Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်ခရိုင် စက်မှုဇုန် လုပ်ငန်းများသို့ စားသုံးသူရေးရာဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသည် တာဝန်ရှိသူများနှင့်အတူ  ၃၀-၁၀-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက မအူပင်မြို့စက်မှုဇုန်ရှိ စက်ရုံများမှ စွန့်ပစ်ပစ္စည်းထွက်ရှိမှုနှင့် ပတ်ဝန်းကျင်အပေါ်ထိရောက်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

       ကွင်းဆင်း စစ်ဆေးရာတွင် စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ အရည် အသွေးပြည့်မီစေရေး အတွက် အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ ထူထောင်ထားရှိရန်နှင့် ဈေးကွက်သုတေတနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားကာ  ဝန်ထမ်း များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ အဆိုပါစက်မှုဇုန်ရှိ  New Talent Co.ltd အထည်ချုပ်စက်ရုံစက်ရုံ၊ Wilkes Myanmar Co.ltd  မှိုယာ၊ ခေါင်းအုံးစွပ် စက်ရုံ၊ ShengZe Glopes  Co.ltd လက်အိတ်စက်ရုံ၊  တို့၏  လုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှု အခြေအနေများ၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှု အခြေအနေများ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး စက်ရုံများရှိ တာဝန်ရှိသူများအား စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်‌ ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် သိုလှောင်ရုံမှတ်ပုံတင်ပြီးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည်၊ မအူပင်ခရိုင်ရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်များရှိ စပါးတင်း(၂၅၀၀)အထက်နှင့်၊ ဆန်အိတ်(၅၀၀)အထက်၊ သိုလှောင်သော ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ My Ro တွင်မှတ်ပုံတင်ထားရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ၃၀-၁၀-၂၀၂၅ ရက်နေ့ နောက်ဆုံးစာရင်းများအရမြို့နယ်ကွင်းဆင်းဆောင်ရွက်မှုအရလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။

            ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်လွင်သည်၊ ညောင်တုန်းမြို့နယ် သိုလှောင်ရုံ၊ ကုမ္ပဏီ၊ ဆန်စက်၊ လုပ်ငန်းရှင်များ MyRoတွင် မှတ်ပုံတင်ထားရှိမှုစာရင်း (၇၆)လုံးရှိပြီး မှတ်ပုံတင်ကျပြီး (၇၅)လုံးရှိကြောင်း ကုမ္ပဏီအနေဖြင့် ၅ရှိပြီး၊ ကုမ္ပဏီမှ မှတ်ပုံတင်ထားရှိမှု ၁၂ လုံးကိုလည်းကောင်း၊  ဆန်စက်ပိုင်ရှင် ၄၀ဦး ဆန်စက်မှ မှတ်ပုံတင် သိုလှောင်ရုံ ၅၂လုံးတွင် အလတ် ၃၆၊ အသေး၊ ၁၆လုံးကိုလည်းကောင်း၊  သီးခြားသိုလှောင်ရုံ ၁၂ဦးရှိပြီး မှတ်ပုံတင်ပြီး သိုရုံ၁၂လုံးတွင်  အကြီး ၁လုံး၊ အလတ် ၇လုံး၊ အသေး ၄လုံး၊ စုစုပေါင်း (၇၆)လုံးရှိကြောင်းနှင့် ၎င်း လုပ်ငန်းရှင်များမှ လစဉ်လဆန်းရက်များတွင် စပါး/ဆန်လက်ကျန်စာရင်းများကို Update စာရင်းဖြည့်သွင်းကြီး ကြပ်နိုင်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြေပြင်ကွင်ဆင်းဆောင်ရွက်ခြင်များလည်း စစ်ဆေးဆောင်ရွက်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ကျေးရွာများတွင် ရောင်းချဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

  ကျုံပျော်မြိုု့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဝန်ထမ်းများနှင့်အတူ ၂၅.၁၀.၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်တွင် သောင်းကြီးကျေးရွာရှိ မိသားစုများသို့  စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ် ရောင်းချပေးလျက်ရှိသော ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးသော ရောင်းဈေးအတိုင်း ရောင်းချပေးရန်၊ ရက်ချိန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ရောင်းချပေးရန်၊ ရောင်းချပေးသည့်အတိုင်း ဆီဝယ်ယူခွင့် စာအုပ်တွင် စနစ်တကျ ရေးသွင်းထားရှိရန်များမှာကြာပြီး ကျေးရွာအတွင်းပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ကျေးရွာများတွင် ရောင်းချဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဝန်ထမ်းများနှင့်အတူ ၂၅.၁၀.၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်တွင် တိုက်ရွာအုပ်စုရှိ မိသားစုများသို့  စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ် ရောင်းချပေးလျက်ရှိသော ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးသော ရောင်းဈေးအတိုင်း ရောင်းချပေးရန်၊ ရက်ချိန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ရောင်းချပေးရန်၊ ရောင်းချပေးသည့်အတိုင်း ဆီဝယ်ယူခွင့် စာအုပ်တွင် စနစ်တကျ ရေးသွင်းထားရှိရန်များမှာကြာပြီး ကျေးရွာအတွင်းပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ သင်္ဂဟဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ နေ့လယ် (:၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ သင်္ဂဟဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ သင်္ဂဟဆန်စက် လုပ်ငန်းရှင် ဦးထွန်းဝင်းနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချ ကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

MEIZAN ဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅) ရက်နေ့ ၊ နံနက် (၁:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်ရှိ MEIZAN ဆီရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

      ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချ ရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

BRAVO ငရုတ်ဆီအချိုဆီဘူးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၄) ရက်နေ့ ၊ နံနက် (၁:၃၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်အတွင်းရှိ BRAVO ငရုတ်ဆီအချိုဘူးများရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

CODE အချိုချဉ် ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာဘာလ(၂၅) ရက်နေ့ ၊ နံနက် (၁:၃၀) နာရီအချိန်တွင် အမှတ်(4)ရပ်ကွက်အတွင်းရှိ CODE အချိုချဉ် ဘူးများ ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကိုမရောင်းချ ရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(5)ရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

    သို့ဖြစ်ပါ၍ ရွှေဇင်ယော်ဆန်စက် လုပ်ငန်းရှင် ဒေါ်အမ်းကူနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချ ကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးဆောင်၍ တိုင်း အဆင့်ဆန်စပါးကြီးကြပ်ရေးအဖွဲနှင့် ခရိုင်အဆင့် အဖွဲ့များ လုပ်ငန်းညှိနိူင်းအစည်းအဝေး ပြုလုပ်

            ၂၉.၁၀.၂၀၂၅နေ့ နံနက်(၁၀)နာရီမှ (၁၃)နာရီအချိန်အထိ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးဆောင်၍ တိုင်းအဆင့် ဆန်စပါးကြီးကြပ်ရေးအဖွဲနှင့် ခရိုင်/မြိုနယ်အဆင့် ဆန်စပါးကြီးကြပ်ရေး အဖွဲများ လုပ်ငန်းညှိနိူင်းအစည်းအဝေး ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးတွင် zoomဖြင့်တက်ရောက်ခဲ့ပါသည်။

            အစည်းအဝေးတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ ပြည်ပတင်ပို့သည့် ဧည့်မဝ၊ ငစိန် အုပ်စုဝင်စပါးဈေးနှုန်း ကျဆင်းသဖြင့် စပါးဈေးကျဆင်းမှုများကို စိုက်ပျိုးရေးဆိုင်များအချို့က အနည်းဆုံးဈေးဖြင့် ဝယ်ယူနေကြောင်း အင်တာနက်စာမျက်နှာများတွင် ဖော်ပြနေကြောင်းတွေ့ရှိ ရသဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် မြို့နယ်ဆန်စက်အသင်းတို့မှ အချက်အလက်ပြည့်စုံစွာဖြင့် သတင်းပေးခြင်းဖြင့် ထိုက်သင်းသော ဈေးနှုန်းဖြင့် ဝယ်ယူမှုတို့ကို ပူးပေါင်းဆောင်ရွက်ရန် မှာကြားခြင်း၊ စပါး ဆန်ဈေးကွက်တွင် အဓိကလုပ်ဆောင်ရသော အချက်များဖြစ်သည့်ဝယ်၊ သယ်၊ သို၊ ကြိတ်၊ တင်ပို့ရောင်းချသည့် လုပ်ငန်းစဉ်များကို မှန်ကန်မြန်ဆန်စွာ လုပ်ဆောင်နိုင်ရေး စိုက်ပျိုးမှု၊ ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှု၊ ကိန်းကဏန်းအချက်အလက်များစုဆောင်း မှန်ကန်နိုင်ရန်လိုအပ်ကြောင်း၊ စပါး/ဆန် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ကြောင်း၊ စပါးတင်း(၂၅၀၀)အထက်နှင့်၊ ဆန်အိတ်(၅၀၀)အထက်၊  သိုလှောင်သော ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ My Ro တွင်မှတ်ပုံတင်ထားရှိစေရေးနှင့် စပါးဆန်လက်ကျန် Update စာရင်းဖြည့်သွင်းကြီးကြပ်နိုင်ရေး၊ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ဒေသထွက် စပါး/ဆန်များ ဈေးကွက်ဈေးနှုန်းမှန်ကန်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အသင်းအဖွဲ့များ ရှင်သန်လုပ်ကိုင်ဆောင်ရွက်မှ ဒေသတွင်းဖွံ့ဖြိုးမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများကို ရှင်းလင်းပြီး၊ တက်ရောက်သော သက်ဆိုင်ရာ ဌာနဆိုင်ရာ အရာရှိများက  တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ