Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့၊(၅)လမ်း၊ အ.မ.က(၄)ကျောင်း၊ ကျောင်းကျန်းမာရေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျောင်းကျမ်းမာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖျာပုံမြို့နယ်၊ (၅)လမ်း၊ အ.မ.က (၄)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေး ခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ကုန်စည်များနှင့် ကုန်အညွန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပါက တိုင်ကြားနိုင်မှုအခြေအနေများလည်းကောင်း၊ သက်တမ်းလွန်အစားအစာများ မစားသောက်ကြရန်နှင့် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအစာများ စားသုံးရန် သင့်/ မသင့်နှင့် သန့်ရှင်းမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား အသိအပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖြူးမြို့နယ်၊ တာခြားအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တာခြားအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့အား ၁၂.၉.၂၀၂၅ ရက်နေ့၊ နံနက် ၉ နာရီတွင်လည်းကောင်း၊  ဖြူးမြို့နယ်၊ စာရေးလမ်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၅၀) ဦး တို့အား နေ့လယ်  ၁ နာရီတွင်လည်းကောင်း သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံဒေါ်သန္တာစိုးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မုန့် များနှင့်အချိုရည်များဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် မုန့်နှင့်အချိုရည်များကိုသာ ဝယ်ယူစားသောက်သင့်ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေး အလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများအား ပန်းချီကားချပ်ပုံပြင်များ၊ စာအုပ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ ဆီလုပ်ငန်းရှင်တစ်ဦးအားတွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ မြို့နယ် တာဝန်ခံဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးသည် ၁၄.၉.၂၀၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် အုတ်တွင်း မြို့နယ်ဈေးရပ်ကွက်၊ ကြက်သွန်ခင်းရပ်ကွက်များနှင့် ပဲခူးလမ်းရှိ ကုန်စုံဆိုင်များတွင် စားအုန်းဆီ ရောင်းချနေမှု အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး စားသုံးဆီ လက်လီ/ လက်ကားရောင်းချပေးသော ဆိုင်ပိုင်ရှင် ဦးဘာဆန်ကူးမားနှင့် တွေ့ဆုံခဲ့ပါသည်။

    ထို့အပြင် မြို့နယ်တာဝန်ခံသည် အဆိုပါဆိုင်ပိုင်ရှင်အား ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား သယ်ယူစရိတ်ပေါင်း၍ ၂ ရာခိုင်နှုန်းထက်မပိုသောအမြတ်ဖြင့် စားသုံးသူပြည်သူများ ထံသို့ ဈေးနှုန်း မှန်ကန်မှုနှင့်အလေးချိန်မှန်ကန်မှုရှိစေရေး၊ အမှတ်တံဆိပ်ပါစားအုန်းဆီများ ရောင်းချရာ တွင် ကုန်အညွှန်းအမှတ်အသားများပါရှိသော တံဆိပ်များသာရောင်းချပေးရန်နှင့် လုပ်ငန်းဆောင်ရွက် ရာတွင် စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိမှသာ ရောင်းချရမည် ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ မြို့နယ်တာဝန်ခံသည် အုတ်တွင်းမြို့နယ်ရှိ ကသစ်တန်းရပ်ကွက်နှင့် ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ရည်ညွှန်းဈေးနှင့်ဝယ်ယူခွင့်ရရှိသည့် စာသုံးဆီများအား ပြန်လည် ရောင်းချမှုအခြေအနေများ၊ အမှတ်တံဆိပ်ပါ စားသုံးဆီရောင်းချမှုများကို စောင့်ကြည့်စစ်ဆေး၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၂--၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အိမ်အမှတ် (၃၃၃) အဏ္ဏဝါလမ်း၊ ဆင်ဖြူရှင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်ရှိ၃၃၃ အဝတ်အထည်နှင့် အိတ်မျိုးစုံရောင်းဝယ်ရေးအထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း သို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၂--၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ် (၂၁၈/၂၂၀) ဧက ၁၀၀၀၊ GTI Hostel ဓနသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်ရှိဦးနိုင်မြင့်ထက်ပညာရေးနှင့် သင်ကြားရေးဝန်ဆောင်မှုလုပ်ငန်း သို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ ရောင်းချပေး

   ၂၃.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ် (၁)နှင့် ဘဏ်(၂)၌ ပင်စင်လစာ လာရောက်ထုတ်ယူ ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ ရောင်းချရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

    ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီ တစ်ပိဿာ (ဗူးခွံပါ) (၈၀၃၆) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာစီဖြင့် စားအုန်းဆီ (၈၈၀) ပိဿာ၊ ကြက်သွန်နီ (၁၀၀၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

    ၂၂..၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရှိ MP FISHERY Co,Ltd ၏ ကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော MP FISHERY Co,Ltd ကုမ္ပဏီ တည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ် ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချပေးနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

   ၂၃.၉.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးမှ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင် (၉)ဆိုင်သို့ စားအုန်းဆီရောင်းချပေးနေမှုများအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား  အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၂..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းနောင်သည် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရှိ 91 Fashion House အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ Global Good Pure Group Co.Ltd မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    ၂၃.၉.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်နှင့် ဦးစီးမှူး ဦးအောင်မြင့်မြတ်တို့သည် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်အတွင်းရှိ မြေနီကုန်းရပ်ကွက်၊ အမှတ်(၂) ဈေးကြီး၊ ရိုးဂိုးကျေးရွာ၊ ဖားအောက်ကျေးရွာရှိ စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ