Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့တွင်ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော  ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း   ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ပြည်တွင်းဌာနခွဲတာဝန်ခံ ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်း မြို့နယ်တာဝန်ခံဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည်   ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချ ခြင်းရှိ/မရှိပစ္စည်းပြတ်လပ်မှုရှိ/မရှိသိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၃၀၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင်(၂၃၅၀၀)ကျပ် ဈေးနှုန်းများဖြင့်ဈေး ကွက်အတွင်း လိုသလောက် ဝယ်ယူရရှိပါကြောင်း  သိရှိရပါသည်။

 

DOCA(ပဲခူး)   

  မင်းလှမြို့တွင်ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ မင်းလှမြို့၊ ဈေးချိုတန်း လမ်းရှိ ရွှေပြည်စိုးဆီစက်  လုပ်ငန်းရှင် ဦးပြည့်ဖြိုးပိုင် နှင့်( ၂၃.၉.၂၀၂၅ ) ရက်နေ့ ၊ နံနက် ( ၁၁:၀၀ ) နာရီအချိန်တွင်၊ ခရိုင်ဦးစီးမှူးဦးနိုင်လင်းထွန်း၊  ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီ မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ် ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန် ၊ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊သက်တမ်းကုန်ဆုံးရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀) ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကိုအထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)   

အုတ်ဖိုမြို့တွင် ဆေးဝါးရောင်းချသည့်ဆိုင်များကွင်းဆင်းစစ်ဆေး

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချ သည့်ဆိုင်များတွင် ဆေးဝါးရောင်းချမှု စနစ်တကျရှိစေရန်နှင့် ဆေးဈေးနှုန်းများ၊ မှန်ကန်မှုရှိစေရန် အတွက် မြို့နယ်ကျန်းမာရေးဌာနမှ ဦးဆောင်လျက် စားသုံးသူရေးရာဦးစီးဌာန ၊တိုင်းရင်းဆေးဝါး ဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းလျက် ၁၉.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဆေးဝါးအရောင်းဆိုင်များသို့ ဝင်ရောက်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးဝါးရောင်းချသည့်ဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောနှောရောင်းချမှုမပြုကြရန်၊ စပ်ဆေးတွဲဆေးများ(လုံး၀) ရောင်းချမှုမပြုကြရန်နှင့် မြန်မာစာ ကုန်အညွှန်းများပါမှသာရောင်းချရန်မှာကြားခဲ့ပြီးသက်ဆိုင်ရာ ဆေးအရောင်းဆိုင်များများမှ သိရှိကြောင်း လက်မှတ်ရေးထိုးခဲ့ပါသည်။ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု မရှိပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချကြောင်း တွေ့ရှိခဲ့ပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဝဲကြီးကျေးရွာ အထကကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁;၀၀)နာရီက ဝါးခယ်မမြို့နယ်၊ ဝဲကြီးကျေးရွာ အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုး ပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း (၃၂၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၄)မူလွန်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ အားစားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၄)မူလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် သက်တမ်းလွန် မုန့်များနှင့်ကုန်ညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ၊ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၄)ဦး ၊ ကျောင်းသား/ ကျောင်းသူ(၆၅)ဦး၊ မုန်ဈေးသည်(၃)ဦး၊စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၅.၉.၂၀၂၅)ရက်နေ့ မွန်းလွဲ (၁၃:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ MSME လုပ်ငန်းရှင် များအားခေါ်ယူတွေ့ဆုံ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အားအသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လုပ်ငန်းရှင်များအနေ ဖြင့်ထုတ်ပြန်ထားသော ဥပဒေညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဟောပြောခဲ့ပြီး၊ ဟောပြောပွဲသို့ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Sale နှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း သည်(၁၄.၉.၂၀၂၅)ရက်နေ့၊ညနေ(၁၅;၀၀)အချိန်တွင် အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက် စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့် Sign Up (Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၇)ဦး တက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

အုတ်ဖိုမြို့နယ်တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ အကျိုး စီးပွားကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

   ထို့သို့ဆောင်ရွက်ရာတွင်  အုတ်ဖိုမြို့နယ်  ၊ စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၂.၉.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ကျောင်းကြီးတန်းလမ်း၊  ကျောင်းကြီးတန်းရပ်ကွက်၊ ဦးအောင်သန်း (ဣစ္ဆိတံဆီစက်) အား  ရှောင်တခင် ကွင်းဆင်း စစ်ဆေး ခဲ့ပြီး စားအုန်းဆီများ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများ၊ စားအုန်းဆီရောင်းချမှု ဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာ အတိုင်းရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်း ချခြင်း ရှိ/မရှိ ၊ ရောနှော ဆီများ ရောင်းချခြင်း မပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်း ချမှု ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြား ခဲ့ပါသည်။

DOCA(ပဲခူး)

ရွှေပုဇွန်(မုန့်အမျိုးမျိုး ) Co.ltd လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်း (၂)ဦးသည် ၂၃.၉.၂၀၂၅ ရက်နေ့ ၊နံနက်(၁၀:၀၀)အချိန်တွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် ဒေါပုံမြို့နယ်၊ ရွှေပုဇွန်(မုန့်အမျိုးမျိုး ) Co.ltd လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ဆွေးနွေးရာတွင်စစ်ဆေးရေးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့် ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင် ကြိုတင်သတိပေးချက် များအား ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ် ) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းစွာအသုံးပြုနိုင် ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးတွင် ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၂.၉.၂၀၂၅ ရက်နေ့ ၊ နေ့လယ်(၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်း (၃)ဦးသည်   ပုဇွန်တောင်ဈေးတာဝန်ခံ ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပုဇွန်တောင်မြို့နယ် ရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင်ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်းနှင့် ကုန်ပစ္စည်းများတွင်ကုန်အညွန်း အမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ စစ်ဆေးရေးအရာရှိများက လုပ်ငန်းရှင်များ အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ