Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၁၂.၁၁.၂၀၂၅)ရက်နေ့ ၊နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ အမှတ်(၆၂)၊ ယုဇနလမ်း၊ နွယ်အေးရပ်ကွက်ရှိ “ရွှေညီကို” ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) က  ဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်၊ ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့ပေါ်ရှိဒေါ်စန်းစန်းစားအုန်းဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

  ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅) မနက်(၁၀)နာရီတွင် ဘိုကလေးမြို့စံပြဈေးထိပ်ရှိဒေါ်စန်းစန်း ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့မ( ၄ )ရပ်ကွက်၊စံပြဒေါ်စန်းစန်းကုန်မျိုးစုံအရောင်းဆိုင်မှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရက်စွဲများပါသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်းနှင့်အိမ်စုများအလိုက် ဆီစာအုပ်များဖြင့် ဝယ်ယူရာတွင်ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း

      (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ သာကေတမြို့နယ်၊ ရူခင်းသာလမ်း၊ (၇) အရှေ့ရပ်ကွက်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မိမိရရှိသောခွဲတမ်း များကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးခြင်းရှိ/ မရှိ  သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှုရှိ/ မရှိ၊ အရေအတွက်/ အလေးချိန်မှန်ကန်မှုရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့နယ် စားသုံးဆီအရောင်းဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘိုကလေးမြို့(၄)ရပ်ကွက် မနော်ဟရီလမ်းရှိ ဒေါ်ဝင်းဝင်းအေး ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့(၄)ရပ်ကွက် မနော်ဟရီလမ်းရှိ ဒေါ်ဝင်းဝင်းအေး ကုန်မျိုးစုံအရောင်းဆိုင်မှညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရက်စွဲများပါသော ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင် ဖူးမောက် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များအား ဈေးကွက်စစ်ဆေးခြင်းကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ  ၁၁-၁၁-၂၀၂၅ နေ့ နေ့လည်ပိုင်း ၃နာရီအချိန်က   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့စစ်ဆေးရာတွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစွာရှိရေး၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက်များ  လတ်ဆတ်သန့်ရှင်းရေး၊ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို အသိပေးဖော်ပြပေးနိုင်ရေး၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစားအရွယ်အလိုက် ဈေးနှုန်းများ ပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေ စသည့်အချက်များကို ကွင်းဆင်းစစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (၁၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် အမှတ်(၃)ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ သွားရောက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ် များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီနှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ မိမိတို့ရရှိသော ခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း သိရှိရပါသည်။ မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)ခုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Aung Zabu Mahar Co.,Ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအတွင်း စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စားအုန်းဆီဝယ်ယူ ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စား လှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ (၁၁.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ စားအုန်းဆီ ဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် GD Good Co.,Ltd မှ ဖြန့်ဖြူးပေးသော စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူး ဦးလှစိုးက ဖြန့်ဖြူးသည့်ကုမ္ပဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များမှ တစ်ဆင့်စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် တစ်လလျှင် (၁)အိမ်ထောင်စုစားအုန်းဆီရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု(၃)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

         (၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်ဆန်းရပ်ကွက်ရှိ GD Good Golden Co.,Ltd မှ ဖြန့်ဖြူး သော  စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များအနေ ဖြင့်ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီ လက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင် ရောင်းချနေမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မအူပင်မြို့နယ်အတွင်း ရောင်းချနေသော ဦးစားပေးကုန်စည် ၁၀မျိုးနှင့် ဆက်စပ် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

 မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူများ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ၊  ကုန်ညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ၁၂-၁၁-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးအတွင်း မြို့ပေါ်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

  ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မအူပင်မြို့နယ်အတွင်း၌ ရောင်းချနေသော ဦးစားပေး ကုန်စည်အမျိုးအစား(၁၀)မျိုးအဖြစ် ရွေးချယ်သတ်မှတ်ထားသော အရန်သင့်အစားအစာ အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ ဆီသွပ်အစားအစားအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ် အမျိုးမျိုး၊ (၁၀ ဂရမ်အထက်နှင့် အောက်) အလှကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများမှ ဆပ်ပြာခဲအမျိုးမျိုးနှင့် သွားတိုက်ဆေး အမျိုးမျိုးအား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးခြင်း၊ ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်အတွင်း ဆေးဆိုင်နှင့် အလှကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌  ကမ်းနားလမ်း၊ မင်းလမ်းပေါ်ရှိ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ကို ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ ၁၀-၁၁-၂၀၂၅ရက်နေ့  မွန်းလွဲ (၂) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ၌  မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိနှင့် အလှကုန်ဆိုင်များတွင် သက်တမ်းလွန်အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော အလှကုန်များ ရှိ၊ မရှိ၊ စားသုံးသူရေးရာဦးစီးဌာန၏ အမိန်ညွှန်ကြားချက်များနှင့် ဈေးကွက်အတွင်းရောက်ရှိသော ဆေးဝါးနှင့် အလှကုန်များ ကိုက်ညီးမှုရှိမရှိ၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း ကိုက်ညီမှု ရှိမရှိတို့ကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးခြင်းများနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များ ဈေးကွက်နမူနာ (PMS) ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ