Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ်(၁၂)ရပ်ကွက်ရှိလက်လီ/လက်ကား ရောင်းချနေသောဦးမောင်လှဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(:၃၀) အချိန်တွင် မော်ကျွန်းမြို့နယ်ဗိုလ်ချုပ်ဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဦးမောင်လှ ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်(၁၂)ရပ်ကွက်ရှိ လက်လီ/ လက်ကား ရောင်းချနေသော ဦးမောင်လှဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောတည်မြစ်မြဲ ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် လပွတ္တာမြို့နယ် ()ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောတည်မြစ်မြဲဆန်ဆိုင်အား သတ်မှတ် ရည်ညွှန်းဈေး ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်()ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော တည်မြစ်မြဲဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့် တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောABဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောABဆန်ဆိုင်အား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးရပ်ကွက်ရှိ လက်လီ/ လက်ကား ရောင်းချနေသော ABဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/လက်ကား ရောင်းချနေသောဒေါ်အောင်ကြည်မေဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီ/လက်ကားရောင်းချနေသောဒေါ်အောင်မေကြည်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်မြို့မဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဒေါ်အောင်မေကြည်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင် ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် အမျိုးသားဈေးအတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဦးလှဝင်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် မြောင်းမြမြို့နယ် အမျိုးသားဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးလှဝင်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်အမျိုးသားဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသောဦးလှဝင်းဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပန်းတနော်မြို့ရှိ အမှတ်တံဆိပ်ပါ ဓါတ် မြေဩဇာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော် မြို့နယ်ရုံးမှ ဦးအောင်ကျော်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့တို့နှင့်အတူ (..၂၀၂၂၀) ရက်နေ့ နံနက် (၁၀၃၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်(၁၀)ဆိုင်သို့ ကွင်းဆင်း၍  အမှတ်တံဆိပ်ပါ ဓါတ် မြေဩဇာ များတွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ၊ စိုက်ပျိုးရေးသုံး ပစ္စည်း အတုအပများ ရောင်းချခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

          ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက  ဆိုင်ရှင်များအား ‌မိမိတို့ရောင်းချနေသော ဓါတ်မြေဩဇာများတွင် စားသုံးသူကာ ကွယ်ရေး ဥပဒေအရ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည်စုံပါက ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးနှင့် မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူ ကာကွယ်ရေးဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ ၇၃ အရ အရေးယူခြင်းကို ခံယူမည်ဖြစ်ကြောင်း ဆွေးနွေးပြော ကြားခဲ့ပါသည်။

          ပူးပေါင်းမိတ်ဖက်အဖွဲ့ကလည်း လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနတို့၏ ထောက်ခံ ချက်ပါဝင်သော၊ ခွင့်ပြုချက်ပါဝင်သော၊ ကုန်စည်များကိုသာရောင်းကြရန်နှင့် ဈေးကွက်အတွင်း ဌာနတို့၏ တားမြစ်ကုန်စည်များကို ရောင်းချနေခြင်းမျိုးတွေ့ရှိပါက သက်ဆိုင်ရာ ဌာနတို့၏ ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်နိုင်ကြောင်းကို  ဆိုင်ရှင်များမှလည်း သိရှိလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း လက်မှတ်ရေး ထိုး မှတ်တမ်းရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင် ဥက္ကဌနှင့် တွေ့ဆုံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်စည်ဒိုင် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းတွေ့ဆုံဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (..၂၀၂၅) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင်အသင်းရုံး သို့သွားရောက်၍ ကုန်စည်ဒိုင်ဥက္ကဌနှင့်တွေဆုံပြီး ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက် စေရေး အတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်ရွှေနှင့် ကုန်စည်ဒိုင်အဖွဲ့ဝင်များအား မဲဇလီကျေးရွာ၊ ဧရာဝတီဆန်စက်ဝန် ကုန်စည် ဒိုင်တွင် သွားရောက်တွေ့ဆုံ၍ ကုန်စည်ဒိုင်များ အသင့်အဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများအကြောင်းဆွေးနွေးခြင်း၊ ကုန်စည်ဒိုင်၏ ကြိုရောင်းကြိုဝယ်ဈေးကွက်အကြောင်း၊ ကုန်စည်ဒိုင်တစ်ခုဖြစ်ပေါ်ရန် အဓိကလိုအပ်ချက်များ အကြောင်း၊ အောင်မြင်သောကုန်စည်ဒိုင်တစ်ခု၏ လည်ပတ်မှုလုပ်ငန်းစနစ်များ အကြောင်း၊ လက်ငင်း ဈေးကွက်ကုန်စည်ဒိုင်စနစ်အကြောင်း တို့ကို မေးမြန်းဆွေးနွေးပြီး ကုန်စည်ဒိုင်၏ ဆန်၊ စပါးရောင်းဝယ်မှု၊ ဆန်ကြိတ်ခွဲတင်ပို့မှုအခြေအနေ၊ ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိ အရောင်းအဝယ် ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေများ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဆန်စက်နှင့် သိုလှောင်ရုံများ စပါး/ဆန် လက်ကျန် သိုလှောင်မှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့်အတူ ကွင်းဆင်းစစ်ဆေး

    ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ပါဝင်သော စစ်ဆေးရေးအဖွဲ့တို့သသည် မအူပင်မြို့နယ် သိုလှောင်ရုံ မှတ်ပုံတင်ပြီးသော ဆန်စက်/သိုလှောင်ရုံများ၏ စပါး/ဆန် လက်ကျန်အခြေအနေမှန်များကို ကွင်းဆင်းစစ် ဆေးခြင်းလုပ်ငန်းကို ၉-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီ ခွဲအချန်က လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     စစ်ဆေးရာတွင် မအူပင်မြို့နယ်အနေဖြင့် MyRo မှတ်ပုံတင်ပြီး ဆန်/သိုရုံ များ ၃၆လုံးရှိပြီး ထိုလုပ်ငန်း များမှ လစဉ် ၇ရက်နေ့တွင် ဆန်/စပါး သိုလှောင်ထားရှိမှု ကုန်ရ၊ ကုန်ထုတ် လက်ကျန်အမှန်တကယ်အခြေအနေများကို MyRo တွင် ဖြည့်သွင်း ဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှု ရှိမရှိကို ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းရှင်များကို ၂၀၂၅ခုနှစ်အတွင်း သက်တမ်း ၁နှစ်ပြည်မီသူများ ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းများဆောင်ရွက်ကြရန် အသိပေးပြောကြားပြီး သတ်မှတ်ချက်များအတိုင်း လိုက်နာမှု မရှိသော လုပ်ငန်းများ စစ်ဆေးတွေ့ရှိရပါသည်။ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆန်စက်များကြိတ်ခွဲလည်ပတ်မှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စိုးသီဟ ငှက်ပျောကြော်လုပ်ငန်း အား ဈေးကွက်မရောက်မှီကုန်စည်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်ရှိ ငှက်ထုံးကျေးရွာတွင် တစ်ပိုင်တနိုင်ထုတ်လုပ်နေသော မုန့်လုပ်ငန်းဖြစ်သည့် စိုးသီဟကျော်ငှက်ပျောကြော်နှင့် စာလေးခွေလုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဈေးကွက်မရောက်မှီ ကုန်စည်ထုတ်ကုန်လုံခြုံမှုရှိရေးနှင့် ဆီသုံးစွဲမှု အခြေအနေအား ၉-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ပါသည်။

     ကွင်းဆင်စစ်ဆေးရာတွင် ဒေသတွင်းထုတ်လုပ်သောကုန်စည်များ ဘေးအန္တရာယ် ကင်းရှင်းရေးကို လုပ်ငန်းခွင် ထုတ်လုပ်မှုအား ကြည်ရှုစစ်ဆေးပြီး၊ မုန့်ထုတ်လုပ်ရန် ရရှိသော ကုန်ကြမ်းအခြေအနေများကို မေးမြန်းခြင်း၊ ဈေးနှုန်းများကို မေးမြန်းခြင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ မုန့်လုပ်ငန်းများအသုံးပြုသော စားအုန်းဆီနှင့် ပတ်သက်၍ လုပ်ငန်းသုံးဆီထုတ်ယူမှုအခြေအနေများကို စစ်ဆေးခြင်း၊ မုန့်ထုတ်လုပ်ရာတွင် ပြန်ကျော်ဆီများကို အကြိမ်ကြိမ်အသုံးမပြုရန်ကို မှာကြား စစ်ဆေးခြင်း၊ ထွက်ရှိသော မုန့်များကို ဈေးကွက်ဖြန့်ချီမှု အခြေအနေများကို မေးမြန်းခဲ့ပြီး ကုန်စည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ပြန်ဆက်ရုံးတွင် ကျောင်းသားလူငယ်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခန်းမတွင် ကျောင်းသားလူငယ် ၃၀ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ၇-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီက အသိပညာပေး ဟောပြောခဲ့သည်။

          ဟောပြောရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး စားသုံးသူတို့သည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဆိုသည်မှာ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကို ဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ ကုန်အညွှန်းအမှတ်အသား ဆိုသည်မှာလည်း ကုန်စည် သို့မဟုတ် ကုန်စည် ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်းဖြစ်ကြောင်းတို့ကိုရှင်းလင်းပြီး မိမိတို့ ရွေးချယ်ဝယ်ယူ အသုံးပြုနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူအသုံးပြု ကြရန်နှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကြောင့် စားသုံးသူ နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံး သူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ