Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ တိုးတက်အောင်ဆီဆိုင်၊ ညွန့်ညွန့်ဆီဆိုင်၊ ရွှေလမင်းဆီဆိုင်၊ ဒေါ်ကြိတ်ဆီဆိုင်နှင့် စိန်ကမ္ဘာဆီဆိုင်တို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား (၁၈.၉.၂၀၂၅)ရက်၊ နံနက် (၁၀:၀၀)အချိန်တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဆီဆိုင်များမှ ရောင်းချနေသော ဆီများသည် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများ အတိုင်း ရောင်းချခြင်း ရှိ/မရှိ နှင့် ဆီဈေးနှုန်း ကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီဆိုင်များအား ဈေးတင်ရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)                                

တာမွေမြို့နယ်၊ Super One သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာ ရေး)သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၃၀)အချိန်တွင် တာမွေမြို့နယ်၊ Super One သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ထိုင်နိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့် တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ကုန်ပစ္စည်း များသိုလှောင်ခြင်း ၊  ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိ၊  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်ဆိုင်ရာအဖွဲ့များဖြင့် ဈေးနှုန်း များတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်) 

တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးသို့  ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              (၂၂-၉-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) နှင့် ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ) ဝန်ထမ်း(၂)ဦးသည် တောင်ဥက္ကလာပမြို့နယ် ဈေးတာဝန်ခံဖြင့်ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးရှိကုန်စုံဆိုင်များတွင် ကုန်စည်များ အားရောင်းချလျက်ရှိ သော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေး နှုန်းများကောက်ခံခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံး သူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်) 

“ဒလမြို့နယ်တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား သတ်မှတ်ထားသောကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အထက်တို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိအား စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဈေးတာဝန်ခံ ဦးသန်းထွန်းတို့ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏသုံးစွဲပုံ နည်းလမ်းထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကိုသာ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာနသည် ပညာရေးဦးစီးဌာန၊ ပညာရေးမှူးရုံးတွင် မိတ်ဖက်ဌာန ဆိုင်ရာများ ဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေး အဖွဲ့တို့နှင့်အတူ ပညာသင်ကာလအတွင်း ကျောင်းသား/ လူငယ်များကို သက်ဆိုင်ရာဌာနများ၏ လူငယ်အသိပညာဗဟုသုတများ  တိုးပွားစေရန် ရည်ရွယ်၍ ‌ကျောင်းဟောပြောခြင်း လုပ်ငန်းများ ၊ ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းလုပ် ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားချက်ပြည်မီစွာ ဆောင်ရွက်နိုင်ရေး  ၂၂-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

     ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောင်အသိပညာပေး ဟောပြောပွဲများကို လစဉ် လျာထားဆောင်ရွက်လျက်ရှိပြီး အခြေခံကျောင်းများ လူငယ်အသိပညာပေး ဆောင်ရွက်ရာတွင် လိုက်ပါ ဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ လစဉ် ဌာန၏ လျာထား ချက်ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိတ်ဖက်ဌာနများကလည်း လစဉ် ဟောပြောပွဲ ပြုလုပ်မည့် ကျောင်းအစီအစဉ်များနှင့် ရေးဆွဲ၍ စီစဉ်ဆောင်ရွက်မှုများကို ဌာနများ ပူးပေါင်း ဆောင်ရွက်မည့် သတ်မှတ်ရက်များကို အခြေခံကျောင်းများဖြင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ၂၂-၉-၂၀၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပန်းတနော် အခြေခံပညာ အထက်တန်း ကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

      အခမ်းအနားတွင်  ပန်းတနော်မြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေးဥပဒေပါအခန်းလိုက်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာဥပဒေ၊ စားသုံးသူအခွင့်အရေး (၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များရဲ့ တာဝန် များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ နစ်နာသည့် စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့်တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“ တွံတေးမြို့နယ်၊စည်ပင်သာယာမြို့မဈေးအတွင်းရှိအလှကုန်ပစ္စည်းများအားကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း၌ အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိအား စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် စည်ပင် သာယာမြို့မဈေးတာဝန်ခံ ကောင်းထက်ကိုကို တို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသောဆိုင်များသို့ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အလှကုန်ပစ္စည်း အမျိုးမျိုး(၁၀)ဂရမ်အထက်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မဖြစ်မနေဖော်ပြရမည့် အချက်(၅)ချက်ရှိကြောင်းနှင့် အဆိုပါ(၅)ချက်အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပန်းတနော် မြို့နယ် Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေး‌

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ များသည် ၂၂-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ ဦးအောင်ကျော်သက် သည် မြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက် (၁၄)စက်မှ ဆန်စက်လည်ပတ်မှု အခြေအနေများ၊ ရေစစ်ကန်ပြုလုပ်ဆောင်ရွက်မျုအခြေအနေများကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး လစဉ် စစ်ဆေးဆောင်ရွက်ပြီး ဆန်စက်မှ လျှပ်စစ်ဓာတ်အား ထွက်ရှိမှု အခြေ‌အနေများ၊ Gasifire Disel စက်အသုံးပြုရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် စွန့်ပစ်ကန့်များဖြင့် စနစ်တကျ ထားရှိအသုံးပြုမှုများအား  စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားကို အထောက်အကူပြု တစ်ပိုင်တစ်နိုင်အသုံး ပြုလျှက်ရှိနေကြပြီဖြစ်သည်။Gasifier များဖွံဖြိုးတိုးတက်လာ စေရေးအတွက် နိုင်ငံတော်မှလိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးအတွင်း အနာဂတ်မှာလည်း စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်‌ရေး ဆွေးနွေးပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်း‌ ဆိုင်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

    ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတနော်စားသုံးသူရေးရာဦးစီးဌာနမှ  ဦးအောင်ကျော်သက် နှင့်အဖွဲ့က စိုက်ပျိုးရေး သွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မြန်မာ ဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရေး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ ရောင်းချရာတွင် ဘောင်ချာ/ဖြတ်ပိုင်းပေး၍ စနစ်တကျရောင်းချရေး၊ ဘေးအန္တရာယ် ကင်းရှင်းသော ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်း ချရေး၊ ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေး ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“ တွံတေးမြို့နယ်၌စားသုံးဆီအမျိုးမျိုးတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ”

        ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးတို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စည်ပင်သာယာမြို့မဈေးအတွင်း ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မဖြစ်မနေဖော်ပြရမည့် အချက်များဖြစ်သည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် စားသုံးဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ