Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ် အွန်လိုင်းမှတ်ပုံတင် လျောက်ထားသူအား မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

         (၂၀.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်မှ အွန်လိုင်းမှတ်ပုံတင်လျောက်ထားသည့် ပိုးဝတီချည်ထည်လက္ကားပင်ရင်းလုပ်ငန်းအား မှတ်ပုံတင်ထားသည့်အချက်အလက်များနှင့်ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း စစ်ဆေးရေးအရာရှိက ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက်၊ အနော်ရထာလမ်းရှိ ပိုးဝတီအထည် လက်ကားပင်ရင်းဆိုင်မှ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်လျောက်ထားရာ အချက်အလက်များအတိုင်း မှန်ကန်မှုရှိ/မရှိကို စစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိမှ စစ်ဆေးရန်သတ်မှတ်ချက်များအတိုင်း လုပ်ငန်းခွင်၏ ရောင်းချမှုကုန်စည်များကို စစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချခြင်းနှင့်ပတ်သက်၍ အမိန့်ကြေငြာစာပါ အချက်အလက်များကို လုပ်ငန်းရှင်သိရှိနိုင်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် ဆီထောက်ပံ့လှူဒါန်း

             (၂၃.၉.၂၅) ရက်နေ့တွင် ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် ရေကြည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် ဆီများထောက်ပံ့လှူဒါန်းခဲ့ပါသည်။

          ထိုအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ပြီး အငြိမ်းစားဝန်ထမ်းအယောက် (၅၀၀) စာ ဆန်နှင့် ဆီများ လှူဒါန်းခဲ့သည်ဟု သိရှိရ ပါသည်။

 (DOCA (ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဒုတာဝန်ခံသည် heathy life ပန်းကန်ဆေးဆပ်ပြာဆီ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲဒုတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၆..၂၀၂ ရက်နေ့တွင် heathy life ပန်းကန်ဆေးဆပ်ပြာဆီ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရေကြည်မြို့နယ်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း

              (၂၀.၉.၂၅) ရက်နေ့၊ နံနက် (၇:၀၀) အချိန်တွင်၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက် ဗထူးအောင်ဆန်းလမ်း  ထူပါရုံဘုရားကျောင်းရှေ့ လမ်းဘေးဝဲယာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ)

 

 

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းတိုးခြင်း လုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

     ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းကျော်လွန်မှု မရှိစေရေး သက်တမ်းတိုးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ (၂၆.၉.၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဦးဇင်ကိုလတ်၊ ဦးမင်းစိုးဦး၊ ဦးဆန်ဝင်း၊ ဦးမောင်မောင်၊ ဦးသက်လွင်တို့နှင့် တွေ့ဆုံ၍ ဆန်စပါးသိုလှောင်ရုံများ တစ်နှစ်လျှင်တစ်ကြိမ် သက်တမ်းတိုးရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကိုလည်း လစဥ် လဆန်း (၁) ရက်မှ (၇) ရက်အတွင်း ပုံမှန်ထည့်သွင်းကြရန်နှင့် ဆန်စပါး စျေးနှုန်း တည်ငြိမ်ရေး၊ ဆန်စျေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရေကြည်မြို့နယ်တွင် စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ အောင်ဆန်းရပ်ကွက် (၉)လမ်းရှိ ကောင်းဆက် ငှက်ပျော်ကြော်လုပ်ငန်းသည် အမှန်တကယ်လုပ်ကိုင်ခြင်းရှိ/မရှိ၊ စက်မှုလုပ်ငန်းသုံး ဆီများကို အမှန်တကယ်သုံးစွဲမှုရှိ/မရှိ၊ မုန့်ပြုလုပ်ရာတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိ/မရှိ၊ အသုံးပြုသော ရေသန့်ရှင်းမှု ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ

ရေကြည်မြို့နယ်တွင် ငှက်ပျော်ကြော်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

              ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၂၂.၉.၂၅) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်(၉) လမ်းရှိ ကောင်းဆက်ငှက်ပျော်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းများ အမှန်တကယ်သုံးစွဲမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် ကုန်ကြမ်းရရှိမှုနှင့် ဈေးကွက် အခြေအနေ များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ)

 

ရေကြည်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား သက်သာသော ဈေးနှုူန်းဖြင့် ဆီနှင့် ကြက်ဥများရောင်းချပေးခြင်း

               ရေကြည်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်တွင် သက်သာ သော ဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်ဥများကို (၂၂.၉.၂၅) ရက်နေ့တွင် ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် စားအုန်းဆီ တစ်ပိဿာလျှင် (၃၆၀၀) ကျပ်နှင့် ပိဿာ (၂၀၀၀) ၊ ကြက်ဥ တစ်လုံးလျှင် (၃၅၀) ကျပ်ဖြင့်၊ အလုံး (၅၀၀) တို့အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ဆန်စက်လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (၂..၂၀၂) ရက်နေ့ နေ့လည် (၁၃၀၀) မှ (၁၃၄၅) နာရီအချိန်ထိ စားသုံးသူ ကာကွယ် ရေးအသိပညာပေး ဟောပြောပွဲကို ဌာနဆိုင်ရာ မိတ်ဖက် ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပါဝင်ပြီး ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ခွန်အားဆန်စက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ် ပေးရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းဟောပြောခဲ့ပါသည်။

        ဆက်လက်၍ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှု ရှိလာပါကအရေးဆို တိုင်ကြားနိုင်သည့် Call Center 1535 သို့ ဆက်သွယ် မေးမြန်း တိုင်ကြား နိုင်ပြီဖြစ်ကြောင်း၊ စားသုံးသူ များသာမက ကုန်စည်၊ ဝန်ဆောင်မှု ထုတ်လုပ်ဖြန်းဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူကာ ကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍  သိရှိလိုသည်များကို မည်သူမဆို Call Center 1535  မေးမြန်း နိုင်ပါ ကြောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ စားသုံးသူကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့်ရှင်းလင်း ဖြေကြား ပြီး လက်ကမ်းစာ စောင် များဖြန့်ဝေခဲ့ကြောင်း နှင့် ဟောပြောပွဲသို့ ဆန်စက်လုပ်သား (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချပေးနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

      ၂၉.၉.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များ၌ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင် (၉)ဆိုင်သို့ စားအုန်းဆီရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ