Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီဖြန့်ဖြူးမှုအားကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၃၀.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၄:၃၀)အချိန်တွင် ဇလွန်မြို့နယ် ဆန်တန်းရပ်ကွက်ရှိ စားအုန်းဆီလက်လီကိုယ်စားလှယ်ဆိုင်၌ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား ဇလွန်မြို့ရှိ  ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများ ထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံစာအုပ်များထားရှိခြင်း၊သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့်ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီးသတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂ ခုနှစ်၊ ‌နိုဝင်ဘာလ ရက်နေ့၊  ၁၀း၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၄) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 Nissan မော်တော်ယာဥ်ဖြင့် ရောက်ရှိ လာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေဿကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၇၄) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

မြန်အောင်မြို့ပေါ်ရပ်ကွက်နှင့် မြို့မတဲကြီးကုန်းရှိအုပ်စုရှိ ပြည်သူများအားဆီရောင်းချပေးမှု မြေပြင်ကွင်းဆင်းစိစစ်ခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြိုနယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ သည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်နှင့် မြို့မတဲကြီးကုန်းအုပ်စုရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် လုပ်ငန်းရှင် ကိုယ်စားလှယ် များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်း ချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင်ရောင်းချပေးစေရေး၊ သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခြင်းနှင့် စားအုန်းဆီ ဖြန့်ဖြူး ရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့မ နေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန် ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချ ပေးနိုင်ရေး ဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများ မရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟုသတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ Talk Show ဆောင်ရွက်မှု

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)သည် ၂၃-၁၀-၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၌ “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချရာတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ Online မှတ်ပုံတင် ဆောင်ရွက်ခြင်းများ အကြောင်း” (Talk Show) ဆွေးနွေးပြောကြားခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေးအကြောင်း ဆွေးနွေးပြောကြားရာတွင် စားသုံးသူကာကွယ်ရေးအတွက် အဓိကကျသော စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပါယ်သတ်မှတ်ချက် စားသုံးသူနှင့် စီးပွား‌‌ရေး လုပ်ငန်းရှင်တို့အကြား ကော်မတီနှင့်ကော်မရှင် အဆင့်ဆင့်တို့မှ ချမှတ်ပေးသော မျှတမှုရှိသော လုပ်ငန်းစဥ်အကြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျှင် သိရှိလိုက် နာရမည့် ကုန်အညွှန်းအမှတ်အသားအတွက် ဦးစီးဌာနမှ ပြဌာန်းထားသည့် အခန်း(၁၈)၊ ပုဒ်မ (၄၁)၊ ဥပဒေများအကြောင်းနှင့် Online မှကုန်ပစ္စည်းများ ရောင်းချလျှင် Online မှတ်ပုံတင် ဆောင်ရွက်ရမည့် အကြောင်း  (Talk Show) ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

မြန်အောင်ခရိုင်စားသုံးသူရေးရာကော်မတီတတိယကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ တတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့ နံနက် (၁၀:၀၀)အချိန် တွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးတွင် ဦးစွာ မြန်အောင်ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှ အဖွင့်အမှာ စကား‌ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန မြန်အောင်ခရိုင် ဦးစီးမှူးဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယသုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍ အလိုက် ဆွေး နွေးခဲ့ကြပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှလည်း တင်ပြဆောင် ရွက်ခဲ့ သည့်  အမှာစာ(၅)ချက်အား အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ ဝင်များ ရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ ပြီး နံနက်(၁၁:၀၀) အချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ (၄/ ၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

        (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ နေပြည်တော်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းဦးဆောင်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု များအတည်ပြုခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစည်များ ဆွေးနွေးခြင်း၊ လမ်းညွှန်ခြင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့အတွက် နေပြည်တော်စားသုံးသူရေးရာ ကော်မတီ၏(၄/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့်  ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) သွားရောက်စစ်ဆေးခြင်း

      ၂၉-၁၀-၂၀၂၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြား‌‌ရေး မှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် ‌အမှတ် - ၂၇၇ က၊ ပိတောက်လမ်း၊ သပြေကုန်း၊ ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ U9(Ooredoo) ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) လုပ်ငန်းသို့ သွားရောက်၍ ဦးစားပေးစောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားထားမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)ကဏ္ဍကို အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံး အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုရှိ/ မရှိနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များသို့ ညွှန်ကြားထားသည့်အချက်များအား လိုက်နာမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူနစ်နာ မှုမရှိစေရေးအတွက် သိသင့်သိထိုက်သည်များအား အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါ သည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) သွားရောက်စစ်ဆေးခြင်း

      ၂၉-၁၀-၂၀၂၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြား‌‌ရေး မှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် ယောက်သွားအင်းရပ်ကွက်၊ ပျဉ်းမနား- တောင်ညိုလမ်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ATOM ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်း သို့ သွားရောက်၍ ဦးစားပေးစောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားထားမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)ကဏ္ဍကို အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံး အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုရှိ/ မရှိနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များသို့ ညွှန်ကြားထားသည့်အချက်များအား လိုက်နာမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူနစ်နာ မှုမရှိစေရေးအတွက် သိသင့်သိထိုက်သည်များအား အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါ သည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဟင်္သာတမြို့နယ် နိဗ္ဗ္ဗာန်တိုက်နယ်နှင့်ယုန်သလင်းတိုက်နယ်ရှိ ပြည်သူများအား အသိပညာပေး ဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၃၀.၁၀.၂၀၂၅)ရက်နေ့  နံနက် (၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ နိဗ္ဗ္ဗာန်တိုက်နယ်နှင့်ယုန်သလင်းတိုက်နယ်ရှိ အုပ်ချုပ်ရေး မှူးရုံး၌   ပြည်သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန် အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူ နိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့်စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သိရှိလို ပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ