Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သိန်းဦးဆိပ်ကမ်း နှင့် Htoo (KIP) ဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

        ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၀.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းနှင့် ထူး(KIP) ဆိပ်ကမ်းအား အကောက် ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များဖြစ်သည့် ကြက်စာ၊ ကုန်မျိုးစုံ၊ ကြက်သွန်နီအိတ်၊ ခေါက်ဆွဲခြောက်ဖာ၊ ဆန်အိတ်၊ ကော်ဖီမစ်၊ လက်ဖက်ခြောက်၊ ဆပ်ပြာဖာ၊ အချိုရည်ဖာများအား  ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းအား ကွင်းဆင်းစစ်ဆေးခဲ့

         ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၉.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်း အဖွဲ့များဖြင့်ပူးပေါင်း၍ ရေယာဉ်များ တွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

 

တိုက်ကြီးမြို့နယ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုနှင့်အတူ စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ (၁၈.၉.၂၀၂၅) ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်သို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ဈေးနှုန်း/ ဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဝယ်ယူဈေးထက်သယ်ယူပို့ဆောင်ခပါ ပေါင်း၍ သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပါကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိပါကြောင်း၊ ပစ္စည်းများကို ဝယ်ယူသူအားလုံးကို ရောင်းချပေးနေပါကြောင်းနှင့် အခြားအိမ်ဆောက်ပစ္စည်းများလည်းပြတ်လပ်မှု မရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း

           စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၁၉.၉.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်မှစ၍ အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ် ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ ကျင်းပခဲ့ ပါသည်။

          စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်စိုးက ပြောင်းလဲတိုးတက်လာသည့် နည်းပညာများနှင့် Social Media များ စနစ်တကျ သုံးစွဲခြင်း အကျိုးကျေးဇူးများ၊ လူငယ်များအနေဖြင့် မိမိတို့ရည်မှန်းထားသည့် ပန်းတိုင်အား ဇွဲ၊ လုံ့လ၊  ဝီရိယဖြင့် ကြိုးစားသွားကြရန်နှင့် လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာများ ကို အသိပညာပေးဟောပြောပြီး ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာကျောင်းသား/ ကျောင်းသူ (၅)ဦးမှ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်မျိုးချစ် စိတ်ဓါတ်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီအချိန် တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သီးနှံများ၏ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲ

       (၁၉.၉.၂၀၂၅) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သီးနှံများ၏ ပန်းတိုင် အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

     အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥက္ကံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ပြီး ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဌ ဦးသူအောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ဦးခင်မောင်စိုးမှ သီးနှံများ၏ ပန်းတိုင်အထွက် နှုန်းရရှိစေ ရေးအတွက် သွင်းအားစုများဖြန့်ဖြူးထားမှုအခြေအနေအား တောင်သူများသို့ ဆွေးနွေး ပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအုန်းကျော်နှင့် ဒေါ်သင်းသင်းစိုး တို့မှ သီးနှံများ ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး နည်းလမ်းများ ရှင်းလင်းတင်ပြခြင်း တက်ရောက်လာသော သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းများရရှိရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ ရသော အခက်အခဲများ တင်ပြခြင်းနှင့်တက်ရောက်လာသော သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် စားသုံးဆီကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍(၂၀.၉.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၁၅;၃၀) နာရီက အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်းမပြုကြရန်၊  စားအုန်းဆီဖြန့်ဖြုးမှုနှင့် ပတ်သက်ပြီး၊ မှတ်တမ်း(၆)မျိုး ဖြစ်သော မှန်(၆)မှန်အား ရှင်းလင်းအသိပေးခြင်း၊ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ထုတ်ပေးရာတွင် အကြိမ်ရေမှန်ကန်အောင်ရောင်းချပေးနိုင်ရေး၊ အရည်အသွေး အလေးချိန် မှန်ကန်အောင်ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြရန်၊ ရောင်းချမှုအားမှတ်တမ်း ထားရှိဆောင်ရွက်ကြရန်၊ စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောလုပ်ငန်းရှင်များသို့  အသေးစိတ် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ တလိုင်းစုကျေးရွာရှိ မြင့်မိုရ်ဆန်စက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးဦးစံကြည်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံနှင့် MITS မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍      ဝါးခယ်မမြို့၊ တလိုင်းစုကျေးရွာရှိ မြင့်မိုရ် ဆန်စက်သို့ (၂၀.. ၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြခရိုင်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင် ဒေါ်ခင်ရတနာဝင်း အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်း ဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး  ဆောင်ရွက်ထားကြရန် အသိပေးဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီ လက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦး တို့သည် (၁၉.၉.၂၀၂၅) ရက်နေ့ မွန်းလွှဲ(၁၄;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးတွင် စားသုံးဆီ လက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်းမပြုကြရန်၊  စားအုန်းဆီဖြန့်ဖြုးမှုနှင့် ပတ်သက်ပြီး၊ မှတ်တမ်း(၆)မျိုး ဖြစ်သော မှန်(၆)မှန်အား ရှင်းလင်းအသိပေးခြင်း၊ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ထုတ်ပေးရာတွင် အကြိမ်ရေမှန်ကန်အောင်ရောင်းချပေးနိုင်ရေး၊ အရည်အသွေး အလေးချိန် မှန်ကန်အောင်ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြရန်၊ ရောင်းချမှုအားမှတ်တမ်း ထားရှိဆောင်ရွက်ကြရန်၊ စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောလုပ်ငန်းရှင်များသို့  အသေးစိတ် ရှင်းလင်းဆွေးနွေးမှာ ကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၂၆)ဦး တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA( ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိ အားကစားခန်းမတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်တာဝန်ခံတို့သည်၊ (၁၄.၉.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၁၃;၀၀) နာရီက ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိ အားကစားခန်းမတွင် စားသုံးဆီလက်လီ၊ လက္ကား လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေး ဆောင်ရွက် ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော မြို့ပေါ်နှင့် ရွှေလောင်း၊ ကျုံမငေးမြို့နယ်ရှိ စားသုံးဆီ လက်လီ၊ လက္ကားဖြန့်ဖြူးသောလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ ဆုံ၍ စားသုံးဆီအား ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်းမပြုကြရန်၊  စားအုန်းဆီဖြန့်ဖြုးမှုနှင့် ပတ်သက်ပြီး၊ မှတ်တမ်း (၆)မျိုးဖြစ်သော မှန်(၆)မှန်အား ရှင်းလင်းအသိပေးခြင်း၊ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ထုတ်ပေးရာတွင် အကြိမ်ရေမှန်ကန်အောင်ရောင်းချပေးနိုင်ရေး၊ အရည်အသွေး အလေးချိန် မှန်ကန်အောင် ရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြရန်၊ ရောင်းချမှုအားမှတ်တမ်း ထားရှိဆောင်ရွက် ကြရန်၊ စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောလုပ်ငန်းရှင်များသို့  အသေးစိတ်ရှင်းလင်းဆွေးနွေး မှာကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံများ လျာထားမှုဧကပြည့်မီ‌ကျော်လွန်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင်စိုက်ပျိုးမည့် ဆီထွက်သီးနှံများ လျာထားမှုဧကပြည့်မီ‌ ကျော်လွန်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကို ၁၈-၉-၂၀၂၅ ရက်နေ့ နံကန် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်က  ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အကြောင်းအရာများနှင့်ပတ်သက်၍ ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် လျာထားစိုက်ဧက ပြည့်မီ‌ကျော်လွန်၍ အထွက်နှုန်းတိုးစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးကြကာ၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနက ပြည်တွင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအကြောင်း ဆွေးနွေးခဲ့ပါသည်။

    ထို့နောက် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များက ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅) အုပ်စုရှိ ဆီထွက်သီးနှံ မြေပဲ(၉၆၅)ဧက၊နှမ်း(၁၀)ဧက၊ နေကြာ( ၆၈၉၇)၊ ဆီပဲပုတ် (၆၀၀) ဧကအား လျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ