Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို အသိပညာပေး

        (၂၀.၉.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် အသိပေး ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

         ပြောကြားဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦး‌ဇော်မင်းက ပန်းတနော် စားအုန်းဆီ လက္ကားလက်လီဖြန့်ဖြူးသည့် ကိုယ်စားလှယ်များအား နေ့စည် ရောင်းချပေးသည့် ဆီရောင်းချမှုစာရင်းများ မှန်ကန်မှုရှိစေရေး၊ ဖြန့်ဖြူးသည့်စားအုန်းဆီများအား စားသုံးသူများထံသို့ မှန်ကန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဆီအုန်းဆီထုတ်ယူခွင့် ဆီစာအုပ်များဖြင့်ဖြန်ဖြူးရောင်းချရာတွင် အဆင်ပြေချောမွေ့စွာရောင်းချစေရေး၊ သတ်မှတ်ထားသည့်ဒေသစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ ရရှိသောစားအုန်းဆီခွဲတမ်းများအား သိုလှောင် ထားမှုမရှိဘဲ အပြည့်အဝရောင်းချစေရေး၊ အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့ ကိုအသိပညာ ပေးပြောကြားခဲ့ပြီး သတ်မှတ်စည်ကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ဆီရောင်းချသူ လက်ကား/ လက်လီ လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

         ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များအား စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်း (၈:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။
          တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် နှင့်အတူ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ကော်မတီ ဝင်များ၊  ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီများ နှင့်ဌာနဆိုင်ရာများတက်ရောက်ကြပြီး ရှေးဦးစွာဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့အနေဖြင့်စာရင်းကောက်ယူရေးလုပ်ငန်းများကို အလေး ထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်မှီပြီးသူတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေးတို့အပြင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များအနေဖြင့် လူဦးရေစာရင်းနှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်အလေး ထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

(Doca ဧရာဝတီ)

    ဖျာပုံမြို့၌ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်  

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်း ညွန်မှုဖြင့် အမှတ် (၈၀)ယာဉ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) မှတာဝန်ရှိသူများသည်  မြို့နယ်အတွင်း သွားလာလျက်ရှိကြသော မော်တော်ယာဉ်မောင်းနှင်ကြသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေးဆောင်ရွက်ခြင်းကို့စက်တင်ဘာလ  ၉၊နံနက် (၈:၀၀) မြို့နယ်အတွင်း လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။
         အဆိုပါယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ)မှ ဒုရဲအုပ်ဝိုင်းအောင်ချစ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများသည်မြို့နယ်အတွင်း သွားလာ လျက်ရှိသော မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန် စည်းကမ်းချက်များနှင့်ဆောင်ရန်/ ရှောင်ရန်စည်းကမ်းများ၊ဆိုင်ကယ်စီးနင်းမောင်နှင်ရာတွင် ဆိုင်ကယ်ဦးထုပ် ဆောင်းကြရန်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကိုလိုက်နာကြရန် အသိပညာပေးဟောပြောခြင်းကို မြို့နယ် အတွင်းလမ်းဆုံလမ်းဂွများ၊မြို့ဝင်၊မြို့ထွက်နေရာများတွင်လိုက်လံ ဟောပြောဆောင်ရွက်ကြ ကြောင်းသိရှိရသည်။

(Doca ဧရာဝတီ)

ဖျာပုံမြို့၌အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို စက်တင်ဘာလ(၂၃)ရက်၊ နံနက်(၉)နာရီအချိန်၌ ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက် သည်။
         အဆိုပါသင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက မီးသတ်တပ်ဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ပစ္စစည်များနိုင်ငံတော်အတွင်းရှိကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းလေ့ကျင့်သင်တန်းပေးရခြင်းဖြစ်ကြောင်း ယခုမွမ်းမံသင်တန်းသို့ တက်ရောက် ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် သင်တန်းမှရရှိသော ပညာရပ်နည်းနာများအား စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပြီး မိမိတို့ဒေသ မီးဘေးလုံခြုံရေးအပါအဝင် ရပ်ရွာအကျိုးပြု လုပ်ငန်းများ၌ အားတက်သရော ဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီးခဲ့သည်။အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)အား စက်တင်ဘာ (၁)ရက်နေ့မှစတင်၍ စက်တင်ဘာ (၂၆)ရက်နေ့ အထိ ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာန၊ သန္ဓေ တပ်ဖွဲ့ဝင်နည်းပြများမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတက်ရောက်ကြကြောင်း သိရှိရသည်။

(Doca ဧရာဝတီ)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ၂၉.၉.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊  အလေးချိန်၊ အရည် အသွေးပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဒုတာဝန်ခံသည် V! MAX ဆပ်ပြာခဲလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲဒုတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၆..၂၀၂ ရက်နေ့တွင် VI MAX ဆပ်ပြာခဲ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Lwin Maung Maung Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

      ၂၈.၉.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung  ကုမ္ပဏီမှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်နေ့ရက်/အချိန်/နေရာ အတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ ခွဲတမ်းရရှိသည့်အတိုင်း ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် ပိဿာ (၃၃၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ၂၇.၉.၂၀၂၅ ရက်နေ့ ၊နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊  အလေးချိန်၊ အရည် အသွေးပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် ပိဿာ (၃၃၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများရောက်ရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

    ၂၇.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်ရှိ စားအုန်းဆီလက်လီ ကိုယ်စားလှယ်များထံသို့ ယာဉ်အမှတ် 1M-3255 ယာဉ်မောင်း ဦးထွဏ်းမြတ်နိုး မော်တော်ယာဉ်ဖြင့် Myat A Kan Co.Ltd (၂၁) ပေပါနှင့် ယာဉ်အမှတ် 3N-6995 ယာဉ်မောင်း ဦးအောင်ဆန်းထိုက် မော်တော်ယာဉ်ဖြင့် Lwin Maung Maung Co.Ltd သို့ (၃၇) ပေပါရောက်ရှိမှု အခြေအနေအား မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို သထုံမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ အလေးချိန်ပြည့်မီစေရေး၊ သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)

သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ၂၆.၉.၂၀၂၅ ရက်နေ့တွင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ Myat Ah Kan ကုမ္ပဏီမှ စားအုန်းဆီကိုယ်စားလှယ် ဒေါ်ညိုညိုချောမှ စားအုန်းဆီရောင်းချ‌နေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား ရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် (၃၃၀) ပိဿာရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ