Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၂၅.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတ မြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စုနှင့်တောင်စုကျေးရွာရှိ ကျေးရွာ ဆီထုတ်ယူသည့်လက်လီကုန်မျိုးစုံဆိုင်များနှင့် ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချသည့် စည်းကမ်း သတ်မှတ်ချက်များနှင့်ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူ ရရှိနိုင် ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ် ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီး၊ ခရိုင်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးမိုးအောင်က ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ် အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချ ခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်ကြစေရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မင်္ဂလာဒုံမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ရတနာဈေးရှိ ရုံ(ခ)၊ အမှတ်(၇၇/၇၈)ရှိ ဦးဇော်ဇော်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ထောက်ကြန့်ရတနာဈေးစည်ပင်များမှ ပူးပေါင်းပါဝင်လျက် မိမိရရှိသောခွဲတမ်းကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လကို (၂)ပိသာနှုန်းပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းအလိုက် ရောင်းပေးလျက်ရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း လက်ကျန်များလည်း မထားရှိဘဲ တစ်နေ့စာတစ်နေ့ကုန်အောင် ရောင်းချပေးပါကြောင်းနှင့် မိမိတို့ ဌာနမှလည်း သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှုမရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

   ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်း၍  မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ မြန်အောင်မြို့နယ် အငြိမ်းစား ဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါ သည်။

    ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (ဘူးခွံအပါ) ၃၇၀၀/- ကျပ်ဖြင့် ပိဿာချိန် ၁၁၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

Modern Mart များနှင့် ဈေးများအတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဈေးနှုန်းများ၏အခြေအနေများအား စျေးကွပ်စောင့်ကြည့် စစ်ဆေး

       (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Modern Mart များနှင့်ဈေးများတွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ဈေး နှုန်းဈေးကွက်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများကောက်ခံ၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဇီးကုန်းမြို့နယ်တွင် စားသာက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၌ ၂၀၂၅ခု၊ အောက်တိုဘာ (၂၁)ရက်နေ့ နေ့လယ် ၁ နာရီတွင် ဇီးကုန်းမြို့နယ်အတွင်းရှိ စားသာက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် အွန်လိုင်လုပ်ငန်းရှင်များအား စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံက တွေ့ဆုံ၍ Onlie Sale ရောင်းချခြင်းနှင့် ပတ်သက်သည့် အကြောင်း  အရာများကို အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြိုနယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က  OnLine ShoppIng မှတ်ပုံတင်လျှောက်ထားမည်ဆိုပါက (e-Commerce Registration  (Online) System) ဖြင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များကို    လည်းကောင်း ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဥပဒေနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြပြီးမှ ဈေးကွက် ဖြန့်ဖြူးကြရန် အသိပညာပေး ဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

DOCA (ပဲခူး)

ဈေးများအတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးနှင့် ဘိုကုန်းဈေးတို့တွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ ဈေးနှုန်းဈေးကွက် အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းကောက်ခံခြင်းနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ အချက်များကို မြန်မာဘာသာ  ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ Super Market တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

       (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် လှိုင်သာယာမြို့နယ်ရှိ City Mart Supermarket နှင့် Sein Gay Har Super Center တို့တွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဇီးကုန်းမြို့နယ်၌အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်      

        ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာလာစေရန် အသိပညာပေး ကွင်းဆင်းဆောင် ရွက်ခြင်းအား (၁၄.၁၀.၂၀၂၅)ရက်၊နေ့လယ်  (၁၃:၀၀)နာရီတွင် ဝက်ကော် အခြေခံပညာအလယ် တန်းကျောင်း(ခွဲ) ၌ ကျင်းပခဲ့ပါသည်။

          ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေက  အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူ ရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံ  ဒေါ်မြင့်မြင့်ခင်က စားသုံသူကာကွယ်ရေးဆိုင်ရာ  စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအား ကုန်စည်တိုင်းတွင် ပြည့်စုံစွာဖော်ပြ ပါရှိရေး စားသုံးရန်မသင့်သောအစားအစာများ သတင်းအချက်အလက်များကိုလေ့လာ၍ ရွေးချယ်  ဝယ်ယူစားသောက်နိုင်ရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေး   နှင့် ပြန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ   ကိုလည်းကောင်း ၊ ဒုဦးစီးမှူး ဒေါ်ရီရီမြင့်မှ ပုံပြင်စာအုပ်များဖတ်ပြခြင်းဖြင့် ကလေးငယ်များ စိတ်ပျော်ရွင်မှု ရင်းနှီးရိုင်းပင်းစွာ နေထိုင်နိုင်မှု များရရှိလာစေရန်ပြောကြားခဲ့ပါသည်။

          ထိုနောက် ကျောင်းသူ၊ ကျောင်းသားများအား နံရံကပ်စာစောင်များဖြင့် စာအုပ်စာပေ ဖတ်ကြစို့ခေါင်းစဉ်ဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ပြသဖတ်ရူစေ၍ အသိပညာပေး    ဟောပြောမှုအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA (ပဲခူး)

Modern Mart များရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၂၉.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးနှင့် ရွှေပြည်သာမြို့နယ်ရှိ City Mart Supermarket သို့ သွားရောက်၍ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၂၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မြန်အောင်မြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၅.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ပေါ် ရပ်ကွက်များနှင့် မြို့မတဲကြီးကုန်းရပ်ရှိ အိမ်ထောင်စုများအားစားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီဆိုင်များမှရောင်းချမှုရှိ/မရှိ၊ ဈေးနှုန်း မှန်ကန်မှုရှိ/မရှိ၊ လစဉ်ဆီရရှိမှုအကြိမ်ရေများအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင် လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့် သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပြီး အိမ်ထောင်စုများအား ဆီဖြန့်ဖြူးမှု အကြိမ်များအား စိစစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ