Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၇၉၁)၊ ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဝင်းဝင်းစက်ရုံသို့ (၂၂.၁၀.၂၀၂၅) ရက်နေ့ နေ့လည်(၂:၁၅)နာရီအချိန်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးခင်ဇော်အောင်၊ လက်ထောက်အုပ်ချုပ်ရေးမှူးမှ ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော ဝင်းဝင်းဖယောင်း တိုင်၊ အမွှေးတိုင်တို့ဖြစ်ပြီး ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈)တွင်ပြဌာန်းထားသောကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့်ကိုက်ညီ မှုရှိခြင်း၊ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထောက်ခံချက်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ ရှိရပြီး လုပ်ငန်း ရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များကိုလည်း ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

 DOCA (ရန်ကုန်)

         

စားတော်ကဲခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိစောင့်ကြည့်စစ်ဆေးခြင်း

         (၂၁.၁၀.၂၀၂၅) ရက်နေ့ နေ့လည် (၁:၃၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ်(၁၃၅/၁၃၆)၊ သံချပ် ဝန်ဦးညွန့်လမ်း၊ စက်မှုဇုန်(၁)လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားတော်ကဲခေါက်ဆွဲစက် ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ် ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားတော်ကဲခေါက်ဆွဲစက်ရုံမှ မန်နေဂျာ ဒေါ်မေဖြူကျော်၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးခင်ဇော်အောင်၊ လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း ပါဝင်လျက် စားတော်ကဲခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သော ကုန်စည်(၁၄)မျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၃)အရ၊ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တခုထက်ပို၍တွဲလျက်ဖြစ်စေ၊ အလေးချိန်ကိုလည်း မြန်မာဘာသာဖြင့် ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

                 ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဗားကရာဆိပ်ကမ်းနှင့် ချောင်းဝဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များ ဖြင့် ပူးပေါင်း၍ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကော့မှူးမြို့နယ်ရပ်ကွက်ကျေးရွာအုပ်စုများရှိဆန်စက်များ၏ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် ဆန်စပါးလက်ကျန်အခြေအနေကွင်းဆင်းစစ်ဆေး”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဆန်စက်များ၏ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် ဆန်စပါးလက်ကျန်အခြေအနေအား အောက်တို ဘာလ(၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စာရင်းကောက်ယူမြေပြင်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့၊သတင်းရဲတပ်ဖွဲ့၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖြင့် တောင်ပိုင်းရပ်ကွက်၊ ဖရုံချောင်းကျေးရွာ၊ ထမ္မနိုင်ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ၊ သခွပ်ပင်ကျေးရွာများမှ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်စက်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ထားမှုအခြေအနေ၊ MyRoသို လှောင်ရုံမှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်မှု အခြေအနေနှင့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေ၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းလက်ကျန်၊ စပါးအမျိုးအစားအလိုက် လက်ကျန်များအား စာရင်းကောက်ယူမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ”

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အနေဖြင့်ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍  စားသုံးသူ ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာများ သိရှိနားလည်လာ စေရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရေဖြူတွင်းကျေးရွာ၌  အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ ဟောပြောပွဲတွင် ကော့မှူးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို (၂၀၁၉)ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင် စုလွတ်တော်ဥပဒေအမှတ်(၉)အရ အတည်ပြုပြဌာန်းခဲ့ပြီး ဥပဒေတွင်ပါရှိသော စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့ကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းသုံးများ အကြောင်း စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ ဥပဒေတွင်ပါဝင်သော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်ထုတ်ပိုးမှုအပြင် အဆင်ပေါ်၌ စာသားဖြင့်ရေးသားဖော်ပြရာတွင် သတ်မှတ်ထားသော အချက်များအား မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ မဖြစ်မနေ ရေးသားဖော်ပြပါရှိရမည့် အချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သိန်းဦးဆိပ်ကမ်း နှင့် ဘုရင့်နောင်ဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းနှင့် ဘုရင့်နောင်ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များ ဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များဖြစ်သည့် ကုန်မျိုးစုံ၊ ကြက်သွန်နီအိတ်၊ ခေါက်ဆွဲ ခြောက်ဖာ၊ ကော်ဖီမစ်၊ လက်ဖက်ခြောက်၊ ဆပ်ပြာဖာ၊ အချိုရည်ဖာများအား  ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

            ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဗားကရာဆိပ်ကမ်းနှင့် ဘုရင့်နောင် ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းအား ကွင်းဆင်းစစ်ဆေးခဲ့

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်း အဖွဲ့များဖြင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ် ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 “ ခရမ်းမြို့နယ်အ.ထ.က (ကွမ်းမိုးဒိန်း)ကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကွမ်းမိုးဒိန်း)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုအသိပညာပေး ဟောပြောပွဲတွင် အ.ထ.က (ကွမ်းမိုးဒိန်း) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများ ဖတ်ရှု့လေ့လာခြင်း ရရှိလာ မည့် အသိပညာများ စာပေဗဟုသုတများ ဖတ်ရှု့လေ့လာခြင်းဖြင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားခြင်းနှင့် ဥပဒေ ပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအား ရှင်းလင်းခြင်းနှင့် Online မှ ဈေးဝယ်လျှင် စိစစ်သင့်သည့် အချက်များအကြောင်းအား အသိပညာပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများအား လေ့လာသိရှိလိုပါကဌာန၏ Website ဖြစ်သော www.doca.gov.mmသို့ ဝင်ရောက်ဖတ်ရှု့လေ့လာနိုင်ကြောင်းနှင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှု ဝယ်ယူသုံးစွဲ ရာတွင် နစ်နာမှုများရှိခဲ့လျှင် အလွယ်တကူဖုန်းဖြင့် တိုင်ကြားနိုင်သော စားသုံးသူရေးရာဦးစီးဌာန ၏ Call Center No. (1535)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

 

 

 “ သန်လျင်မြို့နယ်အတွင်းရှိ Online Sale ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ Online Sale လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းများမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင်  Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားသည့်  Neospark Digital Market နှင့် Shwe House Electronic (Online Sale) လုပ်ငန်း(၂)ခုအား မှတ်ပုံတင် ထုတ်ပေးနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်မှူး ဦးဦးသိန်းမောင် နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ၎င်းတည်ရှိရာ လိပ်စာအတိုင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ်သတ်၍ ကုန်သွယ်ရေးဦးစီးဌာနတွင် Online Sale မှတ်ပုံတင်လက်မှတ်ပြုလုပ်ရန် လျှောက်ထားလာခြင်းအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ လျှောက်လွှာပါ အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်များမှာ ကိုက်ညီ မှုရှိ/မရှိ စစ်ဆေးပြီး ကိုက်ညီမှုမရှိပါက Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်မဟုတ် ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရ မည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ