Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့နယ် ဈေးကွက်အတွင်း Dumex Dupro အမှတ်တံဆိပ် အတုများ ရောင်းချမှုရှိ/ မရှိကွင်းဆင်းစိစစ်

     ဘိုကလေး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂.၁၀.၂၀၂၅) နေ့၊ မနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် Dumex Dupro အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတု/အပများ ဈေးကွက် အတွင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြပါသည်။

   ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်တွင် Dumex Dupro (ဒူးမက်ဒူပရို)  အမှတ်တံဆိပ်ဘူးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားရှိမှုအခြေအနေနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ကိုပါ ထည့်သွင်းဖော်ပြထားရှိကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဘိုကလေးမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

    ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁.၁၀.၂၀၂၅) နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ် ဒုတိယလမ်း(၃) ရပ်ကွက်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ဈေးနှုန်းဈေးကွက် အခြေအနေများ မေးမြန်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေ ရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ်ဝယ်ရင်းဈေး ထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ဘိလပ်မြေ အရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ အမြတ်(၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သိရပါသည်။

(Doca ဧရာဝတီ)

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ကျင်းပပြုလုပ်သော ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲစာရင်းကိစ္စဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၁၁ ရက်၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ညွှန်ကြား ရေးမှူးချုပ် မှဦးဆောင်၍ကျင်းပပြုလုပ်သော ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲစာရင်းကိစ္စများ ဆွေးနွေးခြင်း အား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး နှင့်ဝန်ထမ်းများက virtual စနစ် ဖြင့် တက်ရောက်ခဲ့ပါသည်။

          ထိုဆွေး‌နွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များအားလုံး မဲပေးနိုင် ရေး အ‌လေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   မဲစာရင်းတွင်မပါဝင်သူများအနေဖြင့် ပုံစံ-၃(က)ဖြင့် လျှေက်ထား၍ဖြစ်စေ၊ ပုံစံ-၃ ဖြင့်လျှောက်ထား၍ဖြစ်စေ မဲပေးနိုင်‌ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ တိုင်းနှင့်ပြည်နယ်များကလည်း အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး နံနက် (၁၁း၀၀) နာရီဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။   

DOCA(တနင်္သာရီ)

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံး စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံး စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြော ကြားခြင်း၊ စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေ ထွေဆွေးနွေးခြင်းနှင့် ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ဘိုကလေးမြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

    ဘိုကလေးမြို့နဘ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁.၁၀.၂၀၂၅) နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချ နေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါ သည်။

    ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့နယ် မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေကြောင်း ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Yar Yar’s May May Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို(၁၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် Online Yar Yar’s May May Online Sale  မှ “အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ” အား  အမှတ်(၁၅)၊ ဘုရင့်နောင် (၁၁) လမ်း၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကိုသက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ်ငန်းရှင်၏ မခံချက်များအချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

   ၂၀၂ခုနှစ်၊ စက်တင်ဘာ လ ၁၂ ရက်နေ့၊ နံနက်၁၁း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၀) ပေပါကို ယာဥ်မောင်း ဦးမျိုးမင်းကျော်၊ ယာဥ်အမှတ် 7K- 6531 (Hino) မော်တော်ယာဥ်ဖြင့် လည်းကောင်း၊  Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၅၂) ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ(၂၈)ပေပါတို့ကို  ယာဥ်မောင်း ဦးမျိုးမင်းဦး၊ ယာဉ်အမှတ် 7F-3017/Nissan မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေး ခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ (၁၄၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံ ဆိုင်အပါအဝင် လက်လီ ဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်း စျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသောဆေးနှင့်ဆေးပစ္စည်းများအားဈေးနှုန်းဈေးကွက်စောင့် ကြည့်ကွင်းဆင်းစိစစ်ခြင်း

     ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ မြို့မဈေးအတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များ၏ ဈေးနှုန်းဈေးကွက် ရောင်းချမှုအခြေအနေများအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင် ညွှန်ကြားချက်ပါအတိုင်း ဆေးပစ္စည်း(၁၂) မျိုးတို့တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိကြောင်းနှင့် ပစ္စည်းပြတ်လပ် မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ ၁၅း၁၅ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်စနစ်ဖြင့်ပတ်သက်၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စီးဝင်/စီးထွက် ကိစ္စရပ်များ၊ MyRO လစဥ် လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းစဥ်တွင် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများ update ပြုလုပ်နိုင်ရေး၊ ဆန်စျေးနှုန်း/စျေးကွက် သင့်တင့်မျှတစွာဖြင့် ရောင်းချ နိုင်ရေးများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( တနင်္သာရီ)

ထားဝယ်မြို့ ဆိပ်ကမ်းရှိ ဦးစွန်ဝိုင်တံတားသို့ ရောက်ရှိလာသော ဆန်အိတ်များ စစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လည် ၁၃း၀၀ နာရီအချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့ဆိပ်ကမ်းရှိ ဦးစွန်ဝိုင်တံတားသို့ ရောက်ရှိလာသော (အောင်တက်တိုး-၁) ရေယာဉ်ဖြင့် ၁၂ ပြည်ပါ ဆန်အိတ် ၆၀၀၀ အိတ်များအား စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာပူးပေါင်း အဖွဲ့များဖြစ်သော အကောက်အခွန်ဦးစီးဌာန၊ မြန်မာဆိပ် ကမ်းအာဏာပိုင်အဖွဲ့၊ရေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနတို့နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ