Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ စားအုန်းဆီရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း

    (၁၃.၁၀.၂၀၂၅)ရက်နေ့၊ (၀၈:၀၀)ချိန်မှ(၁၀:၃၀)ချိန်ထိ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့များဖြစ်သော မြို့နယ်စားသုံးသူရေးရာဦးစီးဌာ၊ မြန်မာနိုင်ငံမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေ/အုပ်ဦးစီးဌာန၊ ခရိုင်စစစ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနတို့မှ ညောင်တုန်းမြို့နယ်ရှိ မြို့မဈေးနှင့် ကျုံတမာကျေးရွာ အုပ်စု၊ တာကွေ့ဈေး အတွင်းစားဆီ အရောင်းဆိုင်များ၊ ကညင်ကောက်ကျေးရွာ၊ လက်ပံချောင်ကျေးရွာ၊ ပဲရုံဆိပ်ကျေးရွာ၊ ရိုးကြီးကျေးရွာ အုပ်စုရှိ စားဆီရောင်းချသော လက်ာလီအရောင်းဆိုင်များသို့  ရှောင်တခင်သွားရောက်၍ အမြတ်၂ % ထက်မပိုသောနှုန်းဖြင့်ရောင်းရန်နှင့် သတ်မှတ်စည်ကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ မရှိကို ရှောင်တခင်စစ်ဆေးခဲ့ပြီး နေ့စဉ်ရရှိသေ, ဆီပိဿာများကို စားသုံးသူများထံအကုန်ရောင်းချရန်၊ ဈေးကွက်အတွင်း တဆင့်ခံ ဝယ်ယူ၍ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန်၊ နေ့စဉ်ရောင်းချသည့်စာရင်းအား စနစ်တကျထိန်းသိမ်းထားရှိရန် ပြောကြား၍ လုပ်ငန်းရှင်များက သိရှိလိုက်နာဆောင်ရွက်မည့်အကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ပြီးစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

 DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လွင် သည် (၁၄.၁၀.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ပေါ်ရှိ (ရေသန့်စက်ရုံ) ၅ ရုံ သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြို့နယ်အတွင်း အမှတ်တံဆိပ်ပါ သောက်ရေသန့်သည် သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာ ဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များ ပါဝင်မှု ရှိ မရှိကိုစစ်ဆေးခြင်း၊ ကောင်းမွန်သော ထုတ်ပ်မှု ကျင်ေစဉ်နှင့်အညီ စက်ပစ္စည်း ရေသန့်ဗူးထုတ်ယူမှုနှင့် ရေသန့်ဗူးဆေးကျော သည့်နေရာများကို  ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကွင်းကလေး အ.မ.က ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ‌ညောင်တုန်းမြို့နယ်၊ ကွင်းကလေးကျေးရွာရှိ အ.မ.က ကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိ ပညာပေး ခြင်းများကို ၁၃-၁၀-၂၀၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခြေခံပညာ ကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA မှ ခွင့်ပြုချက်ရှိ/မရှိ စစ်ဆေးကာ ရက်လွန်မုန့်များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း မရှိသော မုန့်များရောင်းချမှု ရှိ မရှိနှင့် မုန့်များကို စနစ်တကျထား သိုရောင်းချခြင်းရှိ/မရှိတို့ကို ကျောင်းတာဝန်ခံဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ၊ လူငယ် လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် စားသုံးသူအခွင့် အရေးတို့ကို သိရှိနားလည်စေရန် ရည်ရွယ်၍  အသိပညာပေး ဟောပြောပွဲကို​ အောက်တိုဘာလ (၁)ရက်နေ့ နေ့လည် နာရီတွင် ညောင်တုန်းမြို့နယ် ၊ ကွင်းကလေး(အ.မ.က)ကျောင်းတွင်  ကျင်းပပြု လုပ်ခဲ့သည်။

   အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှတာဝန်ရှိသူ က  ဟောပြောရာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် ဆေးလိပ်သောက်ခြင်း ဆိုးကျိုးများ အသိပညာ ရရှိစေရန် ကျန်းမာရေးဦးစီးဌာနက က  ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ် ရေး အကြောင်းအရာများ ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်ဒုဦးစီးမှူးမှ  ကျောင်းစျေး တန်းများ နှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  စားသုံးရန်မသင့် သော အစားအစာ များနှင့် ရရှိလာမည့် ဆိုးကျိုးများ အကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသင့်စား အစားအစာ အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲများ အဓိက ထားဖတ်ရှုရမည်ဖြစ်ကြောင်း ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များဝယ်ယူရာတွင် ကြည်ရှုဆက်စေရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဆရာ/ ဆရာမ များနှင့်အတူ ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသည့် အစားအစာများ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ ၊ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူကာကွယ်ရေး ဥပ‌ဒေအကြောင်း အသိပညာပေးဟောပြောပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

  မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူရေး  ရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို (၁၃.၁၀.၂၀၂) ရက်နေ့က နံနက် ၁၁ နာရီအချိန်တွင် ဆွေးနွေးဟောပြောခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာ ကွယ်ရေးဥပဒေပါ အခန်း(၁)ပုဒ်မ ၂တွင်ပါရှိသော  အဓိပ္ပါယ်ဖော်ပြချက်များ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်းကို စိုက်ပျိုးသူတောင်သူများ သိရှိစေရန်ကို လည်းကောင်း၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင် ကြားနိုင်သည့် ၁၅၃၅ စင်တာ၏ လုပ်ငန်းစဉ်အကြောင်းတို့ကို  အကျယ်တဝင့်ဟောပြောဆွေးနွေးပြီး ပြည်တွင်ကုန်သွယ်မှုဖွံဖြိုးရေးလုပ်ငန်းနှင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်းကိုပါ ထည့်သွင်းဟောပြော ခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း  

          ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ကမာရွတ်မြို့နယ်ရှိ လှည်းတန်းဈေး၊  လှိုင်မြို့နယ်ရှိ လှိုင်ဈေးကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြဂန္ဓမာဈေးတို့ရှိ စားသုံးဆီအမျိုးမျိုးတို့တွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ 

ကို အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။

          သို့ရာတွင် ၎င်းဈေးတို့တွင်ရောင်းချနေသော  Fortune (နေကြာဆီ)၊ ဇမ္ဗူအေး (အဆင့်မြင့်မြေ ပဲဆီ)၊ ရန်ကုန်ပဲဆီသန့်၊ ရွှေအုံ(မြေပဲဆီ)၊ အမေထွား(မြေပဲဆီ)၊ Meizan (ဟင်းသီးဟင်းရွက်ဆီ) စသည်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီပါဝင်မှုရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

                   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  လသာမြို့နယ်၊ ရှမ်းလမ်းဈေးအတွင်းရှိ ဒေါ်မြမြအေး (ဆီဆိုင်) နှင့် ဦးစိန်ဝင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

            ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်းနှင့် သိန်းဦးဆိပ်ကမ်းအား အကောက် ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Yadanarbon Global Network Distribution ကုမ္ပဏီမှ (၁၅.၁၀.၂၀၂၅) ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 8J-3237 တွင် စားအုန်းဆီ ပေပါ (၃၈)နှင့် Global Good Pure Group ကုမ္ပဏီမှ (၁၇.၁၀.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 5S-9017 တွင် စားအုန်းဆီပေပါ (၇၂)တို့သည် (၂၀.၁၀.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး  မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်များရောက်ရှိလာ

  မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ရန်ကုန် နှင့် ဧရာဝတီတိုင်းတို့မှမှာယူလျက်ရှိပြီး(၁၅.၁၀.၂၀၂၅)ရက်နေ့တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဒေးဒရဲမြို့နယ်မှ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန်(၁၄၀)၊ အိတ်ရေ (၂၈၀၀) တို့ကို သယ်ယူ၍ (၂၁.၁၀.၂၀၂၅)တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။

          ထိုသို့ရောက်ရှိလာသောရေယာဥ်ကိုမြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ