Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် ဆန်ဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိသည်(၁၃.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ် အတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းရာတွင်စစ်ဆေးရေးအရာရှိဒေါ်ယဉ်ယဉ်ထွန်းကဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆန်ဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော် လွန်ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာ ထားသော ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ် ဒဏ်များ အကြောင်း စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်း ဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် Delivery ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်းပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှမော်သည် (၁၈.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Delivery ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက် သည့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ဒုတိယညွှန်ကြားရေးမှူးဒေါ်လှလှမော်က Delivery ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် ကုန်စည်၊ ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဌာနခွဲမှူး ဒေါက်တာသရဖီထွန်းမှDelivery ဝန်ဆောင်မှုလုပ်ငန်း သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။   ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မလှိုင်မြို့နယ်အတွင်းရှိ ရေသန့်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည်  စျေးကွက်အတွင်း တရားမဝင်သောက်ရေ သန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မလှိုင် မြို့နယ် အတွင်း စန်းမေတ္တာ ရေသန့်လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Talk Show ဖြင့် အသိပညာပေးခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် သာစည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ရမည်းသင်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်နံနက် (၁၀:၃၀) ချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင် (ဒု-ဦးစီးမှူး) မှ Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ကြော် ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်ကြေညာခဲ့ကြောင်း၊Online Shopping ရောင်းချသူမည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်။အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၆လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)အရ အရေးယူခံရ မည်ဖြစ်ကြောင်း၊ Online Shopping ရောင်းချသူများသည် မှတ်ပုံတင်မရှိဘဲ ရောင်းချပါက ဥပဒေအရ အရေးယူခံရနိုင်ခြင်း၊ စားသုံးသူများမှ မိမိလုပ်ငန်းအပေါ်  ဝယ်ယူအသုံး ပြုရန် ယုံကြည်စိတ်ချမှု မရှိနိုင် ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်အတွက် မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများမှလည်း Online မှ ပစ္စည်း တစ်ခုခုဝယ်မည်ဆိုလျှင် ရောင်းချသူတွင် မှတ်ပုံတင်ရှိ/မရှိ ၊ ငွေပေးချေမှုစနစ်များကို သေချာ စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်းစသည့််အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည််။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းများသို့ ကွင်းဆင်း

          စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်း လုံခြုံစွာအသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ မိတ္ထီလာခရိုင်အတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ရတနာမာန်အောင်ရပ်ကွက်ရှိ ရွှေပြည်စိုးဆီစက်၊ စက်မှုဇုန်ရှိ ဇင်ယော်ဆီစက်နှင့် မိဘမေတ္တာဆီစက်သို့ သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည် အသွေး၊ အလေးအချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာထည့်သွင်း၍ ဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည် အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဆောင်ရွက်မှုရှိစေရေး လိုက် နာဆောင်ရွက်ကြရန်နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ၊ FDA  ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့်  နောက်ပိုင်းကာလများ၌ ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၊ ကုက္ကိုလ်ပေါက် (အလက) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်၊ကုက္ကိုလ်ပေါက် (အလက) ကျောင်းမုန့်ဈေးတန်းတွင်  စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်(၁၁၃၀)နာရီချိန်တွင် ဝန်ဇင်း (အလက) ကျောင်းမှ ဆရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော လေဖောင်းမုန့်များ၊ အချို ရည်ဗူးများ၊ ပေါင်မုန့်မျိုးစုံနှင့် ဝေဖာချောင်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထား သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ကိုက်ညီပြည့်စုံမှုရှိပြီး မြန်မာ့ရိုးရာ မုန့်များကိုလည်း ရောင်းချကြောင်းစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ဥပဒေများအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ အကြောင်းနှင့် မိမိဌာန မှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် စားသောက်ကုန် ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ဧရာဝတီ အသင့်စားငါးပိလုပ်ငန်း လုပ်ကိုင်နေသော စားသောက်ကုန်လုပ်ငန်းရှင်နှင့်   ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ ပါသည်။

          ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်များအတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့် စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန်တင်ပြလာမှု အပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည် အသွေး စံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက် များ ဝယ်ယူရာတွင်အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မိတ္ထီလာမြို့နယ် ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းပေါ်ရှိ စက်သုံးဆီဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

                ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေ များ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည် အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန် သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ််သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ် ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိသိရှိရပါသည်။

DOCA(မန္တလေး)

 

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နံနက် (၁၀:၀၀) ချိန်တွင် ခရိုင်ဦးစီး မှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောကထားရန်အတွက် ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်း ဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံ စာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိ ပညာပေးဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၅) ဦး တက်ရောက်ပြီး နံနက် ( ၁၅:၀၀ ) အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

                စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်ရှိ မြို့မစျေးနှင့် ရပ်ကွက် များအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) စားသုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

                မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသောအရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးရာတွင် (Packing) ဖြင့် ‌‌ရောင်းချသော Meizan ၊ အမေထွား စိန်စီ၊ ရွှေတောင်နှင့် ရွှေပြည်စိုးကုန်အမှတ်တံဆိပ်ပါဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန် ထားသော ၂/၂၀၁၉ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ် အသားတွင်ဖော်ပြ ထားသည့် အလေးချိန်နှင့်ကိုက်ညီမှုရှိခြင်း ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်းပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ