Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

           ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံးခြင်း (၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၂၁) ရက်နေ့၊ နံနက်(၁၀;၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ “စမိုင်းလ်” ကိတ်နဲ့ပေါင်မုန့်မျိုးစုံ လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံပြီး စားသုံးသူကာကွယ်‌ရေး ဥပဒေပါအကြောင်းအရာများ ဌာန၏အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့၊ အထက်တန်းကျောင်း(ခွဲ)အလက (၁၀)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေးနှင့် စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင် စေရန်ရည်ရွယ်၍ မြိတ်မြို့၊ မြိတ်တောင်ရပ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက (၁၀)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာများအကြောင်းပြော ကြားခြင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူတို့ရဲ့အခွင့်အရေးအကြောင်း၊ စားသုံး သူနစ်နာမှုရှိပါက တိုင်းကြားနိုင်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်  ကုန်အညွှန်း အမှတ်အသားပါဝင်သော ကုန်စည်များရွှေးချယ်ဝယ်ယူစားသောက်ရန်နှင့် သက်ဆိုင်ရာ ထောက်ခံချက်နှင့် သက်တမ်းကုန်ဆုံးရက်ကြည့်၍ ဝယ်ယူကြရန်ပြောကြားပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် မုန့်ဆိုင်များအားကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်းသတင်းရရှိပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/သူ၊ ဆရာ၊ ဆရာမ စုစုပေါင်း (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဇန်နဝါရီလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ငန်းရှင်ပေါင်း ၅၃ ဦးက အပ်နှံလာသော သီးနှံအမျိုးအစား ၂၁ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၄၃ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၅၀၀ ခု ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ နှမ်းနက် (သိပ္ပံ)၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲတီစိမ်း အခွံချွတ်ခွဲခြမ်း၊ မတ်ပဲ အခွံချွတ်ခွဲခြမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံအခွံချွတ် ခွဲခြမ်း၊ ဆန်ကွဲ၊ မြေထောက်ပဲ၊ အခွံပါနှမ်းဆီ၊ အခွံချွတ်နှမ်းဆီ၊ အခွံချွတ်နှမ်းစေ့၊ အခွံချွတ် နှမ်းဖတ်၊ ပြုတ်ဆန်(ပေါင်းဆန်)၊ ထောပတ်ပဲ၊ ဆန်ညို၊ ပြောင်း၊ မြေပဲဆီ၊ ရှမ်းနှမ်းလုံးတို့တွင် ဓာတုအရည်အသွေး၊ ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေး ခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေး များကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၅၇ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၉ ခု၊ ဆီနှင့် ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၄၁၃ ခု၊ သီးနှံဓာတုဓာတ်ခွဲခန်းမှ ၁၈ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ  ၃ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၅၀၀ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

DOCA(ITQM)

 

ကမ်းရိုးတန်းသွားရေယာဉ်များပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

                   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၃၁-၁-၂၀၂၅ ရက်နေ့မှ ၃-၂-၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်း များဖြစ်သော ရွှေမဲဆိပ်ကမ်း၊ သာကေတ ဆိပ်ကမ်း၊ မုတ္တမဆိပ်ကမ်း၊ Motherဆိပ်ကမ်း များသို့  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်       ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့များနှင့် အတူ သွားရောက်၍ ရေယာဉ်(၆) စီးပေါ်ရှိ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကုန်ပစ္စည်းမျိုးစုံများ၊ ပြောင်းဆံများ ပါရှိပြီး သက်ဆိုင်ရာအထောက်အထားများပါရှိသဖြင့် တရားဝင်ကုန်စည်များသာဖြစ်ပြီး  လက်နက်ခဲယမ်း များတင်ဆောင်မှုမရှိစေရေးအတွက် အသိပေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေရည်နှင်းလက်ဝတ်ရတနာပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော် နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိကို (၃.၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ရွှေရည်နှင်းလက်ဝတ်ရတနာ ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း အမှတ်(၈၀၁)၊ မာဃ(၉)လမ်း၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် သို့ သွားရောက်၍ ို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ် ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းနှင့် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာ ဆောင်ရွက် စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Y&M ဖက်ရှင်ချည်ထည်ပင်ရင်းဒိုင် အဝတ်အထည်ရောင်းဝယ်ရေး လုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ ကို (၃.၂.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၃၀)အချိန်တွင် Y&M ဖက်ရှင် ချည်ထည်ပင်ရင်းဒိုင် အဝတ်အထည်ရောင်းဝယ်ရေး လုပ်ငန်း အမှတ်(၆၀၁) မြေညီထပ်၊ မာဃ(၅)လမ်း၊(၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ် ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းနှင့် အဝတ်အထည်လုပ်ငန်းဖြစ်သည့် အတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာ ဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အလင်းအိမ်မက် အိမ်အလှဆင် ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ ကို (၃.၂.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်တွင် အလင်းအိမ်မက် အိမ်အလှဆင်  ဝန်ဆောင်မှုလုပ်ငန်း အမှတ်(၅၀၀) ၊တဂေါ(၄)လမ်း၊(၅)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ် သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Mi Novia အမျိုးသမီးဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော် နှင့် ဝန်ထမ်းများသည် (၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် Mi Novia အမျိုးသမီးဝတ် အထည်ရောင်းဝယ်ရေး လုပ်ငန်း အမှတ်(၆C/၃)၊(၂)ရပ်ကွက် ၊ ဆရာစံလမ်း၊ ရန်ကင်းမြို့နယ် သို့ သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့် ပတ်သက်၍မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် ယခုလုပ်ငန်းသည် လူသုံးကုန် (အဝတ်အထည်) လုပ်ငန်း ဖြစ်သည့်အတွက်စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)

ဝါဝါ အွန်လိုင်းတိုင်းရင်းဆေးပစ္စည်အရောင်းဆိုင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းနိုင်နှင့် ဝန်ထမ်းများသည်  (၃.၂.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)အချိန်တွင် ဝါဝါအွန်လိုင်းတိုင်းရင်းဆေး ပစ္စည်အရောင်းဆိုင် Online Sale လုပ်ငန်း၊ အမှတ် -၁၄၆ ၊ (၄)လွှာA၊ အထက်ပုဇွန်တောင် လမ်း၊ တောင်လုံးပြန် ရပ်ကွက်၊မင်္ဂလာတောင်ညွှန့်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင် စစ်ဆေးခြင်း ဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များနှင့် ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်း များရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ရှိ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

TYL fashion Design Marking & Training Center သင်တန်းကျောင်း ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ ကို (၃.၂.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်တွင် TYL fashion Design Marking & Training Center သင်တန်းကျောင်း ဝန်ဆောင်မှုလုပ်ငန်း အမှတ်(၂၄၂)(A) ၊ သူရ(၈) လမ်း၊ (၉)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေး ရန် နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြု ထုတ်ပေး လျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများ နှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက် များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍  အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ