Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျွန်းလှမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်အသီးသီးရှိ စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးနှင့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ရောင်းချနေမှုအခြေအနေနှင့် စိုက်ပျိုးရေး ဦးစီးဌာန၏ သတ်မှတ်ခွင့်ပြုထားသော လိုင်စင်များဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိ/ မရှိ ပစ္စည်းသယ်ယူ ရောင်းချနေမှု အခြေအနေတို့ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များအတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များနှင့် ပျိုးဉယျာဉ်ခြံများအား ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဒေါ်မြင့်မြင့်ရီ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ တို့ ပူးပေါင်းပါဝင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချနေမှု အခြေအနေနှင့် စိုက်ပျိုးရေးဌာန၏ သတ်မှတ်ခွင့်ပြုထားသော ရောင်းချခွင့်လိုင်စင်များ ဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိကြောင်း၊ ပစ္စည်းသယ်ယူရောင်းချနေမှု အခြေအနေအဆင်ပြေလျက်ရှိကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် ရောင်းချခွင့်လိုင်စင်များ သက်တမ်းတိုးရန်မှာကြားပြီး ပျိုးဥယျာဉ်များတွင် ပျိုးပင်မျိုးကွဲများ၊ ပျိုးပင်ရောင်းချသည့် ဈေးနှုန်းအခြေအနေနှင့် ပျိုးပင်ဝယ်ယူရရှိမှု အခြေအနေတို့ကို အသေးစိတ်မေးမြန်းပြီး၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြဆောင်ရွက်ထားခြင်းရှိသော စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးကိုသာ ရောင်းချကြရန်တို့ကို အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲ ကျင်းပ

    ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာအခြေခံပညာအထက် တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ (၂၁.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ကျောင်းစာကြည်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုလူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲ ကျင်းပခဲ့ပါသည်။

          ပထမဦးစွာ အသိပညာပေးဟောပြောပွဲတွင် မှော်ဘီမြို့နယ်၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာအုပ်စာပေများဖတ်ရှု့ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး များ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း၊ မြို့နယ်စားသုံး သူ‌ရေးရာဦးစီး ဌာနမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်က စားသုံးသူ၏အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးရန် မသင့်သော အစားအစာများအကြောင်း ဆွေးနွေးပြောပြီး အခမ်းအနားကို(၁၁:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့ သည်(၁၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁:၀၀)နာရီအချိန်တွင် အမှတ်(၃၁/၂၁၂)၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် Electrical Lighting လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်များနှင့်  ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှေက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

Su Nan Dar လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

     (၁၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၆)၊ ဂျိုးဖြူလမ်း၊ အပိုင်း(၁၇)၊ ပေါက်ကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ Su Nan Dar လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Su Nan Dar ပိုင်ရှင် ဒေါ်စုနန္ဒကျော် နှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် Shwe Htate Htar Online Shop အမည်ဖြင့် အွန်လိုင်းရောင်းချ မှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၂၆)၊ အနော်ရထာလမ်း၊ အနန်းပင်တောင် ပိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာမွေမြို့နယ် ၊ မေတ္တာညွှန့်ဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်း ဆင်းစစ်ဆေးခြင်း

                (၁၆.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီ တို့နှင့်အတူတာမွေမြို့နယ်၊‌ မေတ္တာညွှန့်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေတ္တာညွှန့်ဈေးရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက် စစ်ဆေးခဲ့ရာ စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာစားဆီများ သိုလှောင်ထားခြင်းရှိ /မရှိတို့ကိုစစ်ဆေးခြင်း၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ် သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာ ချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၁၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ DND Skincare And Cosmetics အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်အမှတ်(308)၊ ဓမ္မာရုံလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန် မြို့နယ်ရှိ “DND Skincare And Cosmetics” အမည်ဖြင့် Online  စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍မြေပြင်ကွင်းဆင်းဆောင်ရွက် ရာတွင် လျှောက်လွှာ ပုံစံတွင်ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်း ကိုက်ညီမှုရှိ /မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Beauty Of Burma အွန်လိုင်းရှော့သို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (17.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:15)နာရီအချိန်တွင် အမှတ်(334)၊ ကျောက်ချဉ်ကန်(၂)လမ်း၊ ကမ်းနားအလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Beauty Of Burma အမည်ဖြင့် Online မှတ်ပုံတင် ထားရှိသည့် လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ရန်ကုန်)

ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးကော်မတီ၊စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေ များကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျှက်ရှိရာ (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မေတ္တာညွန့်ရက်ကွက်၊ မေတ္တာညွန့်ဈေးအပြင်တန်း၊တာမွေမြို့နယ်ဒေါ်မြင့်မြင့်ဆန်း”ဆန်ရောင်းဝယ်ရေးအား သွားရောက်၍ကွင်းဆင်းအသိပညာပေးမှုများဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အစားအသောက်သန့်ရှင်းရေးဆိုင်ရာသင်တန်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

  စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်(၀၉း၃၀)အချိန် စစ်ကိုင်းမြို့၊ ပါရမီရပ်ရှိ စိန်ကြည် ခေါက်ဆွဲစက်သို့လည်းကောင်း၊ နံနက်(၁၁း၀၀)အချိန် နန္ဒဝန်ရပ်ရှိ ရွှေကြိုးကြာပဲမှုန့်ကြိတ်စက် သို့လည်းကောင်း၊ (၁၄)ရက်နေ့ နေ့လည်(၁၃း၀၀)အချိန် နီလာစက်မှုဇုန်ရှိ ၇၄၇ခေါက်ဆွဲစက် သို့လည်းကောင်း၊ (၁၅)ရက်နေ့ နံနက်(၁၀း၀၀)အချိန် ပါရမီရပ်ရှိ ၇၄၇ခေါက်ဆွဲစက်သို့လည်းကောင်း စုစုပေါင်း(၆၈)ဦးအား အစားအသောက်သန့်ရှင်းရေးဆိုင်ရာသင်တန်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် အသင့်ထုတ်ပိုးထားသော အစားအသောက်များ၏ အစားအသောက် သန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ဦးဝင်းဦး(ဒုတိယဦးစီးမှူး)က လုပ်ငန်းကိစ္စများ ပူးပေါင်းပါဝင်ဆောင် ရွက်ရန်ပြောကြားခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ဇေယျ (ဒုတိယဦးစီးမှူး)က သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် အမှိုက်ပုံများထားရှိရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းလင်းချစ်(ခရိုင်မှူး)က စက်ရုံများကို တစ်နှစ် (၁)ကြိမ် စစ်ဆေးရန်ပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ