Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာစည်မြို့နယ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၁၅.၅.၂၀၂၄) ရက်နေ့၊ နေလယ် (၁၃:၀၀) နာရီအချိန်မှတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သာစည်မြို့ပေါ်ရှိ ဆန်ဆိုင် (၅) ဆိုင်အား ဆန်လက်ကျန် အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  ဆန်ဂိုဒေါင်၊ ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်လက်ကျန်နှင့် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေး၊ ဆန်ဈေးနှုန်းမြင့် တက်ရောင်းချခြင်းရှိ/မရှိနှင့် ဆန်များကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ဆန်ဈေးနှုန်းမြင့်တင် ရောင်းချမှုမပြုလုပ်ရန် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။     

DOCA(မန္တလေး)

                                                                            

အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား   သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင် (၁၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း သုံစွဲရန်မသင့် ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများအား ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

သာစည်မြို့နယ်၊ သာယာကုန်းကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

     မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ သာယာကုန်းကျေးရွာတွင်  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၄ ခုနှစ် ၊ မေလ ၂၀ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး၊ ဒေါ်ဖြူဖြူထွန်းမှ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်၊ တာဝန်(၄)  ချက်၊ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများ ရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၆၀ ) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုတာဝန်ခံနှင့်  မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် မေလ (၁၇)ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိစားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင်မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အအမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များ ပြည့်စုံခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့်  ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ထားသည့်အမိန့်အမှတ်(၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း  စားသုံးဆီအရောင်း ဆိုင်ပိုင်ရှင်များအားအသိပညာပေးခြင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဟားခါးမြို့ပေါ်တွင်ရောင်းချလျှက်ရှိသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဒေါ်ငိုးခန့်နွမ်း(နေ့စား)နှင့် ဒေါ်ဂျေစီဗန်နီဆဲ(က်)(နေ့စား) တို့သည် ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ ပြည်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်ပစ္စည်းများတွင် အများပြည်သူ နားလည်နိုင်သော မြန်မာဘာသာသို့မဟုတ် အခြားဘာသာတစ်ခုခုဖြင့် ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ လူသုံးကုန်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်လာမှုမရှိစေရန် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ထို့နောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မည်သည့်ကုန်ပစ္စည်းမဆို ဖြန့်ဖြူးရောင်းချရာတွင် ကုန်ပစ္စည်းများဖြန့်ဖြူးထုတ်လုပ်သူများ၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို သေချာစိစစ်ပြီးမှသာ ထပ်ဆင့်ဝယ်ယူဖြန့်ဖြူးရောင်းချစေလိုကြောင်းနှင့် ကုန်စုံဆိုင်ရောင်းချသူများကို စားသုံးသူပြည်သူမှ လူမှုမီဒီယာများတွင် မဟုတ်မမှန်သော သတင်းများ စွပ်စွဲရေးသားခြင်း၊ ပြောဆိုခြင်း လုပ်ဆောင်ပါက မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းမှာကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ချင်း)

 

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုတာဝန်ခံနှင့်  မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် မေလ (၁၇)ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိစားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင်မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အအမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များ ပြည့်စုံခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့်  ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ထားသည့်အမိန့်အမှတ်(၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း  စားသုံးဆီအရောင်း ဆိုင်ပိုင်ရှင်များအားအသိပညာပေးခြင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူပြည်သူများအား အသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) သည် ၂၀.၅.၂၀၂၄ ရက်နေ့ တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ ရပ်ကွက်(၃) ရှိ ပြည်သူ (၁၀) ဦးအား စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။

           ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံ လိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းစသည့်အချက်များ၊ စားသုံးသူ၏ တာဝန် များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်းစသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ၊ စားသုံးဆီနှင့်ပတ်သက်၍လည်း ကုန်အညွှန်းအမှတ်အသား/ ထောက်ခံ ချက် ပြည့်စုံစွာပါရှိသည့် စားသုံးဆီများကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ကုန်စည် ဝယ်ယူမှု အလေ့အကျင့်များရရှိစေရန်၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ အတွက်လည်း တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု၊ အွန်လိုင်းမှ ဈေးဝယ်ရာတွင်လည်း သတိထားရမည့် အချက်များကို  အသိပညာ‌‌ပေး ဟောပြောခဲ့ပြီးစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

 

 

စားသုံးသူပြည်သူများအားအသိပညာပေးဟောပြော

            စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၂၀.၅.၂၀၂၄ ရက်နေ့တွင်မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပွါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှု၊ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ပြည်သူ့စစ်မှုထမ်း ဆိုင်ရာသိကောင်းစရာအချက်များ၊ စားအုန်းဆီနှင့်ပတ်သက်၍ သိကောင်းစရာများတို့ကို ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

သင့်မြတ်ဆေးဆိုင်အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

        ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုဝေ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို စသည့်ဌာနများပူးပေါင်း၍ (၁၇-၅-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၁၈)၊ စည်ပင်လမ်း၊ (၁၉)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်ရှိ သင့်မြတ်ဆေးဆိုင်မှ  ဆိုင်တာဝန်ခံ‌ဒေါက်တာကေခိုင်ငြိမ်းနှင့်   သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင်ဆေးအမျိုးပေါင်း (၁၀၀) ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အပူလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ သန္ဒေတားဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး AA, DKSH, UP, Mega စသည့်ဆေးကုမ္ပဏီများမှပေးပို့သည့် ဈေးနှုန်းများအပေါ်၅% မှ 10% အထိ အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း အဆိုပါဆေးဝယ် ယူသည့်အရေအတွက်၊ သိုလှောင်ရုံ ပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်ပေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၆-၅-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအတွက် အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ပေးခဲ့ပါသည်။

     ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချကပေးခြင်း၊ ပုဒ်မ(၂၄)ပါ အချက်အလက်များ၊ အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးပါအချက်အလက်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေပါအချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏  www. doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ