Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Thursday Talk နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Thursday Talk အသိပညာပေးဟောပြောပွဲ နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ အရာထမ်း (၃) ဦး၊ အမှုထမ်း (၁၇) ဦး တက်ရောက်ခဲ့ပါသည်။

    ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်အေး (ဒုတိယဦးစီးမှူး) နှင့် ဒေါ်ထူးအိန္ဒြာဗိုလ် (ဒုတိယဦးစီးမှူး) တို့က “စားသုံးသူကာကွယ်ရေးဉပဒေ အကြောင်းသိကောင်းစရာ” နှင့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြော ခဲ့ကြပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူတွေရဲ့ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဉပါဒ်အန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်မသင့် သိရှိသင့်သည့်  ကုန်အညွှန်းအမှတ်အသားပါ အချက်         အလက်များ၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ပါက ကျခံရမည့် ဉပဒေပုဒ်မများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

မြန်မာ့ရှေ့ဆောင်ဘဏ်မှ မိတ်ဆက်၊ လုပ်ငန်းရှင် တို့အားတက် စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်

             စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် အစည်းအဝေးခန်းမ၌ Gold Dalta Co.Ltd , မှ တာဝန်ရှိသူများနှင့် မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်မရှိသူများ၊ ဆန်စက်၊ ဆီစက်၊ ပွဲရုံ လုပ်ငန်းရှင်များ (၂..၂၀၂) ရက်နေ့ နံနက် () နာရီ အချိန်တွင် တွေ့ဆုံ ဆွေးနွေးမှု ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံး မှဦးခိုင်လွမ်းမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေ အခန်း (၁၃) ပါ ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးခြင်း၏ အဓိပ္ပာယ်နှင့် အခန်း(၁၄) ပါ ဝန်ဆောင်မှုလုပ်ငန်း၏ အာမခံချက် နှင့် စပ်လျဉ်း ၍ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများအေကြာင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ပါသည်။

        ဆက်လက်၍ Gold Dalta  Co.Ltd , မှ ဓနုဖြူမြို့နယ် တာဝန်ခံမှ ပြောကြားရာတွင် ကုမ္ပဏီ၏ ရည်ရွယ်ချက်၊ လယ်သမားများအတွက် ကုမ္ပဏီမှ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမို အောင်မြင်မှု အလားအလာ ကောင်းများအကြောင်း ပြောကြားပြီး၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိသူများက ဘဏ်၏ ဝန်ဆောင်မှုများ၊ ငွေရေး၊ ကြေးရေးကဏ္ဍနှင့် လုပ်ငန်းရှင်များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ရွှေမြားသောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားအရ ထည့်သွင်း ပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ထည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ ယခုအချိန်၌ ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများ မဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့်ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်း များရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိ စောင့်ထိန်းဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူကာကွယ်ရေး ဥပ‌ဒေအကြောင်း အသိပညာပေးဟောပြောပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ် ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို (၂၂..၂၀၂) ရက်နေ့ နံနက် ၉နာရီအချိန် တွင်အစီမစဉ်(၅)ရပ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။

            အဆိုပါအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ အခွင့်အရေးနှင့် လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များသာမက ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံများကို အကျယ်တဝင့် ဟောပြောဆွေး နွေးခဲ့ပါသည်။

            အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပြီး ဟောပြောပွဲသို့ ကျေးရွာသူ/သား (၅၃)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လွိုင်လင်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ၊စက်တင်ဘာလ (၁၉) ရက်နေ့၊ နေ့လယ် (၁3:၀၀)နာရီအချိန်တွင်  လွိုင်လင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ပြည်တွင်း ကုန်သွယ်မှူ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန် ဆွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ် တန်ထမ်းများသည် ညောင်တုန်းမြို့နယ် ဒေသန္တရာဆိုင်ရာလုပ်ငန်းများကို မိတ်ဖက်ဌာနများနှင့် လိုက်ပါပူး‌ပေါင်းဆောင်ရွက်သလို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်သလို ပြည်တွင်းကုန်သွယ်မျုလုပ်ငန်းများပါ တွဲဖက် ဆောင်ရွက်သဖြင့် ဆောင်းရာသီစိုက်ပျိုးသီးနှံများ စိုက်ပျိူးထွက်ရှိမှု အခြေအနေများကို ကွင်းဆင်း၍ ဆောင်ရွက်ခြင်းများကို မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ စီမံချက်များရေးဆွဲ၍ ဆောင်ရွက်သွားမည့် လုပ်ငန်းများအကြောင်းကို ၂၁-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူများနှင့် ဆွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

          ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်တွင် စိူက်ပျိုးသော ဒေသတွင် ဆိထွက်သီးနှံများ၊ ပဲပြောင်း၊ နှမ်း၊ နေကြာ၊ ဟင်းသီးဟင်းရွက်များ၊ ငရုတ်နှင့် ဒေသတွင် စပါး/ ဆန် စိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ် တောင်သူအကျိုးအမြတ်များ ကွင်းဆင်းတွက်ချက် သိရှိနိုင်ရေး၊ ပြည်ပတင်ပို့ဆန်/ရေထွက်ကုန်များ၊ ဒေသတွင် တစပိုင်တနိုင် ထုတ်ကုန်လုပ်ငန်းများ ကွင်းဆင်းလေ့လာသံးသပ်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများပါ ပူး‌ပေါင်း ချိတ်ဆက်ဆောင်ရွက်ချက် လျာထားစီးမံချက် လုပ်ငန်းများအကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းရှင်များအား ‌ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေး အသိပညာပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းစားအုန်း ဆီရောင်းချသည့် လုပ်ငန်းရှင်များကို ပန်းတနော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီခွဲ စားအုန်းဆီရောင်းချမှု ဈေးနှုန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

          ပန်းတနော်မြို့နယ် စားအုန်းဆီ လက်ကား/လက်လီ ‌ရောင်းချသော လုပ်ငန်းရှင် ၂၅ဦး ကို မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က အသိပေးပြောကြားရှင်းလင်းရာ  မိမိတို့ ဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများကို သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ထိန်ကြောင်းဆောင်ရွက်လျက်ရှိပြီး FOBဈေးနှုန်းများကို စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ အခွန်အခ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညျွန်းဈေးနှုန်း အပတ်စဉ်ထုတ် ပေးလျက်ရှိရာ ရောင်းချသူလုပ်ငန်းရှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေးကော်မတီများသို့ တင်ပြပြီး ဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းများကို အခါအားလျော်စွာ စောင့်ကြည်စစ်ဆေးသွားမည်ဖြစ်ကြောင်း  လုပ်ငန်းရှင်များကို အသိပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း တရားမဝင်ကုန်စည်များ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်သော စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစေရန် တားမြစ်ထားသော တရားမဝင် စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၌   ကွင်းဆင်းစစ်ဆေးသည်။

       ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများ၊  မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ညောင်တုန်းမြို့နယ် ဘုရာလမ်းပေါ်ရှိတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များနှင့် လုပ်ငန်းသုံးပစ္စည်းဆိုင်များတွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန် ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိ၊ တရားမဝင် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်ပြောကြားကာ တရားမဝင်ပစ္စည်းများ ရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို  လုပ်ငန်းရှင်များအား အသိပညာပေး ပြောကြားရှင်းလင်းခဲ့ ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

ကလေးအဟာရ ဖြည့်စွပ်စာ DUMEX DUPRO အမှတ်တံဆိပ် အတုများ ပန်းတနော်ြမို့နယ် ဈေးကွက်အတွင်း ရောင်းချခြင်း ရှိမရှိ စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦး စီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၁-၉-၂၀၂၅ နေ့နံနက် ၁၀ နာရီအချိန်က ပန်းတနော်မြို့နယ် ရပ်ကွက် ကုန်စုံဆိုင်ကြီးများနှင့် ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ ဈေးကွက်အတွင်းနှင့် ကုန်စုံဆိုင်ကြီး များတွင် ရောင်းချနေသည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြ ထားခြင်း ရှိ/ မရှိ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ များ ဆောင်ရွက်ခဲ့ကြ သည်။ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ ကုန်အမှတ်တံဆိပ်များတွင် DUMEX DUPRO အမှတ်တံဆိပ်ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်တာဝန်ံခံများကို ကလေးအဧာ*ဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန်ကို လမ်းညွှန်မှာကြား အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

            ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦး စီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည်  ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ  (၇)ရက်နေ့၊  နေ့လယ် (၁၃:၃၀) အချိန်တွင်  တောင်ကြီးမြို့ ၊ အဝေရာမီးပုံးပျံကွင်း ၌ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ခင်းကျင်းရောင်း ချလျက် ရှိသောဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန် အတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဈေးဆိုင်များမှရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည် ထိုနောက်စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်များ၊ ထောက်ခံချက်များ ပြုလုပ်ဆောင်ရွက်ရန်  နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ