Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြို့မစည်ပင်ဈေးအတွင်းရှိ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့မစည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၈.၁၁.၂၀၂၅ ရက်နေ့တွင် အလုံမြို့နယ် ဆင်မင်းဈေးအတွင်းရှိ ကောင်းသန့်ဆန်ဆိုင် နှင့် 555 ဆန်ဆိုင် တို့အား (၉:၀၀) အချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှု မရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ် ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လမ်းညွှန် မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်း နှင့် ဘုရင့်နောင်ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များ ဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

ဟင်္သာတမြို့ “ကောင်းဆက်”ဆန်စက်သို့ MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ကောက်ယူနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ နတ်မော်လမ်း၊ကုန်းကြီးရပ်ကွက်ရှိ “ကောင်းဆက်”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ်ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန် လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့် သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ကောင်းဆက်ဆန်စက်၌ စပါးဝယ်ယူနေမှုအပေါ် စပါးအမျိုးအစားအလိုက်ဝယ်ယူနေမှု ကွင်းစျေး၊ စက်အရောက်စျေး၊ အစိုဓာတ်အပေါ်အလေးချိန်ယူမှု၊ ဝယ်လိုအား၊ ဆန်ကြိတ်ခွဲမှု ရောင်းလိုအား၊ ဆန်စျေးကွက်၊ စပါး/ ဆန်လက်ကျန်အခြေအနေများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညွှန်ကြား‌‌ရေးမှူးချုပ်ဦး‌ဆောင်ကျင်းပသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်ဦးဆောင်ကျင်းပသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီး ဦးစီးမှူး မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

  အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ရှင်းလင်းတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ နေ့လယ်  ၃း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးအား ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌမှ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနိုင်ရန်အတွက် လာ‌ရောက်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ဆန်စပါးကုန်သည်အသင်းဥက္ကဋ္ဌမှ လိုအပ်သည်များအား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထူးကြီးမြို့ရှိ သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ထူးကြီးမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂ ခုနှစ်၊ ‌နိုဝင်ဘာလ ရက်နေ့၊  ၉း၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၆) ပေပါကို ယာဥ်မောင်း ဦးစည်သူအောင်၊ ယာဉ်အမှတ် 1M-3466/ ISUZU မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေဿကြီးဦးစီးမှူးနှင့် တာဝန်ရှိသူ များက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၇၄) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပြည်မြို့တွင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ဈေးကွက်မရောက်မီနှင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စားသုံးသူများ အသုံးပြုနိုင်ရေးအတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အပတ်စဉ်၊ လစဉ် ဆောင်ရွက်လျှက်ရှိရာ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်း နှင့် ဝန်ထမ်းများသည် မိတ်ဖက် ဌာနဆိုင်ရာများ ဖြစ်ကြသည့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်တိမွေးကု၊ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးမှ တာဝန်ရှိသူများနှင့်အတူ (.၁.၂၀၂၅)ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ဝက်ထီးကန်မြို့ပေါ်ရှိ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ တရားမဝင်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး နှင့် ရောင်းချမှု မရှိစေရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ပဲခူး)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မြို့မစည်ပင်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လ အလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချ ပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေး များအတိုင်း ရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ