Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့တွင် ပင်စင်အငြိမ်စား သက်ကြီးရွယ်အိုများကို ဆန်၊ ဆီ၊ ကြက်ဥ ရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ဦးဆောင်၍ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ ကျန်းမာရေးဦးစီးဌာန၊ ပင်စင်ဦးစီးဌာန တို့ ပါဝင်ကြီးပြီး (၈.၁၀.၂၀၂၄) ရက်နေ့တွင် နံနက်(၀၈:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် မအူပင်မြို့ရှိ ပင်စင်စားသက်ကြီးရွယ်အို မိဘဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခြေခံစား သောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။

     ရောင်းချမှုတွင် မအူပင်မြို့နယ် သက်ကြီးပင်စင်အငြိမ်းစား များကို ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပြီး၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန် သည်များအသင်းတို့မှ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်အတူ ပူးပေါင်းကာ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရန် ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး  အခြေခံစားသောက် ကုန်ဖြစ်သော ဆန်တစ်ပြည် (၃၀၀၀)ကျပ်၊ ဆီ ၅၀သား ၁ဦးလျှင် တစ်ဗူးနှုန်း (၃၅၀၀)ကျပ်၊ ကြက်ဥ ၅လုံး (၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးရှိဆေးဆိုင်များတွင်ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဝယ်ယူ သုံးစွဲသောကုန်စည်နှင့်ပတ်သတ်၍ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာရရှိ နိုင်စေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာမြန်မာ ဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ကုန်စည် အမျိုးအစားအလိုက် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးလျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဆေးမျိုးစုံရောင်းချသော ဆိုင်များ တွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကို စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံနှင့် ပူးပေါင်း၍ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း ဆေးအမျိုး မျိုးရောင်းချသော ဇူလိုင်ဆေးဆိုင်၊ ဦးမြဝိုင်+ဒေါ်တင်ရွှေဆေးဆိုင်၊ ရောင်နီဆေးဆိုင်များတွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့် ကုန်စည် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့်ကြိုတင်သတိပေးချက်များ ပြည်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် FDA ထောက်ခံချက်များရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး မြို့နယ်တာဝန်ခံက ဆိုင်ရှင်များ အား ကလေးအာဟာရဖြည့်စွက်စာများ ရောင်းချရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသောတုပထုတ်လုပ် ဖြန့်ဖြူးရောင်းချ နေသည့် အစားအသောက်နှင့်ပတ်သတ်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်များပါ ကုန်စည်အစစ်နှင့်အတုအား ခွဲခြားပြီး မိမိဆိုင်တွင် ကုန်စည်အတုများအား ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်း ချသော ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုမရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့ဖြင့်  အောက်တိုဘာလ(၈)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းဆိုင်များအား စစ်ဆေးခဲ့ရာတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိဘဲ ကုမ္ပဏီများမှပစ္စည်းများ ပုံမှန်ဝင် ရောက်လျှက်ရှိပြီး သွပ်ပြားနှင့်သံချောင်းဈေးနှုန်းများမှာလည်း ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ဈေး တည်ငြိမ်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ယခုအချိန်သည် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ် ၍ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများရှိလာမည်ဖြစ်ခြင်းကြောင့် အိမ်ဆောက်ပစ္စည်း များအား ကုန်ပစ္စည်းများသိုလှောင်သိမ်းဆည်း၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြ ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

  ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၀.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဗားကရာဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်းနှင့် သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်း ရဲတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  မရမ်းကုန်းမြို့နယ် အတွင်းရှိ ဦးကျော်မင်း (ဆီဆိုင်) နှင့် ဒေါ်ရီရီထွေး (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများ အား ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား ၉.၁၀.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှု များအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေး၊ ဈေးတန်း များရှိ ကုန်မျိုးစုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ဓနုဖြူမြို့နယ် မြို့မဈေး၊ ရပ်ကွက်ဈေးများတွင် ရောင်းချနေသော ကုန်မျိုးစုံအား မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာအဖွဲ့၊ တိမွေးကု၊ ငါးမွေးမြူရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ (၊၁၊၂၀၂)ရက်နေ့၊ နံနက်()နာရီ အချိန်တွင် ဈေးကွက်အတွင်းကုန်စည်မျိုးစုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   အဆိုပါစစ်ဆေးမှူတွင် စည်ပင်သာယာရေးအဖွဲ့မှ အသားအမျိုးမျိုးရောင်းချသူများအား သတ်မှတ်လိုင်စင်များကို စစ်ဆေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဟင်းသီး၊ ဟင်းရွက်ရောင်းချသူများအား တာရှည်ခံ ဓါတုဆေးဝါးများမသုံးစွဲပဲ သဘာဝအတိုင်း ရောင်းချရန်အသိပညာပေးပြီး စစ်ဆေးခြင်းကိုလည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ အေးခဲသားများ ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး(အကြီးတန်းစာရေးမှ) ဈေးအတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်း မရှိသော ကုန်စည်များရောင်းချခြင်း ရှိ/မရှိကိုစစ်ဆေးပြီး ရောင်းချသူ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  စားသုံးသူအဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပါယ်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှု ရှိလာပါက ဖြစ်ပေါလာသည့် ဖြစ်စဉ်များကို ဖြေရှင်းဆောင်ရွက်ရသည့် ကိစ္စရပ်များကို ရှင်းလင်းပြီး၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကိုလည်းကောင်း လေးစားလိုက်နာပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များကို ရှင်းလင်းပြီး၊ ကုန်စည်အမျိုးမျိုးကို စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားဖော်ပြပါဝင်သော ကုန်စည်များကိုသာ ဓနုဖြူမြို့မဈေး၊ ရပ်ကွက်ဈေးများတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်သို့ကွင်းဆင်းခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်၊ ရေလဲလမ်းရှိ ဝင်းဝင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက်ကွင်း ဆင်းလေ့လာ စီစစ်ခြင်းကို (၄.၁၀.၂၀၂၅) ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝင်းဝင်းဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့် ထွက်ရှိလာသောဆန်များကို ရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး လုပ်ငန်းရှင်တို့၏ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ရွှေဝါနဒီဆန်စက်သို့ ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ ရွှေဝါနဒီဆန်စက်အား (.၁.၂၀၂)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြု လုပ်ခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က  ဆန်စက်ပိုင်ရှင် ဦးလူမော်မြင့်မောင်နှင့်တွေ့ဆုံ၍ ရွှေဝါနဒီဆန်ကြိတ်ခွဲသန့်စင်စက်လုပ်ငန်းအ ကြောင်းကို မေးမြန်းခဲ့ပြီး လုပ်ငန်းရှင်မှ ဆန်စက်အကျယ်အဝန်း (၁၆.၂၆)ဧက ရှိပြီး၂၀၁၉ခုနှစ်မှ စတင်းခဲ့ကြောင်း၊ ဝန်ထမ်းအင်အား (၁၁၇)ဦးရှိပြီး( လုပ်သားအင်အား(၀၀)ခန့်ရှိကြောင်း၊ စပါးသန့်စင်စက်၊ အခြောက်ခံစက်၊ စပါးသိုလှောင်ရုံ၊ ဆန်သိုလှောင်ရုံများရှိပြီး ဆန်စပါး ခွန်ချွတ်စက်၊ ဆန်အချောထုတ်စက်၊ ဆန်ကွဲသန့်စင်စက်များ၊ ကုန်ကြမ်း၊ ကုန်ချောသို လှောင်ရုံများနှင့် စနစ်တကျလည်ပတ်နေပြီး၊ ကောင်မွန်သော ဆန်အရည်အသွေးဖြင့် ဖြန့်ချီနိုင် ရေးကို ဦးစားပေးဆောင်ရွက်လျှက်ရှိပြီး၊ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို ပူးပေါင်းဆောင် ရွက်လုပ်ကိုင်လျက်ရှိကြောင်းကိုရှင်လင်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (.၁.၂၀၂) ရက်နေ့ (၁၀:၀၀)အချိန်က ပန်းတနော်မြို့ပေါ်ရှိ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံနှင့် မအူပင်ခရိုင်ဦးစီးမှူးတို့က ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ပန်းတနော် ဆန်စပါးဈေးကွက်နှင့် ဒေသတွင်းစပါးစိုက်ပျိုးထွက်ရှိမှုအပေါ် ဝယ်ယူကြိတ်ခွဲမှု တင်ပို့ရောင်းချမှု အခြေအနေများကိုမေးမြန်းခဲ့ပြီး ဆန်စက်အတွင်း စပါးကြိတ်ခွဲလည်ပတ်မှုနှင့် ဆန်သိုလှောင်ထားရှိမှ အခြေအနေများ၊ ကောင်းမွန်သော ထုတ်ကုန်ဖြစ်စေရန်အတွက် ဆန်စက်တွင် အသုံးပြုလျက်ရှိသည့် Gasifier အသုံးပြုသောဆန်စက် များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေး၍ အသိပညာပေးခဲ့ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

ပန်းတနော်မြို့တွင် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (.၁.၂၀၂၄) ရက်နေ့ နေ့လယ်(၁၀း၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များနှင့်  တွေ့ဆုံ၍ အသိပညာပေးခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ စည်ပင်သာယာဈေးကော်မတီရုံးခန်းမတွင် တွေ့ဆုံ၍ ပန်းတနော်မြို့ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့်အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင်မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့် စားအုန်းဆီ  စသည့် ဖြင့် အမျိုးအမည်ကိုတိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာ ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း နှင့် လုပ်ငန်းရှင်များအနေဖြင့်စားဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဦးစားပေးဆောင်ရွက်စေလိုကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ