Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်လင်မြို့မဈေးရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၆.၈.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင် များသို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြု ရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ 

DOCA (ရှမ်း)

စိန်နှင့်မြ ဆန်/ဆီရောင်းဝယ်ရေးအား အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးကော်မတီ ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျှက်ရှိရာ (၇.၈.၂၀၂၅) ရက် နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကံတောင်ရပ်ကွက် ၊ စိန်နှင့်မြ ဆန်/ဆီရောင်းဝယ်ရေးအား သွားရောက်၍ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နယ်စည်ပင်သာယာရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များ၌  ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စိုက်ပျိုးရေးအရောင်းဆိုင်များ၌  တရားမဝင်ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများရှိ/ မရှိ၊ CPA သတ်တမ်းလွန်နေခြင်းရှိ/ မရှိ၊ ရောင်းချခွင့်လိုင်စင်များရှိ/ မရှိ၊ စိုက်ပျိုးရေးဆေးရောင်းချသူများသည် စိုက်ပျိုးရေးမှဖွင့်လှစ်သော သင်တန်းများ တက်ရောက်ထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း၊ စိုက်ပျိုးရေးအရောင်းဆိုင်များမှ စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချရာတွင် လက်အိတ်၊ mask များတပ်ဆင်၍ ရောင်းချရေး၊ ဆေးကြောရန် ရေဘေစင်များထားရှိရေး၊ ရောင်းချသည့် အရောင်းဆိုင်များ၏ လေဝင်၊ လေထွက် ကောင်းမွန်စေရန်၊ ဆေးရောင်းချသည့် ဆိုင်များအတွင်း ကလေးသူငယ်များနှင့် အစားသောက်များ မထားရှိရေး၊သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်တွင် စားအုန်းဆီ ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ ၂၀၂၅ ခုနှစ်ဇူလိုင်လ(၂၁) ရက်နေ့တွင် မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင်တို့ရှိ ဆီကုန်သည်အသင်းမှ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားအုန်းဆီ ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှာ စားအုန်းဆီ လက်လီ/ လက်ကား ကိုယ်စားလှယ်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး၊ ရပ်ကွက်/ ကျေးရွာများအရောက်သွားရောက် ရောင်းချရာတွင် စာအုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ရောင်းချရေး၊ အများမြင်သာသည့် နေရာတွင် ဗွီနိုင်းများ ချိတ်ဆွဲရောင်းချရေး၊ အလေးချိန်နှင့်အချင်အတွယ်များ မှန်ကန်စွာရောင်းချရေး၊ ရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန် ရောင်းချရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ဆီကိုယ်စားလှယ် ( ၈၅ ) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြို့လုံးကျွတ်ဝါတွင်းကာလ အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပူဇော်ပွဲပါဝင်လှူဒါန်း

     ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဝါတွင်းကာလ အာရုံဆွမ်း စုပေါင်းလောင်းလှူပူဇော်ပွဲကို (၃၁-၇-၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်း၊ ကမ္ဘောဇဓမ္မာရုံအရှေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ မြို့လုံးကျွတ်ဝါတွင်းကာလ အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပူဇော်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာ ဝန်ကြီးမှဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများမှ သံဃာတော် အပါး(၁၀၀၀)အတွက် ကြက်သားဆီချက်ခေါက်ဆွဲများကို လောင်းလှူ၍ လှူဒါန်းပူဇော်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA (ရှမ်း)

မိတ္ထီလာခရိုင်တွင် Online Shopping ရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌဦန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့၌ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်ရှိ ကုန်သည်လုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးရုံးတွင် Online Shopping ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

           ရှင်းလင်းဆွေးနွေးရာ၌ ခရိုင်းဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်/ဝန်ဆောင်မှု ရောင်းချခြင်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ www.ecomreg.com.mm တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင် လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက် ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် အမှန်တကယ်ဆောင်ရွက်မှုရှိ/ မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် အွန်လိုင်းစနစ်ကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားပေးရန်ဖြစ်ကြောင်း၊ ယခုအခါ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာ များစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကို မှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူနှစ်ဦးနှစ်ဖက် လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းခရိုင်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ် ရွေးချယ်ပွဲပြုလုပ်

                စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦဆောင်၍  ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့၌ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ပဒေသာဆန်စက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

                ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် ဆန်ဟာ အရေးကြီးကုန်စည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း၊ ထိုသို့‌ဆောင်ရွက်ရာတွင် ဆန်စက်တွေအဆင့်မြှင့်တင်ဖို့လိုကြောင်း၊ ဆန်စက်အသစ်များတည်ဆောက်ဖိုလိုအပ်ကြောင်း၊ လယ်ယာကဏ္ဏဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ ဆန်စက်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နောင်အခါတွင် Export တင်ပို့မည့် ဆန်များအား ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းအသင်းအဖွဲ့များ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စဉ်ဆက်မပျက်ချိတ်ဆက်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအဖြစ် ပျော်ဘွယ်မြို့နယ်တွင် အဖွဲ့ဝင် (၉) ဦး၊ ရမည်းသင်းမြို့နယ်တွင် အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်

         ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်ဖြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် ဝမ်းတွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးက ဝမ်းတွင်းမြို့နယ်တွင် ဆန်စက်များစွာရှိပြီး လုပ်ငန်းရှင်များစုဖွဲ့မှုရှိဖို့လိုကြောင်း၊ တစ်ဦးတစ်ယောက်တည်းထက် အများစုပေါင်းဆောင်ရွက်ခြင်းမှာ အောင်မြင်မှုပိုမိုရရှိကြောင်း၊ လုပ်ငန်းရှင်များ အောင်မြင်တိုးတက်ခြင်းမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကလည်း ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်နေရာ ယခုအသင်းအလုပ်မှုဆောင်ပြန်လည် ရွေးချယ်ရေးကိုလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးရုံး၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း၏ မေတ္တာရပ်ခံချက်တို့အရ ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အသင်းဝင်များ၏ အကျိုးကို ဆောင်ရွက်လိုသော ပရဟိတစိတ်ဖြင့် တက်ကြွစွာဆောင်ရွက်ရန်လိုကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှ ဆန္ဒပြုသဘောတူရွှေးချယ်တင်မြှောက်ကြရန်ဖြစ်ကြောင်း၊ ဆန်စက်အသင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်မှာ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရန်လိုကြောင်းပြောကြားခဲ့ပြီး၊ ဝမ်းတွင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ကို လုပ်ငန်းရှင် (၁၇) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဝမ်းတွင်းမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းမျာသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ညီနောင်ကွက်သစ်ရှိ အိရွှေစင် ပိုးထည်ချည်ထည်ပင်ရင်းလုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဝမ်းတွင်းမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ တွင် ဝမ်းတွင်းမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု ၊ လျှော်ပင်ကျေးရွာရှိ  Wai Aung အထည်လိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ