Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

NEW STAR TRADING လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (24.7.၂၀၂၅)ရက်နေ့ နံနက်(၀၉:30) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(69/ဘီ)၊ နီလာ(၃) လမ်း၊ စော်ဘွားကြီးကုန်းဝင်းအတွင်း ဖွင့်လှစ်ထားသော New Star Trading အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိနှင့် အခြား လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၅.၇.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)  နာရီအချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးနှင့် လှိုင်မြို့နယ် လှိုင်ဈေးကြီးတို့တွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးဖြစ်သော ALPHA (ထမင်းပေါင်းအိုး)၊ Samsonic (ထမင်းပေါင်းအိုး)၊ SHARP(ထမင်းပေါင်းအိုး)၊ FRRFALLA (စားပွဲတင်ပန်ကာ)၊ LEGACY (ခြင်ရိုက်ဘတ်တံ)၊ AMC(မီးပလပ်ခုံ)၊ Kettle(ရေနွေးအိုး)၊ K-Like(အားသွင်ဆလိုက်ဓါတ်မီး)၊ Islor (အားသွင်းပန်ကာ)၊Royal (လျှပ်စစ်မီးပူ) စသော လျှပ်စစ် ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ် ရေးဥပဒေပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိစစ်ဆေးရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိုးညိုမြို့ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၂၂.၇.၂၀၂၅ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်မြို့မဈေးဦးခင်နိုင်ကုန်စုံဆိုင်အား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှု ရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့်အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှု များဖော်ဆောင်ဖြည့်ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း  ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

အွန်လိုင်းဈေးရောင်းချမှုဆိုင်ရာအသိပညာပေး Talk Show

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၂၂.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနရုံး၊လူထုအခြေပြုဗဟိုဌာန (Community Centre) အွန်လိုင်းဈေးရောင်းချမှု့ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။

          အွန်လိုင်းဈေးရောင်းချမှုနှင့်ပတ်သတ်၍ သိသင့်သိထိုက်သော အချက်များကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းလေးမှသိလိုသည့်များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံမှ မိမိတို့ဝန်ကြီးဌာနတွင် အွန်လိုင်းဈေးရောင်းချခြင်း လုပ်ငန်းကိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများ အမိန်ကြော်ငြာစာအမှတ်နှင့် ထုတ်ပြန်သည့်နေ့ များသိရှိရန်ပြောကြားပြီး အွန်လိုင်းဈေးဝယ်ယူရာတွင် မိမိတို့ဝယ်ယူမည့် ကုန်စည်ကိုလေ့လာပြီး ယုံကြည်စိတ်ချရသည့် Online Shopping များတွင် ဝယ်ယူကြရန်၊Online Sale ရောင်းချ သည့်သူများ မှတ်ပုံတင်လုပ်ငန်း လျှောက်ထားနိုင်သည့် ကုန်စည်အမျိုးအစား (၂၂) မျိုးနှင့် ဝန်ဆောင်မှုအမျိုးအစား (၁၄)မျိုးတို့ကို အသေးစိတ်ရှင်းပြပြီး Online ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားလိုလျှင် မိမိတို့မြို့ရှိ မြို့နယ်တာဝန်ခံရုံးတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင် ကြောင်းနှင့်မိမိကိုယ်တိုင်မှတ်ပုံတင်လျှောက်ထားလိုလျှင်လည်း(https://www.ecoreg.gov.mm) မှ link တွင်ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပညာပေးပြောကြားသည့် Talk Show ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

 သာယာဝတီမြို့နယ်အိမ်သုံးဆေးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊သာယာဝတီမြို့နယ် ဈေးလမ်းရှိ ထက်အောင်ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ( ၂၂.၇.၂၀၂၅ ) ရက်နေ့၊ နံနက် ( ၉ : ၃၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ တို့နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်  အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊  ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊  သက်တမ်းကုန်ဆုံးရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း (၁၀) ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူ လက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထား ဆောင်ရွက်ရန်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့အတွင်းရှိဆေးဆိုင်ဆေးခန်းများအားကွင်းဆင်းစစ်ဆေးခြင်း

     (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်မြို့နယ်အတွင်းရှိ ဆေးဝါး၊ ဆေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များအား လျှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာန များဖြစ်သော ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်မြို့နယ် စားသုံးသူ ရေးရာဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

      ပြည်မြို့ပေါ်ရှိဆေးဆိုင်များနှင့် ရောဂါရှာဖွေရေးဆေးခန်းများသို့ သွားရောက်၍ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် တွေ့ရှိပါက သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်အသားမပါရှိသည့် ဆေးဝါးများကိုတွေ့ရှိပါက သိမ်းဆည်းခြင်းနှင့် ခံဝန်လက်မှတ်ထိုးစေခြင်း၊ စပ်ဆေးရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းထောက်လှမ်း၍ စပ်ဆေးမ ရောင်းပါဟု ဆိုင်းဘုတ်တပ်ခိုင်းခြင်း၊ ဆေးရုံ၊ဆေးခန်း၊ ဆေးဆိုင်များအတွင်း မဖြစ်မနေထားရှိရမည့် သာမိုမီတာ တပ်ဆင်ထား ခြင်းရှိ/မရှိ နှင့် စည်ပင်လိုင်စင်ရှိ/ရှိ စသည့် စစ်ဆေးခြင်းများကို ကိစ္စရပ်များကို ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ဒဂုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ရန်ကုန် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၂၅-၇-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်း များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၉၃၅ကျပ်)၊ (95-၂၉၉၀ကျပ်)၊ (HSD-၂၇၁၀ကျပ်)၊ (PHSD-၃၃၅၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှု အခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်မြို့အတွင်းရှိဆေးဆိုင်ဆေးခန်းများအားကွင်းဆင်းစစ်ဆေးခြင်း

     (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်မြို့နယ်အတွင်းရှိ ဆေးဝါး၊ ဆေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များအား လျှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာန များဖြစ်သော ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်မြို့နယ် စားသုံးသူ ရေးရာဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

     ပြည်မြို့ပေါ်ရှိဆေးဆိုင်များနှင့် ရောဂါရှာဖွေရေးဆေးခန်းများသို့ သွားရောက်၍ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် တွေ့ရှိပါက သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်အသားမပါရှိသည့် ဆေးဝါးများကိုတွေ့ရှိပါက သိမ်းဆည်းခြင်းနှင့် ခံဝန်လက်မှတ်ထိုးစေခြင်း၊ စပ်ဆေးရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းထောက်လှမ်း၍ စပ်ဆေးမ ရောင်းပါဟု ဆိုင်းဘုတ်တပ်ခိုင်းခြင်း၊ ဆေးရုံ၊ဆေးခန်း၊ ဆေးဆိုင်များအတွင်း မဖြစ်မနေထားရှိရမည့် သာမိုမီတာ တပ်ဆင်ထား ခြင်းရှိ/မရှိ နှင့် စည်ပင်လိုင်စင်ရှိ/ရှိ စသည့် စစ်ဆေးခြင်းများကို ကိစ္စရပ်များကို ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

(New Day )စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်း

          ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၅-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် (New Day )စက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

High WAY စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

          (၂၅-၇-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊  High Way စက်သုံးဆီအရောင်းဆိုင်သို့  သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            အဆိုပါ အရောင်းဆိုင်တွင် စက်သုံးဆီများ သက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ