Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မှုအရ ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်း

            မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆေးဝါးဆေပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သက်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး စည်ပင်သာယာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဆေးနှင့် ဆေးပစ္စည်းကုန်သည်အသင်းနှင့် အတွင်းရေးမှူးအဖြစ် မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့သည် မအူပင်မြို့ပေါ်ရှိဆေးဆိုင်များသို့ ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါအဖွဲ့သည် မအူပင်မြို့ပေါ်ရှိ ကျားဗိုလ်ဆေးဆိုင်၊ မြမဥ္စူဆေးဆိုင်၊ ဒေါ်သိန်းညွှန်ဆေး ဆိုင်၊ စောဒေဝီဆေးဆိုင်၊ မြမြဆေးဆိုင်၊ ရိုဇီဆေးဆိုင်၊ ဦးလှထွန်းဆေးဆိုင်နှင့်မြို့ပေါ်ရှိဆေးဆိုင်များ အားလုံးသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဆေးဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်း ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး နေ့စဉ်ဆေးဆိုင်ဖွင့်လှစ်၍ စည်းကမ်းချက် များနှင့်အညီရောင်းချနိုင်ရေး ဆေးနှင့်ဆေးပစ္စည်းများ သက်မှတ်အရည်အသွေးပြည့်မှီရေး၊ ဈေးနှုန်း မှန်ကန်ရေးနှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရေးတို့ကို အကျယ်တဝင့်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်၊ သကန်ဝကျေးရွာရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်ဖြန့်ဝေပြီးစီးမှုခြေနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊ ညနေ (၁၅:၀၀) သကန်ဝကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ကော်မတီအဖွဲ့ဝင်များလက်ဝယ်သို့ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်(၉၇၀)အုပ် ပေးအပ်ခဲ့ပါသည်။

         အဆိုပါစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းနှင့် အလေးအချိန်မှန်ကန်မှုရှိစေရေး၊ အိမ်ထောင်စုဝင်တိုင်း  စားသုံးဆီအပြည့်အဝရရှိစေရေး၊ ဆောင်ရွက်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ အောက်ကွင်းကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊  နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက အောက်ကွင်းကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

      အဆိုပါတွေ့ဆုံပြောကြားရာတွင် အောက်ကွင်းကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီအမှန်တကယ်ရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး အောက်ကွင်းကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ သဲအိမ်တမံကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက သဲအိမ်တမံကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် သဲအိမ်တမံ ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး သဲအိမ်တမံကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်အတွင်းရှိ၊ အချာတမံကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးဆီ ဂျိုဝါထလွန်ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊  နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက အချာတမံကျေးရွာရှိစားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါ တွေ့ဆုံပြောကြားရာတွင် ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊ သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန်အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး အချာတမံကျေးရွာစားသုံးဆီကော်မတီများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်တွင်းဆန်ဖူလုံရေးနှင့် ဆန်စပါး ဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး  အစည်းအဝေး ခန်းမတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင်  ပြည်တွင်းဆန်ဖူလုံရေးနှင့် ဆန်စပါး ဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက တိုင်း/ခရိုင်/မြို့နယ်အလိုက် My RO မှတ်ပုံတင်ထားရှိမှု၊ တိုးတက်မှုအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က My RO မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသော ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်အသင်း၊ ဆန် ကုန်သည်များအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများက Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းဆန်ဖူလုံရေးနှင့် ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေးအတွက် အထွေထွေဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။     

DOCA(မန္တလေး)   

                  

ဒေးဒရဲမြို့နယ်သို့ စားအုန်းဆီကား ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

        ဖျာပုံခရိုင်၊ ဒေးဒရဲမြိုု့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊ နေ့လယ် (၁၃ :၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ဆီကိုယ်စားလှယ်၏ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းအရ စားအုန်းဆီ(၂၀)ပေပါ(သို့)(၂၂၀၀)ပိသာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေးဒရဲမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂ရာခိုင်နှုန်းအမြတ် တို့ဖြင့် စားအုန်းဆီလက်လီ/ လက်ကားဆိုင်များသို့ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂ရာခိုင်နှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း၊ ခွဲတမ်းရရှိသော စားအုန်းဆီလက်လီ/ လက်ကား ကိုယ်စားလှယ်များထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သထုံမြို့၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ‌ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပ

     မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဥ် ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများအကြောင်း တို့ကို (၂၅.၉.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပါသည်။

      ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက “ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန်လက်တွဲပေး” နှင့်အညီ ခွေးရူးရောဂါကင်းစင်အောင် ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စားသုံးသူ‌ရေးရာဥပဒေ၏ အမည်စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ၊ စားသုံးသူကာကွယ်‌ရေးဥပဒေ၏ ရည်မှန်းချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့် စပ်လျဥ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး၊ ဝန်ဆောင်မှုူ လုပ်ငန်းများ၏အာမခံချက်နှင့် စပ်လျဥ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးစသည့် ကာကွယ်ရေးဥပဒေများအကြောင်း သိကောင်းစရာတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

     အဆိုပါ အခမ်းအနားသို့ သထုံခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သထုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

                                                                                                          DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံမှ ဆန်သိုလှောင်ရုံအား MyRO တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

      ၂၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့ပေါ်ရှိ စိန်မေတ္တာဆန်သိုလှောင်ရုံအား Myanmar Rice Online- MyRO တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံလုပ်ငန်းရှင်အား MyRO တွင် မှတ်ပုံတင်သက်တမ်းကုန်ဆုံးသဖြင့် ထပ်မံသက်တမ်းတိုးရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း (၁) ရက်မှ (၇) ရက်အတွင်း ပုံမှန်လစဉ်ထည့်သွင်းရန် ဆွေးနွေး ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ၂၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဆေးဆိုင် များအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဆေးဆိုင် များတွင် လက်ကားဈေးအပေါ်၌ ဒေသပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုမရှိကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ