Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၂..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မိုးမိုးသည် မော်လမြိုင်မြို့နယ်၊ ဒိုင်းဝန်ကွင်းရပ်ကွက်ရှိ Y&M Bakery ကိတ်မုန့်လုပ်ငန်းအား အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ  ဘီးလင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင် များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှု မရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများရောင်းချနေမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မုဒုံမြို့နယ်အတွင်းရှိ ‌ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများရောင်းချနေမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ  မော်လမြိုင်မြို့နယ်၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ‌ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျုံပျော်မြို့နယ်တွင် အသိပညာပေး Talk Show ဆောင်ရွက်ခြင်း

          ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၅.၉.၂၅) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးခန်းမအတွင်းဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားအုန်းဆီ ဖြန့်ဖြူးရာတွင် မြို့နယ်အလိုက် စားအုန်းဆီဖြန့်ဖြူးမှုများ၊ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်နှင့် ပြည်သူများလက်ဝယ်သို့ ပစ္စည်းမှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်၊ ရက်ချိန်းမှန်၊ နေရာမှန်၊ စာရင်းမှန်ဖြင့်ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ ပဒေသာဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၈.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ပဒေသာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည်များရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဟင်္သာတမြို့နယ် ပဒေသာဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်းချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော  အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

 DOCA (ဧရာဝတီ)

ခရိုင်စားသုံးသူရေးရာကော်မတီ အစည်းအဝေးကျင်းပခြင်း

    မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အတွင်းရေးမှူး စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ခရိုင်စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများနှင့် အညီဆောင်ရွက်နိုင်ရေး၊ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအား Virtual စနစ်ဖြင့် (၁၈.၉.၂၀၂၅)ရက်နေ့တွင် ကျင်းပကြောင်း သိရှိရပါသည်။

    မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ဖွဲ့စည်းအတည်ပြုထားသည့် ခရိုင်စားသုံးသူ ရေးရာကော်မတီ(၁၀)ခု၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သို့ ဖွဲ့စည်းခြင်း အတည်ပြု ချက်ရယူထားသော ခရိုင်စားသုံးသူရေးရာကော်မတီ(၂၁)ခုတို့ စုံလင်စွာ တက်ရောက်ကြောင်း သိရှိရပါသည်။

   ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အတွင်းရေးမှူးမှ သက်ဆိုင်ရာ ကော်မတီများဖွဲ့စည်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးများမှ ခရိုင်စားသုံးသူရေးရာ ကော်မတီလုပ်ငန်းတာဝန်များနှင့် ကော်မတီအစည်းအဝေးများကျင်းပနိုင်ရေး  Power Pointများဖြင့် ရှင်းလင်းဆွေးနွေးပါသည်။

      ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်ကြပြီး အပြန် အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်၍ ကချင်ပြည်နယ်မှ ခရိုင်စားသုံးသူရေးရာကော်မတီ(၂)ခု၊ ကရင်ပြည်နယ်မှ(၁)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၄)ခု၊ ပဲခူးတိုင်းဒေသကြီးမှ(၃)ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ(၆)ခု၊ တနင်္သာရီတိုင်းဒေသကြီးမှ(၂)ခု၊ မကွေးတိုင်းဒေသကြီးမှ(၃)ခု၊ မန္တလေးတိုင်းဒေသ ကြီးမှ(၃)ခု၊ မွန်ပြည်နယ်မှ(၂)ခုနှင့် ရှမ်းပြည်နယ်မှ(၅)ခု စုစုပေါင်း ခရိုင်စားသုံးသူရေးရာကော်မတီ (၃၁)ခု တက်ရောက်ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

 

 

အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် ဇလွန်မြို့ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေး ပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျိုင်းတုံမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁) အတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန် အခြေအနေ နှင့်သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁) အတွင်းရှိ ဒေါ်လဲ့လဲ့စိုးဆန်ဆိုင်၊ အောင်ဆန်ဆိုင်၊ အာခါလေးဆန်ဆိုင်များတွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြ သည်ကိုတွေ့ရှိရပြီး ဧည့်မထဆန်ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ပေါ်ဆန်းမွှေးဆန်များ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများမှ ဆန်ဆိုင်ပိုင်ရှင် များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ ဆန်တန်ချိန်(၂၅)ဆံ့ သိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ရန် ကျန်ရှိသောဆန်ဆိုင်များအား မှတ်ပုံတင်ရန် ဆောင်ရွက်ကြရန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသောဈေးနှုန်းဈေးကွက် ထုတ်ပြန်ချက် များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ရှမ်းပြည်နယ်အတွင်း ‌ဒေသတစ်ခုမှ‌ဒေသတစ်ခုသို့စပါး၊ဆန်နှင့်ဆန်ထွက်ပစ္စည်းများ သယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာစံလုပ်ထုံးလုပ်နည်း (SOP)(မူကြမ်း)ရှင်းလင်းဆွေး‌နွေးပွဲပြုလုပ်ကျင်းပခြင်း

      ရှမ်းပြည်နယ်အတွင်း ‌ ဒေသတစ်ခုမှ‌  ဒေသတစ်ခုသို့  စပါး၊ ဆန် နှင့် ဆန်ထွက် ပစ္စည်းများသယ်ဆောင်ခြင်း နှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ  စံလုပ်ထုံးလုပ်နည်း (SOP)(မူကြမ်း)ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို စက်တင်ဘာလ၂၉ ရက်၊ နံနက်(၁၀:၀၀) နာရီ အချိန်စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

        အခမ်းအနားသို့ ပြည်နယ်ဆန်၊စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်နှင့် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအ ဖွဲ့ဝင်များဖြစ်သော အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးဖိတ်ကြားထားသည့် ရှမ်း ပြည်နယ်ဥပဒေချုပ်ရုံးပြည်နယ်ဥပဒေအရာရှိနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း( ရှမ်း- တောင် အသင်းခွဲ)၊ရှမ်းပြည်နယ်(တောင်ပိုင်း)ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်အဝေး ပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်များ၊ ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များစုစုပေါင်း(၄၄)ဦးက inperson ဖြင့်တက် ရောက်ခဲ့ကြပြီး ပအိုဝ်း/ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ လားရှိုး/ ကျိုင်းတုံ/ကလော/လွိုင်လင်/တာချီလိတ် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များမှ အွန်လိုင်း ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပြည်နယ်ဆန်၊စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင် ကအဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေး မှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးရွှေဖြူက (SOP)မူကြမ်းအား power point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှ (SOP)မူကြမ်းနှင့်ပတ်သက်၍ အကြံပြုချက်များ၊ ပြင်ဆင်လိုသည့်အချက်များကို အကြံပြုဝိုင်းဝန်းဆွေး‌နွေးခဲ့ကြပါသည်။

          အကြံပြုဆွေးနွေးချက်များအပေါ် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင် ဌာန ဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အခမ်းအနားကို ၁၂:၄၅တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ