Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ် ဆန်ရောင်းချနေသော လက်လီ/လက်ကား ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဓနုဖြူမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် ဓနုဖြူမြို့နယ် အမှတ် ၅ရပ်ကွက်၊ အမှတ်၇ ရပ်ကွက်၊ အမှတ် ၉ရပ်ကွက် အတွင်း ရှိ ဆန်ဆိုင်များဖြစ်သော ရွှေဝါးမိုးဆန်ဆိုင်၊ စွမ်းဆန်ဆိုင်၊ ဒေါ်ကြည်ကြဉ်မြင့် ဆန်ဆိုင်၊ မိဘမေတ္တာ ဆန်ဆိုင် တို့မှရောင်းချနေသော ကုန်စည်များ  ကုန်စျေးနှုန်းတည်ငြိမ်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၂-၉-၂၀၂၅)ရက်နေ့၊ နံနက်(၁၁)အချိန်တွင် သတ်မှတ်ရည်ညွှန်း စျေးများနှင့် ဒေသတွင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေး ဦးစီဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဝင်များဖြင့် ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချနေမှုများကိုစစ်ဆေးခဲ့ပြီး အလေးချိန် မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားရှိမှုများ မဖြစ်စေရေးနှင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း ဖော်ပြ၍ ရောင်းချခြင်း ရှိ မရှိတို့ကို  ကွင်းဆင်း စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချသွားရန် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း များကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က ကျောင်းကျန်းမာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

     ကွင်းဆင်းဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် အခြေခံပညာကျောင်းများတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်း ရောင်းချနေသော မုန့်များကို ဘေးအန္တရာယ်ကင်း၇ှင်းရေး စစ်ဆေးခြင်း၊ တာမြစ်ကုန်စည်များရောင်းချမှု ရှိမရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များ ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော ဆိုင်ရှင်များနှင့် မုန့်ဈေးတန်းကြီးကြပ်ရေးအဖွဲ့ ဝင်များကို အစားအသောက် ဝယ်ယူရောင်းချရာတွင် လိုက်နာရမည့် ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းများ ပေါ်ပေါက်လာစေရန် ကျောင်းမုန့်ဈေးတန်းရှိ တာဝန်ရှိသူများကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက ရှင်းလင်း စစ်ဆေးခဲ့ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း ပါဝင်ခဲ့ပြီး ဓနုဖြူမြို့ အ.ထ.က၁ကျောင်း၊ ရွှေကူး အ.ထ.ကကျောင်း၊ ပြင်ကသာ အ.ထ.ကကျောင်း၊ အမှတ်၂ အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်၁ မူလတန်း‌ကျောင်း (၅)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းကို စစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“ခရမ်းမြို့နယ်၌စာဖတ်ရှိမြှင့်တင်ရေးအခမ်းအနားကျင်းပခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်း အနားကို စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ခရမ်းမြို့နယ် အ.ထ.က(၁) တွင်ကျင်းပခဲ့ရာစားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က တက်ရောက် ၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုအခမ်းအနားတွင် ခရမ်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ရဲ က အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှမို့မို့က စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနား ဆောင်ရွက်ရခြင်းအား ရှင်းလင်း ပြောကြားခြင်း၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလွင်က ကျေးဇူးတင်စကားပြော ကြားခြင်းနှင့် စာရေး ဆရာကြီး ဦးမြင့်ဆွေက စာပေနှင့်လူငယ်များအကြောင်းအား ပြောကြားပြီးဆက်လက်၍ အ.ထ.က (၁) တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများက ကဗျာ ရွတ်ဆိုခြင်း၊ ပုံပြောခြင်း၊ ကျပန်းစကားပြောခြင်းပြိုင်ပွဲများ ပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံသည် အမှတ်ပေးဒိုင်အဖြစ် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆုရရှိသော ကျောင်းသား /ကျောင်းသူများအား တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲ များမှ ဆုများချီးမြှင့်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“(၁၅.၉.၂၀၂၅) ရက်နေ့ မှ (၂၀.၉.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

       ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျှက်ရှိသော စားအုန်းဆီများအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများ အနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် ()ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (၁၅..၂၀၂၅)ရက်နေ့မှ (၂၀..၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၃)ခုနှင့် စားအုန်းဆီတန်ချိန် (၄၅၃၆.၂၂၇)တန်ကို ထုတ် ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဓနုဖြူမြို့နယ် စက်မှုလုပ်ငန်းသုံးဆီ ရရှိသော စားသောက်ဆိုင်နှင့် စက်မှု  ထုတ်ကုန် လုပ်ငန်းများသို့ ကွင်းဆင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် စက်မှုလုပ်ငန်းသုံးဆီများကို ဒေသတွင်း မုန့်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်လုပ်ငန်း များသို့ စားအုန်းဆီ သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး အတွက် လျောက်ထားသော လုပ်ငန်းများအပေါ် သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူရရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ  မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၂၂-၉-၂၀၂၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ လာရောက်လျှောက်ထားသော ဓနုဖြူမြို့နယ် လုပ်ငန်းများသို့ လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/မရှိ၊ မြေပြင်တွင် ဆီလိုအပ်မှုအခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သော အကြော်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်များ၊ မုန့်လုပ်ငန်းများ၊ ဓနုဖြူမြို့နယ်မှ စက်မှုလုပ်ငန်းလျောက်ထားသောလုပ်ငန်းများမှ  စားအုန်းဆီများကို လုပ်ငန်းအတွက် အဆင်ပြေမှုစွာ ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် စက်မှုလုပ်ငန်းသုံးစား အုန်းဆီရရှိမှု သတ်မှတ်နေရာများသို့ အမှန်တကယ်ရရှိစေရေး၊ လုပ်ငန်းတွင်ကျယ်စွာ ထုတ်လုပ်လာနိုင်ခြင်း ရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ နိုင်တော်မှ ထုတ်လုပ်သူလုပ်ငန်းရှင်များ သတ်မှတ်ရည်ညွှန်းဈေးဖြင့် အမှန်တကယ် ထုတ်လုပ်ရောင်းချမှု လွယ်ကူနိုင်စေရန်စီစဉ် ဆောင်ရွက်လျက်ရှိပြီး လျောက်ထားသော လုပ်ငန်းများမှလည်း လုပ်ငန်းအတွက်အမှန်တကယ်အသုံးပြုခြင်း ရှိမရှိနှင့် စက်မှုလုပ်ငန်းသုံး လုပ်ငန်းရှင်များထံ စားအုန်းသတ်မှတ်ပမာဏအတိုင်း ရရှိရေး၊  လုပ်ငန်းအတွက်အသုံးပြု ရန်၊ ပြန်လည် ရောင်းချခြင်းများ ရှိမရှိကို စစ်ဆေး‌ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်ကမ်းများနှင့် အညီ လိုက်နာဆောင် ရွက်ထား ရှိခြင်းများ တွေ့ရှိခဲ့ပြီး စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဓနုဖြူမြို့နယ် စားအုန်းဆီလက်ကား ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“လမ်းမတော်မြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်)ကုမ္ပဏီအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန် ဆောင်မှု)ဆောင်ရွက်နေသော Kinetic Myanmar Technology Co.ltd အား စက်တင်ဘာလ (၁၉)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် လမ်းမတော်မြို့နယ် အမှတ်(၁၉၅)၊ အခန်း(၁)ဘီ၊ ကီလီရိပ်သာလမ်းရှိ Kinetic Myanmar Technology Co.ltd သို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများအား ရယူခြင်း၊ စားသုံး သူများသိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထို့ပြင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ အဆိုပါ ကုမ္ပဏီမှ တာဝန်ယူများအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားထားသည့် အချက်အလက် များနှင့်ပတ်သတ်၍ အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူများ၏ နေ့စဉ်ဘဝ ကိစ္စရပ်များ အဆင်ပြေချောမွေ့နေစေရန်နှင့် စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးကြရန်နှင့် စားသုံးသူများ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူ အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားကြရန်၊ တိုင်ကြားလာမှုများရှိပါက အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“တာမွေမြို့နယ်ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်)ကုမ္ပဏီအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန် ဆောင်မှု) ဆောင်ရွက်နေသော (Myanmar Speed Net Co.Ltd) အား စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ် အရှေ့မျဉ်းပြိုင်ကွင်း လမ်း GRC Condo ရှိ Mysnmar Speed Net Co.ltd သို့ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ဝယ် ယူအသုံးပြုကြသည့် စားသုံးသူများအား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)အား ဆောင်ရွက်ထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်း စားသုံးသူများသိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြ ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများအား ရယူ ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားထားသည့် အချက်အလက်များအား လိုက်နာဆောင်ရွက်ကြရန် စားသုံးသူများ အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီမှတာဝန် ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   DOCA (ရန်ကုန်)

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၂၂-၉-၂၀၂၅ ရက်နေ့ နေ့လယ်  ၁၂ နာရီက စားသုံးသူရေးရာကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

     အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်း လင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့ မဟုတ်ဝန်ဆောင်မှုနှစ်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ်‌ပေးရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေး ယင်းအသင်းအဖွဲ့များ အားကောင်းခိုင်မာမှု ရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည် ၊ ဝန်ဆောင်မှုများကို အမြန်ဆုံးအရေယူဆောင်ရွက်ပေးမှုများ ဆောင်ရွက်ပေးရန် တို့ကို အများပြည်သူ သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ဧရာဝတီ)

အသင့်စား ခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် ဟင်းခတ်မှုန် ပဲကြက်မှုန့် တို့အား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့်  သက်ဆိုင်ရာမိတ် ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ တို့နှင့်ပူးပေါင်း၍ (၂၂-၉-၂၀၂၅)ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် (၉)ရပ်ကွက် ရှိ  လက်ကီးစတိုးဆိုင်တွင် ရောင်းချနေသော သင့်အစားအစာခေါက်ဆွဲခြောက်နှင့် အသင့်စား ဗူးသွပ် ဟင်းလျာအမျိုးမျိုး တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်ချိုမီဇင် (စစ်ဆေးရေးအရာရှိ)က ကုန်စုံဆိုင်များ၌ရောင်းချနေသော သင့်အစားအစာခေါက်ဆွဲခြောက်အမျိုးမျိုး၊ ပဲကြက်မှုန်၊ ကြာဆံထုတ် အများစုမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိကို စစ်ဆေးခြင်း၊  တရား မဝင်ကုန်စည်များရောင်းချရောင်းချနေမှု မရှိစေရန် ပြောကြားခြင်း၊ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်စားသောက်ကုန်ပစ္စည်းများကိုသာ တင်သွင်းရောင်းချကြ ရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက် ကြရန် ၊ တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုကြရန်နှင့် တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

Triple Circle Industry Co;Ltd ၏လျှပ်စစ်ဝါယာကြိုးအမျိုးမျိုးထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၅)ဦး တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀:၃၀နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ဦးပိုင်အမှတ် (ခ-၉) (င-၁၀) အကွက်အမှတ် (၇၈၄)၊ လင်းမလိုရွှေကူလမ်း၊ ပတ္တမြားစက်မှုဇုန်တွင် တည်ရှိသည့်Triple Circle Industry Co;Ltd ၏ လျှပ်စစ်ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု အခြေအနေများနှင့်  စပ်လျဥ်း၍ မြေပြင်တွင်အမှန် တကယ် စက်ရုံရှိ/မရှိနှင့် စက်ရုံ၏ထုတ်လုပ်နိုင်မှု အမျိုးအစား၊ ထုတ်လုပ်နိုင်မှု အရေအတွက်၊ ထုတ်လုပ်နိုင်မှုအရည်အသွေး စသည့်အခြေအနေများကို စိစစ်၍မြေပြင်ကွင်းဆင်းစစ်ဆေးမှုအခြေအနေများအား မြေပြင်ကွင်းဆင်း၍ လေ့လာမေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ