Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့နယ်အတွင်း၌ ဆန် လက်လီလက်ကား ရောင်းချသည့် ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော ဆန် ဆိုင်များအား သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ ဈေးကွက်အတွင်း ဆန်ပြတ် လပ်မှု မရှိစေရန် ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက် ကျော်နှင့် ဒိုက်ဦး မြို့နယ်တာဝန်ခံ ဦးကျော် သက်မိုး တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ ဒိုက်ဦးမြို့နယ်တာဝန် ခံတို့သည် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော ဒိုက်ဦးမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒိုက်ဦးမြို့မဈေးတာဝန်ခံတို့နှင့်အတူ  လက်လီလက်ကား ရောင်းချသည့် ဆန်ဆိုင်များအား သတ်မှတ် ရည်ညွှန်းဈေး အတိုင်း ရောင်းချရန်၊ သတ်မှတ်ပမာဏ အတိုင်း အပြည့်အဝ ရောင်းချရန်၊ အလေးချိန် မှန်ကန်စွာ ရောင်းချရန်၊ အရောင်းအဝယ် လက်ခံသည့် ဘောင်ချာများ ထားရှိရန်၊ ကုန်စုံ ဆိုင်အမည် နှင့် ရောင်းချသည့် ဈေးနှုန်းကပ်ထားသည့် ဗီနိုင်း၊ ပိုစတာ တို့အား အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိ တို့အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့နယ်အတွင်း၌ စားသုံးဆီ လက်လီလက်ကား ရောင်းချသည့် ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော စား သုံးဆီ လက်လီလက်ကား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ ဈေးကွက်အတွင်း စားသုံးဆီ ပြတ်လပ်မှု မရှိစေရန် ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက် ကျော်နှင့် ဒိုက်ဦး မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ ဒိုက်ဦးမြို့နယ်တာ ဝန်ခံတို့သည် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော ဒိုက်ဦးမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဒိုက်ဦးမြို့မဈေးတာဝန်ခံတို့နှင့်အတူ စားသုံးဆီ လက်လီလက်ကား ရောင်းချသည့်ဆိုင်များအား သတ်မှတ် ရည်ညွှန်းဈေး အတိုင်း ရောင်းချရန်၊ သတ်မှတ်ပမာဏ အတိုင်း အပြည့်အဝ ရောင်းချရန်၊ အလေးချိန်မှန်ကန်စွာ ရောင်းချရန်၊ အရည်အသွေးညံ့သော အခြားဆီများ ရောနှောရောင်းချခြင်း မ ပြုရန်၊ အရောင်းအဝယ် လက်ခံသည့် ဘောင်ချာများ ထားရှိရန်၊ ကုန်စုံဆိုင်အမည် နှင့် ရောင်းချ သည့်ဈေးနှုန်းကပ်ထားသည့် ဗီနိုင်း၊ ပိုစတာ တို့အား အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိ တို့အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်း နှင့် စပ်လျဉ်း၍ Talk Show ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးရုံးအနေဖြင့် ကုန် ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက် ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ညောင်လေးပင်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းတွင် အွန်လိုင်းစနစ် ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ညောင်လေးပင်ခရိုင်ဦးစီးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက်ကျော် နှင့် မြို့ နယ်တာဝန်ခံ ဦးကျော်သက်မိုး တို့သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်း၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်း ဆိုင်ရာ” အကြောင်းအရာများကို  ဆွေးနွေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် စီးပွားရေးလုပ် ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းဥပဒေထဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို ထည့်သွင်း၍ အမိန့် ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ထားပြီးပြီဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင် ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို  အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်၌ နွေစပါးခင်းများကောင်းမွန်ဖြစ်ထွန်း

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် စီမံကိန်းလျာထားနွေစပါးဧက (၁၈၇၄၁)ကျော် စိုက်ပျိုးမည်ဖြစ်ပါသည်။ တောင်ငူမြို့နယ်ရှိ တောင်သူဦးကြီးများသည် ရိက္ခာဖူလုံစေ ရေးအတွက် မိုးစပါး၊ မတ်ပဲ၊ နွေစပါးများကိုအဓိကအားထားစိုက်ပျိုးကြသည်။ တောင်ငူမြို့နယ်ရှိ စိုက်ပျိုးမြေဧကများသည် သဘာဝပထဝီအနေအထားအရ ပသိဆည်ရေ၊ ကရင်ချောင်းဆည်ရေ၊ ကမ်းနီဆည်ရေ၊ ခပေါင်း ဆည်ရေ၊ စစ်တောင်းမြစ်ရေတင်များရှိခြင်းကြောင့် စိုက်ပျိုးရေးကိုများစွာ အထောက်အကူပြုနေပါသည်။

          စိုက်ပျိုးမှုအနေဖြင့် ပသိဆည်ရေသောက် ၁၅၁၁ ဧက၊ ကရင်ချောင်းဆည်ရေသောက် ၆၁၆ ဧက၊ ကမ်းနီဆည်ရေသောက် ၁၂၂၀ ဧက၊ ခပေါင်းဆည်ရေသောက် ၁၂၂၄၄ ဧက၊ စစ်တောင်း မြစ်ကြီးမှ ဆိုလာစနစ်ဖြင့် သဖန်းပင်မြစ်ရေတင်စီမံကိန်း ၂၀၀ ဧက၊ ပဲချက်ကုန်း (ဆိုလာ)ရေတင် စနစ်ဖြင့် ၁၅၀ ဧက၊ ရွာတန်းရှည်(လျှပ်စစ်)စစ်တောင်းမြစ်ရေစီမံကိန်းမှ ၆၀၀ ဧက၊ အင်းအိုင်များတွင် ၁၄၃၉ ဧက၊ စက်ရေ တွင်းရေဖြင့် ၆၃ ဧက၊ ချောင်းပိတ်/တာတမံပိတ် ၆၉၈ ဧက၊ စုစုပေါင်း ၁၈၇၄၁ ဧက နွေစပါးများ စိုက်ပျိုး မည်ဖြစ်ကြောင်း သက်ဆိုင်ရာဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ မိုခါမုန်တိုင်းကြောင့် စစ်တောင်း မြစ်ရေကြီးမှုဖြစ်ပေါ်ခဲ့သောကြောင့် ချောင်းများ၊ မြောင်းများပျက်စီး ခဲ့သော်လည်း ဆည်မြောင်းထိန်း သိမ်းရေးဌာနမှအချိန်မီပြုပြင်ပေးနိုင်သောကြောင့် နွေစပါးစိုက် ဧကများ ကျဆင်းသွားခြင်းမရှိဘဲ စိုက်ပျိုးထားသည့်နွေစပါးများကောင်းမွန်လျက်ရှိပါသည်။

          စပါးမျိုးအနေဖြင့် နှံကောက်၊ ဆင်းသုခ၊ ရက် ၉၀စပါးများကို အများဆုံးစိုက်ပျိုးကြပါသည်။ နွေစပါးသည် ဆည်ရေများကိုအားထားစိုက်ပျိုးကြသောကြောင့် နွေစပါးအတွက်ရေပေးနိုင်ရန် ဆည်ရေလုံလောက်စွာ ရှိကြောင်းလည်းသိရပါသည်။ နွေစပါးစိုက်တောင်သူဦးကြီးများအတွက် သွင်းအားစုများ ဝယ်ယူနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ဧကအလိုက်ချေးငွေများ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးသောကြောင့် တောင်သူဦးကြီးများအတွက် စိုက်ပျိုးစရိတ် သွင်းအားစုဝယ်ယူရန်များစွာ အထောက်အကူပြုကြောင်းလည်းသိရပါသည်။

          တောင်ငူမြို့နယ်တွင် နွေစပါးများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးထားကြသည့် အတွက် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ရိတ်သိမ်းမှုစတင်မည်ဖြစ်သည်။ စိုက်ပျိုးပြီးသည့်နွေစပါးများလည်း ဖြစ်ထွန်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စား လှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၈၄)ပေပါမှ (၅၄)ပေပါအား ယာဉ်အမှတ် 6D/6695 ရွှေပြည်တိုး ကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၂၆.၁.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ညောင်ဦးမြို့တွင် အသိပညာပေးtalk show ဆောင်ရွက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဌာနမှ ပြဌာန်းထုတ်ပြန်ထားသော ဥပဒေများ၊ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အများပြည်သူသိရှိနားလည်၍ လိုက်နာစေရန်၊ မိမိတို့ရရှိမည့်အခွင့် အရေးများတောင်းဆိုတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများအား အရေးဆိုနိုင်စေရန်နှင့် ဆောင်ရန်/ရှောင် ရန်များအား နည်းလမ်းများစွာဖြင့် စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိရာ (၂၀.၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ Community Center ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းရှင် များနှင့်စားသုံးသူပြည်သူများ သိရှိလိုက်နာစေရေး အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူဆိုသည်မှာ-ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ် ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွှေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုပါ ကြောင်းနှင့် အွန်လိုင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ စားသုံးသူ အခွင့်အရေးများ နှင့် တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်းဖြင့် အားသာချက်၊ အားနည်းချက်များ၊ လိမ်လည် မှုပုံစံများ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ ၊ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ ဝန်ဆောင်မှု များကို ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များ အား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၂၅.၂.၂၀၂၅)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးမှ ခေါယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှုကိစ္စနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီသယ်ယူမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဆီကိုယ်စားလှယ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လိုအပ်သည်များကိုပြောကြား၍ အဆင်ပြေစွာညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ဆီပေပါ(အဝါ)များကိုသာ အသုံးပြုကြရန် ဆီပေပါများအားသန့်ရှင်းရေးပြုလုပ်ပေးရန်နှင့် ဆေးသုတ်ရန်လိုအပ်သည်များကို ဆွေးနွေးပြီး ဆီကိုယ်စားလှယ်များမှ သိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲ (၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် တောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင်တောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်သူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၅.၂.၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀)အချိန်တွင် အိမ်မဲမြိုနယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း၊ ဈေးနှုန်း ဗီနိုင်းချိတ်ဆွဲထားခြင်းများ ရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ မြို့မဈေးတွင်းရှိ လက်လီ/ လက္ကားရောင်းချနေသောစားအုန်းဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း ရှိ/မရှိ စားသုံးပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကိုဗီနိုင်းဖြင့်ချိတ်ဆွဲထားခြင်း ရှိ/မရှိ စစ်ဆေးပြီး ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများမရှိစေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်း  စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင် များအားစားအုန်းဆီလက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကိုမိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအားသက်သာသော ဈေးနှုန်းများဖြင့်ရောင်းချ ပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများစစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့  နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

            ထိုသို့ဟောပြော ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှေ့ဆက်လုပ်ဆောင် ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်(၈)ချက်အား ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်  အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင် ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ