Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီ လက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦး တို့သည် (၁၉.၉.၂၀၂၅) ရက်နေ့ မွန်းလွှဲ(၁၄;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးတွင် စားသုံးဆီ လက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်းမပြုကြရန်၊  စားအုန်းဆီဖြန့်ဖြုးမှုနှင့် ပတ်သက်ပြီး၊ မှတ်တမ်း(၆)မျိုး ဖြစ်သော မှန်(၆)မှန်အား ရှင်းလင်းအသိပေးခြင်း၊ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ထုတ်ပေးရာတွင် အကြိမ်ရေမှန်ကန်အောင်ရောင်းချပေးနိုင်ရေး၊ အရည်အသွေး အလေးချိန် မှန်ကန်အောင်ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြရန်၊ ရောင်းချမှုအားမှတ်တမ်း ထားရှိဆောင်ရွက်ကြရန်၊ စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောလုပ်ငန်းရှင်များသို့  အသေးစိတ် ရှင်းလင်းဆွေးနွေးမှာ ကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၂၆)ဦး တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA( ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိ အားကစားခန်းမတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်တာဝန်ခံတို့သည်၊ (၁၄.၉.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၁၃;၀၀) နာရီက ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိ အားကစားခန်းမတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေး ဆောင်ရွက် ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော မြို့ပေါ်နှင့် ရွှေလောင်း၊ ကျုံမငေးမြို့နယ်ရှိ စားသုံးဆီ လက်လီ၊ လက္ကားဖြန့်ဖြူးသောလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ ဆုံ၍ စားသုံးဆီအား ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်းမပြုကြရန်၊  စားအုန်းဆီဖြန့်ဖြုးမှုနှင့် ပတ်သက်ပြီး၊ မှတ်တမ်း (၆)မျိုးဖြစ်သော မှန်(၆)မှန်အား ရှင်းလင်းအသိပေးခြင်း၊ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ထုတ်ပေးရာတွင် အကြိမ်ရေမှန်ကန်အောင်ရောင်းချပေးနိုင်ရေး၊ အရည်အသွေး အလေးချိန် မှန်ကန်အောင် ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြရန်၊ ရောင်းချမှုအားမှတ်တမ်း ထားရှိဆောင်ရွက် ကြရန်၊ စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောလုပ်ငန်းရှင်များသို့  အသေးစိတ်ရှင်းလင်းဆွေးနွေး မှာကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံများ လျာထားမှုဧကပြည့်မီ‌ကျော်လွန်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင်စိုက်ပျိုးမည့် ဆီထွက်သီးနှံများ လျာထားမှုဧကပြည့်မီ‌ ကျော်လွန်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကို ၁၈-၉-၂၀၂၅ ရက်နေ့ နံကန် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်က  ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အကြောင်းအရာများနှင့်ပတ်သက်၍ ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် လျာထားစိုက်ဧက ပြည့်မီ‌ကျော်လွန်၍ အထွက်နှုန်းတိုးစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးကြကာ၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနက ပြည်တွင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအကြောင်း ဆွေးနွေးခဲ့ပါသည်။

    ထို့နောက် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များက ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅) အုပ်စုရှိ ဆီထွက်သီးနှံ မြေပဲ(၉၆၅)ဧက၊နှမ်း(၁၀)ဧက၊ နေကြာ( ၆၈၉၇)၊ ဆီပဲပုတ် (၆၀၀) ဧကအား လျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အကြောင်း ပြည်သူများအား အသိပညာပေးဟောပြောခြင်း

   ၁၉-၉-၂၀၂၅ ရက်နေ့၊ ညနေ  (၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး နှင့်  ဝန်ထမ်းများသည် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ခန်းမအတွင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

          ယင်းဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူ ကာကွယ် ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရား များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ အမှတ် ၁ရပ်ကွက်၊ အမှတ် ၂ရပ်ကွက် နှင့် အမှတ် ၃ ရပ်ကွက်မှ ပြည်သူ (၁၂၀)ဦးအား လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးအပ် ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

မအူပင်မြို့နယ် အတွင်းရှိ ဆေးပစ္စည်းအမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးများအား ကွင်းဆင်းစစ်ဆေး

  မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများ ဖိတ်ကြားချက်အရ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်အရောင်းဆိုင်နှင့်  အလှကုန်ပစ္စည်းအရောင်းဆိုင်တို့အား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၉-၂၀၂၅ ရက်နေ့  နံနက်ပိုင်းက လိုက်လံ‌ဆောက်ရွက်ခဲ့ကြသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိ၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လပ်မှု ရှိမရှိ၊ တားမြစ်အလှကုန်များ ရောင်းချမှု ရှိမရှိတို့တို့အား လိုက်လံစစ်ဆေးကာ ဆေးဆိုင်၅ဆိုင်နှင့် အလှကုန်ဆိုင် ၁၀ဆိုင် တို့အား စစ်ဆေးခဲ့ပြီး လိုအပ်သည်တို့ကို အသိပညာပေးညှိနှိုင်းဆွေးနွေးခဲ့ကြ‌သည်။

   အဆိုပါကွင်းဆင်းစစ်‌ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး အောင်လွင်နှင့် ဝန်ထမ်းများက (၁၉-၉-၂၀၂၅)ရက်နေ့ နေ့လည် ၁၂နာရီအချိန်က ညောင်တုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန်ညွှန်းအမှတ်အသားများ၊ အလေးချိန်ပါဝင်မှု ပြည့်စုံခြင်း ရှိ/မရှိကို မြို့နယ် အထွေထေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့်ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပါဝင်မှုပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ရောင်းချသွားရန် ကုန်စုံဆိုင်ရောင်းချသူများအား အသိပညာပေးပြောကြားခဲ့ကြောင်း  သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆီရောင်းချနေမှုအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

   ၁၈-၉-၂၀၂၅ရက်နေ့(၁၄:၀၀)နာရီတွင် စားအုန်းဆီဖြန့်ဖြူးရေးကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ‌ ညောင်တုန်းမြိုနယ် လက္ကားနှင့်လက်လီရောင်းချနေမှုဆီစာအုပ်ဖြင့် ရောင်းချနေမှုသတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချမှုရှိ/မရှိအချိန်အတွယ်မှန်ကန်မှုရှိ/မရှိကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          စစ်ဆေးရာတွင် ညောင်တုန်းဆီလက်ကား၊ လက်လီဆိုင်များမှ ဆီရောင်းချပိဿာ၊ ရည်ညွှန်းဈေး၊ ရောင်းချသူ ကိုယ်စားလှဘ်အမည်နှင့် တစ်နေ့တာ ဆီရောင်းချမှု အခြေအနေများ သတ်မှတ်ချက်နှင့် ကိုက်ညီစွာ ရောင်းချမှု ရှိမရှိကို စစ်ဆေးခဲ့ပြီး ဝယ်ယူသူ ပြည်သူများ က ဆီထုတ်ယူခွင့် စားအုပ်ဖြင့် ဝယ်ယူနေမှုများကို စောင့်ကြည့်စစ်ဆေး ခဲ့ပြီး၊ ဆိုင်ရှင်များကို ပြည်သူများနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ဆီစာအုတ်များပျောက်ဆုံးခြင်း ဖြစ်ပေါ်ပါက ဆီဆိုင်ပိုင်ရှင်၏ ပျောက်ဆုံးစာအုတ်အဟောင်း ပယ်ဖျက်ကြောင်း ထောက်ခံစာပေးရန်နှင့် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့သို့ တင်ပြပြီး ဆီစာအုပ်ထပ်မံထုတ်ယူရရှိနိုင်ရေးကို ဆောင်ရွက်ပေးနိုင်ရန် ပူးပေါင်းဆောင် ရွက်ရန်ကိုလည်းကောင်း မှာကြားခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးနိုင်ရန် အပါတ်စဉ် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရျိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ဆီရောင်းချသူ လုပ်ငန်းရှင်များအား အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအကြောင်း သိရှိနိုင်ရန် အသိပညာပေးဟောပြောခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ တွင် (၁၈..၂၀၂) ရက်နေ့ နံနက် ()နာရီက ညောင်တုန်းမြို့ ဆီရောင်းချသူ လုပ်ငန်းရှင် ၁၅ဦးအား ဖိတ်ကြား၍ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ် အကြောင်းတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

   အဆိုပါတွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးဆီ ထုတ်လုပ် သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်၌ရောင်းချနေသည့် စားသုံးဆီဘူးများပေါ်၌ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀-၁၂-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကို လိုက်နာ ဆောင်ရွက် မည့်အပြင် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ မှထုတ်ပြန်ထားသည့် ဟင်းသီး ဟင်းရွက်ဆီများကို ရောနှောဆီ(Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေး အာမခံချက် နှင့်အမှတ် တံဆိပ် ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်အမှတ်(၂/၂၀၂၄) ကိုပါလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီအရေး ယူဆောင် ရွက်သွား မည် ဖြစ်ကြောင်း ၊ ၁၈-၉-၂၀၁၈ အမိန့် ကြော်ငြာစာ ၄၆/၂၀၁၈ ဆင့်ပွားဈေးကွက်ဖြန့်ချီရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ တားမြစ် ခြင်းအကြောင်း၊ ၁၆-၁၀-၂၀၂၈ အမ်န့်ကြော်ငြာစာ ၅၃/၂၀၁၈ စပါးဆန်/ ပဲမျိုးစုံ ကြိတ်ခွဲစက် ဖျက်သိမ်း အမိန့် အကြောင်း၊ ၃၀-၃-၂၀၂၀ အမိန့်ကြော်ငြာစာ ကုန်စည်များ အပေါ် တားမြစ်မိန့် ထုတ်ပြန်ခြင်း အကြောင်း ကို လည်းကောင်း၊ ၈-၄-၂၀၂၂ အမိန့်အမှတ် ဝါသီးနှံ နှင့် ဝါဂွမ်းအပေါ် တားမြစ်မိန့်အေကြာင်း၊ ၂၁-၇-၂၀၂၃ အမိန့် ကြော်ငြာစာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်အမိန့် စသည့်  အမိန့်နှင့်ညွှန်ကြားချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည် ။ ဆွေးနွေး ပွဲသို့ စားသုံးဆီရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ဆားမလောက် အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံ သည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေး အတွက် (၁၈..၂၀၂)ရက်နေ့၊ နေ့လည် (၁၃:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်တုန်းမြို့ ဆားမလောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား(၁၇၅)ဦး၊ ဆရာ၊ ဆရာမ(၆)ဦးတို့အား  စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က  စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်သောဌာနတစ်ခုဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းဖြင့် လူနေမှုဘဝ အကျိုး စီးပွားကို ကာကွယ်ဆောင်ရွက်ခြင်း၊ ၊ စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာမှုကို ကာကွယ်ပေးခြင်း၊ စားသုံးသူ အခွင့်အရေး အခြေခံ ၈ချက်ကို သိရှိနားလည်ထားကြရန်၊ သတ်မှတ် ထားသော ဥပဒေနည်း ဥပဒေ များဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းခြင်း၊ စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုအပေါ် တိုင်ကြားနိုင်သော ဌာနဖြစ်သည့် စားသုံးသူ ရေးဦးစီးဌာနတွင် တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များ အကြောင်း ကို အသေးစိတ်ရှင်းလင်းပြသကာ တိုင်ကြားလိုရသော နည်းလမ်းများဖြစ်သည့် www.doca.gov.mm compliant တွင် တိုင်ကြားနိုင်ခြင်း။ DOCA Myanmar Mobile Applaction ဖြင့် တိုင်ကြား နိုင်ခြင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်/တိုင်း/ပြည်တယ်များတွင် ဖွင့်လှစ်ထားသော CICCများသို့ လူကိုယ် တိုင်သော်လည်းကောင်း၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ခြင်း။ စားသုံးသူ ကာကွယ်ရေး အသင်းအဖွဲ့များမှတဆင့် တိုင်ကြားနိုင်ခြင်း၊ DOCA and CICC FaceBook Page Messanger မှတဆင့် တိုင်ကြားနိုင်ခြင်း၊ consumerwebsitedoca@gmail.com, ciccnpt@gmail.com မှတဆင့် တိုင်ကြားနိုင်ခြင်း တို့ကို ရှင်းလင်းပြီး Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေး မြန်းတိုင် ကြားလို့ရကြောင်းကို ရှင်းလင်းပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေး မြန်းကြ၍ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Myro မှတ်ပုံတင်ဆောင်ရွက်ပြီးသော ဆန်စက် သိုလှောင်ရုံ လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှိ ဆန်စက် နှင့် သိုလှောင်ရုံများ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင် ထားရှိပြီး မြို့နယ်တွင်း ဆန်စက်နှင့် သိုလှောင်ရုံးများတွင် စပါးသိုလှောင် ထားရှိမှု မြေပြင် အမှန်တကယ်အခြေအနေများ၊ စပါးဆန်ကြိတ်ခွဲမှု အခြေအနေများ ကို (၁..၂၀၂) ရက်နေ့ (၁၄၀၀)က ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့ကြသည်။

      ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြုမြို့နယ် ဆန်စက်နှင့် စပါးသိုလှောင်ရုံ (၈၈)လုံး သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ပြီး မြို့နယ်တွင် မှတ်ပုံတင်ပြီးဆန်စက်နှင့် စပါးသိုလှောင်ရုံများ မြေပြင်အမှန်တကယ် သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးကြည့်ရှုရာ မြေပြင်တွင် အမှတ်အကယ် သိုလှောင်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး၊ ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူသည် မှတ်ပုံတင်ခြင်း မရှိပါက ဦးစီးဌာန၏ စီအံခန့်ခွဲမှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ကို လုပ်ငန်းများသိရှိနိုင်ရန် ပြောကြားခဲ့ပြီး ဆန်စပါး ၊ သိုလှောင်ရုံ (၁၅)ခုကို ကွင်းဆင်းစစ်ဆေးရာ ကိုက်ညီချက် နှင့်အညီလုပ် ဆောင်ထားရှိကြောင်း၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကို လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပြီး ယခုကဲ့သို့ ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ