Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၆၊၁၇၊၂၂) ရက်တို့တွင် ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးပြီး စာအုပ်မပါသောသူများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းရှင်များအား ‌ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေး အသိပညာပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များကို မြို့နယ်ဦးစီးမှူးရုံးတွင် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင် စားအုန်းဆီရောင်းချမှုဈေးနှုန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

          စားအုန်းဆီ လက်ကား/ လက်လီ ‌ရောင်းချသော ညောင်တုန်းမြို့နယ်မှ လုပ်ငန်းရှင်များကို ညောင်တုန်း မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က အသိပေးပြောကြားရာ  မိမိတို့ ဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ထိန်ကြောင်းဆောင်ရွက်လျက်ရှိပြီး FOBဈေးနှုန်းများကို စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ အခွန်အခ ထည့်သွင်းတွက်ချက်၍ ပြည်တါင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညျွန်းဈေးနှုန်း အပတ်စဉ်ထုတ်ပေးလျက်ရှိရာ ရောင်းချသူလုပ်ငန်း၇ှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေးကော်မတီများသို့ တင်ပြပြီး ဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ရွှေမြားသောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားအရ ထည့်သွင်းပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ထည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ ယခုအချိန်၌ ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများ မဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့်ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်း များရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိ စောင့်ထိန်းဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

 

လွိုင်လင်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ၊စက်တင်ဘာလ (၁၉) ရက်နေ့၊ နေ့လယ် (၁3:၀၀)နာရီအချိန်တွင်  လွိုင်လင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ှရှမ်း)

ပုဇွန်တောင်မြို့နယ်ရှိ  ဆေးဆိုင်များအား  ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင်ရာဌာန များမှထောက်ခံချက်မပါသော ဆေးဝါးများရောင်းချမှုမရှိစေရေး နှင့် ပြည်တွင်းဆေးဝါးပြတ်လပ်မှု မရှိစေရေးအတွက် (၂၃.၉.၂၀၂၅ )ရက်နေ့ အမှတ်(၆၃)၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများနှင့်ပတ်သက်၍  စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

        ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်များတွင် ဝယ်ယူသည့် ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိသက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြား ချက်များနှင့်အညီရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိ နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်းစားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

       ဆက်လက်၍ ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင် ၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA (ရန်ကုန်)

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းဆောင်ရွက်

    ၂၂.၉.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံခရိုင်ပြည်သူဆေးရုံကြီးဝင်းအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချနေခြင်းတို့ကို သထုံမြို့နယ်တာဝန်ခံသည် တာဝန်ရှိသူများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာ‌ရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းနှင့်လိုအပ်သည့် ဆေးဝါးများအခမဲ့ပေးခြင်း၊ သထုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပြီး Myat Ah Kan စားအုန်းဆီကုမ္ပဏီမှ ပိသာ (၄၄၀) အား တစ်ပိသာလျှင် (၇၃၅၈) ကျပ်ဖြင့် တစ်ပိသာလျှင် တစ်ဦးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ ပူးပေါင်းကာ သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များ‌ ရောင်းချပေးခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော DUMEX DUPRO အမှတ်တံဆိပ်ခလေးငယ် ဖော်စပ်စာအတုရောင်းချနေမှုအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

     ၂၂.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာ အတုရောင်းချနေမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

     အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာ အတုရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ စျေးကွက်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ခလေးငယ်ဖော်စပ်စာအတုများ ရောင်းချနေမှုမရှိကြောင်း တွေ့ရှိရပါသည်။

      ထိုသို့ စျေးကွက်ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဆင်းပွဲသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

      ၂၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်က ယခုသင်တန်းသည် (၁၇)ကြိမ်မြောက် သင်တန်းဖြစ်ပြီး သင်တန်းသား (၅၄၁)ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အစေးခြစ် လုပ်သားများကိုလည်း ဆင့်ပွားနည်းပညာများ ဖြန့်ပေး စေလိုကြောင်း၊ ပြည်နယ်အတွက် ရော်ဘာသီးနှံကို ပန်းတိုင်သီးနှံအဖြစ် အဆိုပြုတင်ပြထားပြီး ဖြစ်ရာ project အနေဖြင့် ရော်ဘာသီးနှံကို မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် အငြိမ်းစားပညာရှင်ဆရာကြီး ဦးဝင်းတင်မှ သင်တန်းတွင် အစေးခြစ်ပညာနှင့် အစေးစုသိမ်းပုံများကို သင်ကြားပေးခဲ့ပြီး စနစ်တကျ ပေါက်ခြစ်စနစ်နှင့် အစေးခြစ်ခြင်းကြောင့် အခေါက်ကျနှုန်း သက်သာ၍ စီးပွားရေး သက်တမ်းပိုရှည်မှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

    ဆက်လက်၍ သင်တန်းဆင်းအောင်လက်မှတ်နှင့် သင်တန်းတွင် ဆုရရှိသောသင်တန်း သား/သူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

 

 

ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (Online) သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

    ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (Online) သင်တန်း (၁/ ၂၀၂၅) ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့်မော်လမြိုင်ခရိုင်ရုံးဝန်ထမ်းများမှ လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး သထုံခရိုင်၊ ကျိုက်ထိုခရိုင်၊ ရေးခရိုင်မှ ဝန်ထမ်းများမှ အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပြီး စုစုပေါင်းဝန်ထမ်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်မှ လက်ထောက် ညွှန်ကြား‌ရေးမှူး ဦးကျော်ဌေးက အငြိမ်းစားယူခြင်း အကြောင်းသိကောင်းစရာများ၊ ဝန်ထမ်း ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းသိကောင်းစရာများအား ဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်ခင်ဖုန်းမြင့်က Civil Service Personnel Rules အကြောင်းသိ ကောင်းစရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပွဲသို့ ပေါင်မြို့နယ်တာဝန်ခံတက်ရောက်

       ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံမှ တက်ရောက်ခဲ့ပါသည်။

      ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့်ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်မှုရှိစေရန် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကော်မရှင် တို့ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်ပြုလုပ်၍ မဲပေးစနစ် မှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ