Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆိပ်ဖြူမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ (၁၀.၇.၂၀၂၄)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်တွင် ထုတ်လုပ်လျက်ရှိသော “ ဖြိုးကြွယ် " ပျားရည်ဆမ်းပေါင်မုန့်လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံ၍  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင်ပါဝင်သော အချက် အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြပြီးလျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချမည်ဖြစ်ကြောင်း၊ စားသုံးသူမှ ကုန်အညွှန်းအမှတ်အသားမပြည်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်သုံးစွဲမည်ဆိုပါက လုံခြုံစိတ်ချရမှုရှိသောကုန်စည်ကိုသာ ရွေးချယ်သုံးစွဲမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ချပြရှင်းလင်းခဲ့ပြီး ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်၍ စိစစ်ခွင့်ပြုချက် လျှောက်ထားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်အတွင်းရှိ ဆေးဆိုင်များတွင် ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၀.၇.၂၀၂၄ ရက်နေ့တွင် အင်းစိန်ခရိုင်ရှိ   ဆေးဆိုင်များ၊ ရွှေပြည်သာမြို့နယ်ရှိ ဆေးဆိုင်များ၊ လှည်းကူးမြို့မဈေးအတွင်းရှိ ဆေးဆိုင်များ၊ မှော်ဘီခရိုင် မှော်ဘီမြို့မဈေးအတွင်းရှိ ဆေးဆိုင်များနှင့် တိုက်ကြီးခရိုင် တိုက်ကြီးမြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့လည်းကောင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဈေးကွက်များအတွင်း ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိကို မြောက်ပိုင်းခရိုင်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဂန့်ဂေါမြို့၊ အခြေခံပညာမူလတန်းလွန်(တပ်တွင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည် (၁၀.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာမူလတန်းလွန်(တပ်တွင်း)ကျောင်း၌ ဆရာ၊ ဆရာမ (၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၆၈)ဦး စုစုပေါင်း (၇၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

 အဆိုပါဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက ဌာန၏သမိုင်းကြောင်း၊ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့် အရေး(၈)ချက်နှင့်  စားသုံးသူများ လိုက်နာရမည့်တာဝန်(၄)ချက် ၊ စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်နှင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် စားသုံးသူ သတင်းပြန်ကြား ရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထားရှိကြောင်း၊ Consumer Call Center (1535)တွင်လည်း တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများကို လည်း စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် တိုင်ကြားနိုင်သူများအကြောင်းတို့ကိုလည်း  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘိုကလေးမြို့ (၈)ရပ်ကွက်ရှိ “မေ့မေ့သား”ဆန်စက်လုပ်ငန်းသို့ကွင်းဆင်းခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၈)ရပ်ကွက်ရှိ “မေ့မေ့သား” ဆန်စက်သို့ သွားရောက်၍ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဆန် / စပါး ဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ၊ တည်ငြိမ်မှု ရှိ/မရှိ၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်ကုန်သွယ်မှုလုပ်ငန်း  များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး၊ ထုတ်လုပ်မှုပြည့်မီစေရေး၊အချိန်အတွယ်နှင့်  ပတ်သက်၍လည်း သတ်မှတ်ထားသည့်နှုန်းအတိုင်းပြည့်မီစေရေး၊ ဆန်စက်ရှိသိုလှောင်ရုံများအား မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့်လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ထုတ်လုပ် နိုင်ခြင်းကြောင့် ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်တော့ဘဲ စားဝတ်နေရေးပြေလည်ကြောင်းနှင့် ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများနှင့်ပတ်သတ်၍လည်း စနစ်တကျ စွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဟောပြောပွဲကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊  မြို့နယ်ဥပဒေရုံး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၉.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆိပ်ဖြူ မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌  ကျောင်းသား၊ ကျောင်းသူ(၁၅၂)ဦးတို့ အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုးနှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံဦးဇော်နေလင်းက အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနပေါ်ပေါက်လာပုံ၊ ဌာနမှ ယခုလက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အကြောင်းအရာ များ၊ ဥပဒေပါရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ ပြစ်မှုပြစ်ဒဏ် များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အကြောင်းအရာများအား စားသုံး သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများ ရှိခဲ့လျှင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထား ရှိကြောင်း၊ နစ်နာမှုများရှိခဲ့လျှင် တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တွင်လည်း တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများ ကိုလည်း စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် တိုင်ကြားနိုင်သူများအကြောင်း တို့ကိုလည်း  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    ဆက်လက်ပြီး ဒုတိယရဲမှူး ဦးခင်မောင်ဇော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထူးမြတ်သူဇာက ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေအကြောင်း၊ မြို့နယ် ပြန်ဆက်မှ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်း အကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မြိတ်မြို့တွင် ဆန်နှင့် ဆီ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ ဇူလိုင်(၁၁)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီ အချိန်တွင်  မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ မြိတ်မြို့၊ ဆိပ်ငယ်ရပ်နှင့် နောက်လယ်ရပ်ရှိ ဆန်နှင့်ဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ခရိုင်ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်ပြီး ဆန်နှင့်ဆီအရောင်းဆိုင်များကို အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်ရည်ညွှန်းစျေး အတိုင်းရောင်းချရန်နှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့်သာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်(၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ရှားတောဝရပ်၊ နဂါးရစ်တောင်ကျောင်းလမ်းတွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များအား ရောင်းချခဲ့ကြပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ကြက်ဥ၊ ကြက်သွန်၊ ချဉ်ပေါင်၊ အာလူးများပါဝင်ပြီး စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၃/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(အောက်ထပ်)တွင်  တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့(၃/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ  အဖွင့်အမှာစကားပြောကြား၍  ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အမှာစကားပြောကြားပြီး အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ မိမိတို့ ဌာနအလိုက် တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှလည်း မိမိတို့ဌာနအနေဖြင့် တရားမဝင်ကုန်သွယ်မှုနှင့် စပ်လျဥ်း၍ အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ တိုင်းအဆင့်တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သိရှိလိုသည်များအား အထွေထွေမေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး  တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဋ္ဌမှ  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ  အစည်းအဝေးအား နေ့လယ်  (၁၅း၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဖျာပုံမြို့ အ.လ.က(၂) ကျောင်းတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း တို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၅ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ဖျာပုံမြို့ အ.လ.က ( ၂ ) ကျောင်း၌ ဆရာ/ဆရာမ  ( ၄ ) ဦးနှင့် ကျောင်းသား/သူ ( ၂၂၇ ) ဦးတို့အား မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆို ချက်နှင့်  အစားအသောက်များ ဝယ်ယူရာတွင် ကုန်အညွန်းအမှတ်အသားများကို  သေချာစွာစိစစ် ပြီးဝယ်ယူကြရန် ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၄၃) ပါ ကုန်အညွန်းအမှတ်အသားများအား အကျယ်တဝင့်  ရှင်းလင်းဟောပြောကာ စားသုံးသူအနေဖြင့်  နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားရှိပြီး call center  (1535) သို့ ခေါ်ဆို တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ကျောင်းစာကြည့်တိုက်တွင် ထားရှိလေ့လာ နိုင်ရန်  “စားသုံးသူကာကွယ်ရေးစာအုပ် နှင့် လက်ကမ်းစာစောင်” များကို ကျောင်းအုပ်ဆရာမကြီး အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ ဇင်ကိုကိုမောင်ဆန်စက်သို့ ကွင်းဆင်းခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ဇူလိုင်လ()ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ ဇင်ကိုကိုမောင်ဆန်စက်သို့ ဆန်စပါးဈေးနှုန်း၊ ဈေးကွက်အခြေအနေများတည်ငြိမ်မှု ရှိ / မရှိ၊ လုပ်ငန်းရှင်၏ အခက်အခဲနှင့် အတွေ့အကြုံများ၊ကုန်သွယ်မှု့လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါဆွေးနွေးရာတွင်မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်အား Gasifier များ စနစ်တကျထားရှိစေပြီး စက်ရုံဝန်းအတွင်းဆန်စပါးသိုလှောင်မှု အခြေအနေများ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု့ရှိစေရေးတို့အတွက် ဆန်စက်တွင် ခေတ်မီစက်ယူနစ်များ တပ်ဆင်အသုံးပြုမှုရှိစေရေး၊ ဆန်စပါးသိုလှောင်သည့်သိုလှောင်ရုံများ သန့်ရှင်းသပ်ရပ်စွာထားရှိရန်လိုအပ်ကြောင်း လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ  ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ