Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ် အ.ထ.က ၁ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၅ရပ်ကွက်၊ ကျောင်းလမ်းရှိ အခြေခံပညာ အထက်တန်း‌ ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၂၁.၉.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။

ဟောပြောပွဲတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူ အခွင့်အရေး ()ချက် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက် နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများသိရှိရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ ၁၈၅ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေး များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် နံနက် ၉ နာရီတွင် မအူပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် အခြားသော ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများမှ ရှေ့ဆက်လုပ်ဆောင်နေသည့် လုပ်ငန်းအခြေအနေများကို သိရှိလို၍ တင်ပြဆွေးနွေးကြရန်၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်း‌ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်များကို ဌာနဆိုင်ရာများ သိရှိနိုင်ရန် မှာကြားရှင်းလင်းခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ဌာနအသီသီးမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တင်ပြကြပြီး တိုင်းဒေသကြီးအစိုးရ၏ နယ်မြေကွင်းဆင်းလေ့လာရာတွင် တင်ပြရမည့် ဒေသန္တရာနှင့် ဌာနဆိုင်ရာလုပ်ငန်း အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ဌာနဆိုင်ရာ တက်ရောက်သူ ၃၀ဦး ရှိပြီး အစည်းအဝေးကို နေ့လည် ၁နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

အုတ်ဖိုမြို့တွင်ဆက်သွယ်ရေးဝန်ဆောင်မှု Mpt လုပ်ငန်းနှင့်တွေ့ဆုံမေးမြန်းခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာ ဦးစီဌာနမှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၉.၂၀၂၅ ရက်နေ့တွင် အုတ်ဖိုမြို့နယ်အတွင်းရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်း(MPT) တာဝန်ခံဒေါ်ယုယုနိုင်နှင့် တွေ့ဆုံ ၍ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအကြောင်း စုံစမ်းဆွေးနွေးခဲ့ကြပါသည်။ထို့နောက်စားသုံးဆီ အရောင်းဆိုင်များဖြစ်သော SHWE BYAIN PHYU စက်သုံးဆီဆိုင်နှင့် GAIAXY ဆီဆိုင်များသို့ ကွင်းဆင်းပြီး စက်သုံးဆီရောင်းချမှုဈေးနှုန်းနှင့် ရောင်းချမှုအချင်အတွယ်စံခွက်များအား စစ်ဆေး ခဲ့ကြပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့တွင်ဖုန်းလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့၊  (၁)လမ်း ပရီမီယာဖုန်းနှင့်ဖုန်းအပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးအောင်အောင်သွင်နှင့်( ၂၂.၉.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ်  ( ၁၃:၀၀ ) နာရီအချိန်တွင်၊ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး  ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်း အချက် အလက် များပေးရန် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်းနှင့်အညီ မှန်ကန်စွာဆောင်ရွက်ရန် သတ်မှတ်ထားသည့် အရည်အသွေး စံသတ်  မှတ်ချက်များအပေါ် အာမခံချက်ပေးရန်၊ဝယ်ယူခြင်းမပြုမှီ ကန့်သတ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမှီ အတည်အလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို  တိုက်ရိုက် ရောင်းချ ခြင်း၊ သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရန် ကတိပြုထားသာအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက  တာဝန်ယူဆောင်ရွက်ရန်၊  ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍   စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေး  ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)     

ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားအုန်းဆီထုတ်ယူခွင့်စာအုပ် ကျေးရွာအုပ်စု၊ အိမ်ထောင်စုအလိုက် စနစ်တကျ စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် ကျေးရွာများဖြစ်သော အောက်ထုံးကျေးရွာ၊ ကညှင်ခွ ကျေးရွာ၊ လက်ကျားကြီးကျေးရွာ၊  တော်တလုပ်ကျေးရွာ များမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများအား ကျေးရွာများမှ အိမ်ထောင်စုများ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ကျေးရွာနေပြည်သူများ စားအုန်းဆီ ဝယ်ယူရရှိစေရန် ဆီစာအုပ်များကို မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က စနစ်တကျထုတ်ယူပေးလျက်ရှိကြောင်း သိရသည်။

ကျေးရွာစားအုန်းဆီ ဝယ်ယူခွင့်စားအုပ်များကို အောက်ထုံးအိမ်ထောင်စု ၁၆၇၂၊ ကျုံဝါးကျေးရွာ အိမ်ထောင်စု ၅၉၃၊ ကညှင်ခွ အိမ်ထောင်စု ၄၉၉၊ လက်ကျားကြီး အိမ်‌ထောင်စု ၃၃၂၄၊ တော်တလုပ်အိမ်ထောင်စု ၂၂၈၈ ကို ကျေးရွာအပိုင် အုပ်ချုပ်ရေးမှူးများမှ ကိုယ်တိုင်လာရောက်ထုတ်ယူ၍ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များ ထုတ်ယူပြီးစီးကြောင်း မှတ်တမ်း ရေးသွင်းပြီး ကျေးရွာနေပြည်သူများ စားအုန်းဆီများကို သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆီရောင်းချသည့်အခါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်အရည်အသွေးမှန်စွာဖြင့် စည်းကမ်းများအတိုင်းရောင်းချမှုများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့တွင်ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော  ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း   ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ပြည်တွင်းဌာနခွဲတာဝန်ခံ ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်း မြို့နယ်တာဝန်ခံဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည်   ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချ ခြင်းရှိ/မရှိပစ္စည်းပြတ်လပ်မှုရှိ/မရှိသိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၃၀၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင်(၂၃၅၀၀)ကျပ် ဈေးနှုန်းများဖြင့်ဈေး ကွက်အတွင်း လိုသလောက် ဝယ်ယူရရှိပါကြောင်း  သိရှိရပါသည်။

 

DOCA(ပဲခူး)   

  မင်းလှမြို့တွင်ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ မင်းလှမြို့၊ ဈေးချိုတန်း လမ်းရှိ ရွှေပြည်စိုးဆီစက်  လုပ်ငန်းရှင် ဦးပြည့်ဖြိုးပိုင် နှင့်( ၂၃.၉.၂၀၂၅ ) ရက်နေ့ ၊ နံနက် ( ၁၁:၀၀ ) နာရီအချိန်တွင်၊ ခရိုင်ဦးစီးမှူးဦးနိုင်လင်းထွန်း၊  ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီ မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ် ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန် ၊ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊သက်တမ်းကုန်ဆုံးရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀) ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကိုအထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)   

အုတ်ဖိုမြို့တွင် ဆေးဝါးရောင်းချသည့်ဆိုင်များကွင်းဆင်းစစ်ဆေး

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချ သည့်ဆိုင်များတွင် ဆေးဝါးရောင်းချမှု စနစ်တကျရှိစေရန်နှင့် ဆေးဈေးနှုန်းများ၊ မှန်ကန်မှုရှိစေရန် အတွက် မြို့နယ်ကျန်းမာရေးဌာနမှ ဦးဆောင်လျက် စားသုံးသူရေးရာဦးစီးဌာန ၊တိုင်းရင်းဆေးဝါး ဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းလျက် ၁၉.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဆေးဝါးအရောင်းဆိုင်များသို့ ဝင်ရောက်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးဝါးရောင်းချသည့်ဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောနှောရောင်းချမှုမပြုကြရန်၊ စပ်ဆေးတွဲဆေးများ(လုံး၀) ရောင်းချမှုမပြုကြရန်နှင့် မြန်မာစာ ကုန်အညွှန်းများပါမှသာရောင်းချရန်မှာကြားခဲ့ပြီးသက်ဆိုင်ရာ ဆေးအရောင်းဆိုင်များများမှ သိရှိကြောင်း လက်မှတ်ရေးထိုးခဲ့ပါသည်။ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု မရှိပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချကြောင်း တွေ့ရှိခဲ့ပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဝဲကြီးကျေးရွာ အထကကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁;၀၀)နာရီက ဝါးခယ်မမြို့နယ်၊ ဝဲကြီးကျေးရွာ အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုး ပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း (၃၂၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၄)မူလွန်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ အားစားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၄)မူလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် သက်တမ်းလွန် မုန့်များနှင့်ကုန်ညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ၊ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၄)ဦး ၊ ကျောင်းသား/ ကျောင်းသူ(၆၅)ဦး၊ မုန်ဈေးသည်(၃)ဦး၊စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ