Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောက်ပိုင်းခရိုင်အတွင်း‌ ဈေးများရှိစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် Modern Mart များအလိုက် ရောင်းချလျက်ရှိသော ဈေးနှုန်းများ၏အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၂၃.၉.၂၀၂၅)ရက်နေ့တွင် မြောက်ပိုင်း ခရိုင်အတွင်း ဈေးများရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချနေသော ဆိုင်များသို့ ဈေးနှုန်း၊ ဈေးကွက် အခြေအနေနှင့်ပစ္စည်းပြတ်လပ်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြောက်ပိုင်းခရိုင်အတွင်း မြို့နယ်များရှိ Modern Mart များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေ သည့် ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ယခင်အပတ် ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းများ ကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ် ဈေးနှုန်းနှင့် ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား စားအုန်းဆီဖြန့်ဖြူးရောင်းချပေး

  ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချ ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ၂၄.၉.၂၀၂၅ ရက်နေ့၊ နံနက်(၆:၀၀)နာရီအချိန်မှစ၍ စားအုန်းဆီများ ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၅၀)ပိဿာ၊ (၁)ဗူးစီရောင်းချပေးခဲ့ရာ ဗူးပေါင်း(၂၉၈၀) ရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းအဖွဲ့ဝင် ကိုယ်စားလှယ်များက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)                                                                                            

တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ (၃း၄၅) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင် ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

 တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ လက်ရှိဖြစ်ပွားနေသော နယ်မြေအခြေအနေများအရ ကား လမ်းခရီးဖြင့် ဆန်များသယ်ယူရာတွင် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ (၂း၀၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စက်လုပ်ငန်း မှတ်ပုံတင် ဆိုင်ရာကိစ္စများနှင့် အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းများ ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တိုင်းဒေသကြီးဦးစီးမှူးမှ Express ကားဖြင့် ပစ္စည်းများသယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ Express ကားဖြင့် ပစ္စည်းများသယ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဖြစ်ပွားနေသော နယ်မြေအခြေအနေများအရ ကား လမ်းခရီးဖြင့် ပစ္စည်းများသယ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၉း၄၅) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများ၊ မှတ်ပုံတင် သက်တမ်းကုန်ဆုံးပါက သက်တမ်းပြန်လည်တိုးမြှင့်ရန်အချက်များ၊ ကုန်ရ၊ ကုန်ထုတ် အခြေအနေ များ၊ အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဖျာပုံမြို့နယ်အတွင်းရှိ၊ ဂျိုဝါထလွန်ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဂျိုဝါထလွန်ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ဂျိုဝါထလွန်ကျေးရွာရှိစားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

        အဆိုပါတွေ့ဆုံပြောကြားရာတွင် ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန်အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး ဂျိုဝါထလွန်ကျေးရွာရှိ အိမ်ထောင်စု(၇၈၃)အား ဆီစာအုပ် (၇၈၃)အုပ်အား ဖြန့်ဝေပေးပြီ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ငွေဆင်ကြီး”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ( ၁၇ )ရက်နေ့၊ နေ့လယ်(၁၃: ၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့မဈေးကြီးအတွင်းရှိ  “ငွေဆင်ကြီး” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာစာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ စားသုံးဆီအရောင်းဆိုင်များအားဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၃.၉.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့ လမ်းမတော်(တ)ရပ် ကွက်ရှိ စားသုံးဆီ လက်လီ၊လက္ကား ရောင်းချလျက်ရှိသော ဆိုင်များတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

                   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင်ဆီထုတ်လက်ကားကိုယ်စားလှယ်များမှခွဲတမ်း ရရှိသော လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ ရောင်းချရာတွင်လည်း အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်း ချမှု လက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြား မသမာ သော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထား ခြင်းများ မရှိကြောင်း၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများ မြင်သာ သော နေရာတွင်ချိတ်ဆွဲထားမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

(DOCA ဧရာဝတီ)

ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေးဒရဲမြို့မဈေးအတွင်းရှိ ဒေါ်အမာနီဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ( ၁၉)ရက်၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်များအာ သတ်မှတ်ဈေးနှုန်းထက် ကျော်ယူရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလရည်ညွှန်းဈေးနှုန်းအပေါ် သင့်တင့်မျှတ စွာတွက်ချက်ရောင်းချနေမှုများကို စစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီးဒေးဒရဲ   မြို့နယ်မှဆန်စပါးသိုလှောင်ရုံ(၁၀၀)လုံးသက်တမ်းတိုး  ဆောင်ရွက်ပြီးဖြစ်ကြောင်း ကိုဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ