးဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ “လွင်” လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊  မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များ၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “အိအိချွန်” ပဲချောင်းအလုပ်ရုံ၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ  စားသုံးဆီအရောင်းဆိုင်များ၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝေါမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၃၀.၈.၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ဝေါမြို့အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ် မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသော နေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပ

       ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ၂၉-၈-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဋ္ဌ ဒေါက်တာတင်နွယ်ရီနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

      အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာန၏ တာဝန်ယူဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ယခင်လအစည်းအဝေးဆုံးဖြတ်ချက်များအနက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဒု-ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။   

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၆) ချက်ဆုံးဖြတ်ခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)

         

ကဝမြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၃၀.၈.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကဝမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ် ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး ပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပုဏ္ဏားစုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၈.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ပုဏ္ဏားစုရပ်ကွက်အတွင်းရှိ  ပုဏ္ဏားစုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ ပုဏ္ဏားစုအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စားသုံးသူများ၏အခွင့်အ‌ရေးနှင့် တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းမှတဆင့်ဝယ်ယူ ရောင်းချခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှဈေးဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှုပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများမှ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူ(၃၁၆)ဦးနှင့် ဆရာ/ ဆရာမ (၅၁)ဦး တက်ရောက်ကာ ဟောပြောဆွေးနွေးပွဲကို နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၉.၈.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် နန်းတော်ရာရပ်ကွက်အတွင်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ အမှတ်(၄) အထက်တန်းကျောင်းခွဲရှိ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက် လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စားသုံးသူများ၏အခွင့်အ‌ရေးနှင့် တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းမှတဆင့်ဝယ်ယူရောင်းချခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှုပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်း ဆိုင်ရာနည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများမှ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူ(၂၂၀)ဦးနှင့် ဆရာ/ ဆရာမ (၄၆)ဦး တက်ရောက်ကာ ဟောပြောဆွေးနွေးပွဲကို နံနက် (၁၀:၅၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ