Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒုညွှန်ချုပ်ဦးဆောင်ပြုလုပ်သည့် စားသုံးဆီဖြန့်ဖြူးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ virtual ဖြင့်တက်ရောက်

       ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ရက်နေ့ ၊နံနက်(၁၀း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ တိုင်းနှင့် ပြည်နယ်အလိုက်ဆီဖြန့်ဖြူးမည့်ကုမ္ပဏီများ၊  စားသုံးသူရေးရာဦးစီးဌာန တိုင်းနှင့်ပြည်နယ်ဦးစီးမှူးများနှင့်တွေ့ဆုံ၍ စားသုံးသူဖြန့်ဖြူးမည့်အခြေအနေများ၊ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဆွေနွေးခဲ့ပါသည်။

     အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဆွေးနွေခြင်း၊ ကုမ္ပဏီများမှထုတ်ယူဖြန့်ဖြူးသည့် ကိစ္စများအားဆွေးနွေးခြင်းနှင့် တိုင်းနှင့်ပြည်နယ်ဦးစီးမှူးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးအား နေ့လယ် (၁၂း၀၀)နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီရောင်းချမှု ကွင်းဆင်းစိစစ်

     ၂၀၂၄ ခုနှစ် ၊ ဇွန်လ(၃)ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများကို ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ ရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစား သုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် စားအုန်းဆီရောင်းချမှု အခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ စားအုန်းဆီရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင်(၁)ပိဿာနှုန်း စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၅၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ သတ်မှတ်နေရာများတွင် ပြည်သူ(၂၂၃၁)ဦးအတွက် စားအုန်းဆီ ၂၂၃၁ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပေါ်ရှိ ဌာနပေါင်းစုံ မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားတက်ရောက်ခြင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံတို့ပူးပေါင်းကာ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနား ပြုလုပ်ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားကို (၄.၆.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့ရှိ ကုတင်(၁၀၀)ဆေးရုံဝင်းအတွင်း၌ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနပေါင်းစုံ စုပေါင်း၍ ကျင်းပပြုလုပ် ဆောင်ရွက်ရာတွင် ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဝက်ခေါက်နှင့်အမဲခေါက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၄ခုနှစ်၊ ဇွန်လ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ မြို့သစ်ရပ်အတွင်းရှိ ဝက်ခေါက်နှင့်အမဲခေါက်ထုတ်လုပ်သည့်လုပ်ငန်း အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်း ရှင်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် “ရွှေကျန်းမာ”အမှတ်တံဆိပ်(ဝက်ခေါက်၊ အမဲခေါက်)လုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် “ရွှေကျန်းမာ” အမှတ် တံဆိပ်လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

      စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်ခရိုင်၊ ပြည်မြို့၊ မြို့ပေါ်ကလေးသုံးပစ္စည်းအရောင်းဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် မြို့ပေါ်ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ကြာနီကန်ရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ မြို့ပေါ်ကုန်စုံဆိုင်နှင့် ပန်းတောင်းဈေးရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ဥသျှစ်ပင်မြို့၊ ကလေးသုံးပစ္စည်းအရောင်းဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့၊ မြို့ပေါ်စတိုးဆိုင်များရှိ ကလေးသုံးပစ္စည်းအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မေလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဝါးတောကျေးရွာနှင့် သရက်သုံးပင်အုပ်စု၊ သရက်သုံးပင်ရွာများသို့လည်းကောင်း၊  ပန်းတောင်းမြို့၊ ဝန်လိုရပ်ကွက်သို့လည်းကောင်း မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မေလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်မြို့၊ မြို့သစ် (၉) လမ်းနေ၊ ဦးခင်စိုး၏ နှင်းဥခင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ မြို့သစ်(၈)လမ်းနေ ဦးဝဏ္ဏမျိုး၏ ဖြိုး ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ရွာဘဲနယ်မြေ၊ မူယာပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ဦးဇော်ဝင်း၏ ဇော်ထက် ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ဆံတော်ရပ်ကွက်နေ ဒေါ်သန်းသန်းဌေး၏ ခိုင်ရွှေပွင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဦးရဲနိုင်၏ ရွှေဖလား ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ဦးကျော်ဌေး၏ အောင်ချမ်းသာ ဆန်စက်လုပ်ငန်းသို့လည်းကောင်း၊ သရက်တောရပ်ကွက်၊ ရှမ်းတန်းလမ်းနေ ဦးကျော်ကျော်မိုး၏ ဆု ဆန်စက်လုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ လုပ်ငန်းရှင်များအား မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ လစဉ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်းများသိရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရန်ရည်ရွယ်ချက်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊  ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွား့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း  ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ခုနှစ်၊ မေလ(၆-၅-၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ “ခေတ်ကြိုက်” သောက်ရေသန့်လုပ်ငန်းရှင်နှင့် အလုပ်သများများအား စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ(၁)ကြိမ်ကျင်းပပြုလုပ်ခြင်း၊ (၇-၅-၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ (၇-၅-၂၀၂၄) ရက်နေ့နှင့် ၂၇-၅-၂၀၂၄) ရက်နေ့တို့တွင် ကျွန်းလှမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း (၂)ကြိမ်၊ (၆-၅-၂၀၂၄) ရက်နေ့၊ (၂၀-၅-၂၀၂၄) ရက်နေ့နှင့် (၇-၅-၂၀၂၄) ရက်နေ့တွင် ကျွန်းလှမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသ၏ ဘိလပ်မြေဈေးနှုန်း/ဈေးကွက်၊ လက်ကျန်နှင့်သယ်ယူပို့ဆောင်ရေး အခြေအနေများကို တွေ့ဆုံကွင်းဆင်းစစ်ဆေးခြင်း(၃)ကြိမ်၊ (၂၇-၅-၂၀၂၄)ရက်နေ့တွင်  ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ “နှင်းမိုးလှိုင်” ကိတ်နှင့်ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့လိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရန် ကုန်အညွန်းအမှတ်အသားများမပြည့်စုံပါက စားသုံးသူရေးရာဦးစီးဌာနသို့လျှောက်ထားကြရန်နှင့် လျှောက်ထားရန်အတွက် ဌာနအနေဖြင့်  အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်းနှင့် ဟောပြောပွဲတွင်လည်း စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး(၈)ချက်ကိုသိရှိနိုင်ရန်၊  စားသုံးသူအခွင့်အရေးများသိရှိပြီး အခွင့်အရေးများတောင်းဆိုတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး (၈)ချက်နှင့်  စားသုံးသူပြည်သူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်တို့ကို အကျယ်တဝင့်ဟောပြောခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ်၊ မေလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

       ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင်ကပ်နှိပ်ရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဌာနအနေဖြင့် မည်သည့်စာရွက်စာတမ်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်န်ကျစရိတ်ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

       စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ရာတွင်၂၀၂၄ခုနှစ်၊ မေလတွင် သောက်ရေသန့်လုပ်ငန်းရှင်၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ဆုံဆီလုပ်ငန်းရှင်၊ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊  ဆန်စက်လုပ်ငန်းရှင်၊ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်/ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ တို့ဟူးခြောက်လုပ်ငန်းရှင်၊ ရက်ကန်းလုပ်ငန်းရှင်၊ ဆေးရောင်းဝယ်ရေးလုပ်ငန်းရှင်၊ မုန့်လုပ်ငန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၂၇)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ်၊ မေလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

    ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနကဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ မေလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ (၃၀)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန်လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အချိုရည်နှင့်ယိုမျိုးစုံ၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ အခြားပြုပြင်ထုပ်ပိုး/ ထုပ်လုပ်ထားသောစားသောက်ကုန်အမျိုးမျိုး၊ Solar လျှပ်စစ်ထုတ်စက်များအပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏အတည်ပြုချက်ရယူရန် တင်ပြလာပါက ဌာနအနေဖြင့် ဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများကလည်း သတ်မှတ်လိုင်စင်များရှိ/မရှိစစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)   

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ