Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော ကုန်တိုက်နှင့် Mini Martများ သို့သွားရောက်၍ တုပထားသော DUMEX DUPROအမှတ်တံဆိပ် က‌လေးငယ်ဖော်စပ် စာ ၆၅၀ ဂရမ်များ စျေးကွက်အတွင်းရောင်းချနေခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

          Danone Specialized Nutrition (Thailand)မှ ထုတ်လုပ်သည့် DUMEX DUPROအမှတ် တံဆိပ် က‌လေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်သည် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားပြီး ပြည်တွင်း တွင် FDA ထောက်ခံချက်များဖြင့် ထုတ်လုပ်ရောင်းချသော ကုန်စည်ဖြစ်ကာ ယခုအချိန်တွင် က‌လေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အတုများ စျေးကွက်တွင် ရောက်ရှိနေကြောင်းသိရှိရသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ထိုနောက် ဘေးအန္တရာယ်ကင်းသော ကုန်စည်များကို သာရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်စည်များရောင်းချရန် ရှင်း လင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ခွဲတမ်းရစားသုံးဆီအရောင်းဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ ဌာနခွဲတာဝန်ခံဦးစီးအရာရှိနှင့် ဟင်္သာတ မြို့နယ်ဦးစီးမှုးတို့ပူပေါင်း၍(၂၃.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့ပေါ် ရပ်ကွက်ရှိ စားသုံးဆီ လက်လီ/လက္ကားအရောင်းဆိုင် မျာအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အိမ်ထောင်စုများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်း စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

       ထိုသို့ ကွင်းဆင်းရာတွင် အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဆီဝယ်စာအုပ်ဖြင့် ရောင်းချနေမှု အခြေအနေများ အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီ ရောင်းချသော လုပ်ငန်းရှင် အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူ ဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်း စာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများအားပြည်သူများနှင့်တွေ့ဆုံ၍ဆီရရှိမှုအခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်းသိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကျုံသွတ်တညီကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

           ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျုံသွတ်တညီကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် ကျုံသွတ်တညီကျေးရွာရှိ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ် ထောင်စုဝင် အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး ကျုံသွတ်တညီ ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၁ ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမတွင် မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးကို နံနက်(၁၀:၀၀)နာရီ အချိန်တွင် စတင်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး (ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုသေသနဌာနခွဲ)၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ စည်ပင်သာယာရေးကော်မတီ (ဈေးနှင့်သားသတ်ဌာန)၊ ဗဟိုစာရင်းအဖွဲ့၊ စက်သုံးဆီနှင့်စားသုံးဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့တော်စည်ပင် သာယာရေးကော်မတီ(စီမံ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  စက်ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံစားသောက်ဆိုင် အသင်း၊ စားသောက်ကုန်အသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လက်ကား ကိုယ်စားလှယ် (၅၂)ဦး၊ စုစုပေါင်း အယောက်(၇၀) ခန့်တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာသော ဌာနဆိုင်ရာမှတာဝန်ရှိသူများက စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကိစ္စရပ်များအပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး နှင့်ပတ်သက်၍ နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို  နံနက်(၁၁:၃၀) တွင် ရုတ်သိမ်း ခဲ့ပါသည်။

DOCA(မန္တလေး)

စာဖတ်ပြည်သူများအား MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ပြည်သူများအား MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံ၍ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးကောင်းမွန်စေပြီး ပြည်တွင်းပြည်ပဈေးနှုန်း ဈေးကွက်ရရှိမှု အခြေအနေများ ခေတ်မီစက်ကရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာများ ရရှိရေးအတွက် မိမိဌာနနှင့်သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သောသင်တန်းများ တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါသည်။

          ထို့ပြင် MSMEလုပ်ငန်းများဆောင်ရွက်ရတာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ ဌာနမှ သက်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 အင်္ဂပူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အခြေခံစားသောက်ကုန် ဆီ နှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှဦးဆောင်ကာ(၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစတင်၍ အင်္ဂပူမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် အခြေခံစားသောက်ကုန်  ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပင်စင်စား ဝန်ထမ်းများ ဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ကြက်ဥနှင့် စားအုန်းဆီ များရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

    ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ(၅)လုံး တစ်ထုပ်လျှင် ၂၀၀၀/- ကျပ်ဖြင့် အလုံးရေ ၃၀၀ ကို လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သား (ဘူးခွံအပါ)လျှင် ၃၇၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀) အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချခြင်းကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချ သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား  ဆီနှင့်ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၉.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ် ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များ အသင်းနှင့် ပူးပေါင်း၍  ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ(၅) လုံးနှင့် ဆီ(၅၀)ကျပ် သား ရောင်းချခဲ့ပါသည်။ ကြက်ဥ(၅)လုံးလျှင် ၂၀၀၀/- ကျပ်ဖြင့် အလုံးရေပေါင်း(၁၂၀၀)လုံး၊ ဆီ(၅၀)ကျပ် သား (၁)ဗူးလျှင်(ဘူးခွံအပါ) ၃၈၀၀/- ကျပ်ဖြင့် ပိဿာချိန် ၁၁၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာ ရေး စောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

 

 

 

 

 

မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

  ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်း၍  မြန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်နှင့် အောင်ဇေယျအားကစားခန်းမ၌ မြန်အောင်မြို့နယ် အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူး လျှင် (ဘူးခွံအပါ) ၃၆၀၀/- ကျပ်ဖြင့် ပိဿာချိန် ၁၁၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

  ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဖျာပုံမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦး၊ဦးဆောင်​သောတပ်ဖွဲ့ဝင်များကစုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၉)နာရီ အချိန်ကဖျာပုံပြည်သူ့ဆေးရုံးကြီးဝန်း၊သံဃာဆေးရုံးတွင်ကျင်းပသည်။
           အဆိုပါ(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းရာတွင်ဖျာပုံခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ) တို့မှ(အရာရှိ/အခြားအဆင့်)တပ်ဖွဲ့ဝင်များစုပေါင်းပါဝင်သွေးလှူးဒါန်းကြပြီးဖျာပုံခရိုင်ရဲတပ်ဖွဲ့မှယာယီ ဒုတိယရဲမှူးကြီး သန်းဦး၊ဖျာပုံပြည်သူ့ဆေးရုံးကြီးမှဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်း၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦး၊ လုံခြုံရေးတပ်ခွဲမှူး ရဲမှူး စိန်လွင်အောင်နှင့် အမှတ် (၈၀) ယာဉ်ထိန်း တပ်ဖွဲ့စု(ဖျာပုံ) မှ ဒုရဲအုပ် ဝိုင်းအောင်ချစ်တို့ကလှည့်လည်ကြည့်ရှုအားပေးကြသည်။ ထိုနောက် သွေးလှူးဒါန်ကြသူများအားဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦးနှင့်တာဝန်ရှိ သူများမှ ဖြည်စွက်စာကြက်ဥနှင့်အားဖြည့်အချိုရေးများလိုက်လံထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။

( Doca ဧရာဝတီ )

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးမှ virtual ဖြင့်တက်ရောက်

         စက်တင်ဘာလ ၂၀ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ် နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်၍ ရုံးချုပ်စီမံရေးရာဌာနခွဲနှင့် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် စီမံရေးရာဌာနခွဲရှိ တာဝန်ခံ အရာထမ်းများအား ပုံသေပိုင်ကိစ္စရပ်များနှင့် ပတ်သက်၍ Virtaul ဖြင့် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ တက်ရောက်ခဲ့ကြောင်း သိရပါသည်၊၊

            အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အလှည့်ကျ တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ