Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ UIDနံပါတ်ထုတ်ပေးခြင်းတို့ဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန့်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာလာရောက်ထုတ်ယူကြသည့်  နိုင်ငံဝန်ထမ်းအငြိမ်းစားများအား စက်တင်ဘာလ(၂၃)ရက်၊ နံနက်(၈)နာရီမှစတင်၍  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
           ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာ ရဲဝင်းထွန်းနှင့် အဖွဲ့က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခဲ့ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ UID နံပါတ်များ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ၎င်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊  ဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေး၍ လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအားဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း

                 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန့်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာလာရောက်ထုတ်ယူကြသည့်  နိုင်ငံဝန်ထမ်းအငြိမ်းစားများအား စက်တင်ဘာလ၂၃နံနက်(၈)နာရီမှ စတင်၍  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
          အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းရောင်းချပေးခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတစ်ဦးလျှင် ဆီ(၅၀)သား၊ ကြက်သွန်(၅၀)သား၊ ဘဲဥ(၅)လုံး၊ အိုင်အိုဒင်းဆား(၁)ထုတ်၊ စုစုပေါင်း အခြေခံစားသောက်ကုန် (၄)မျိုးအား (၇၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

ဖျာပုံခရိုင်းအတွင်းစားအုန်းဆီများသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့်သတ်မှတ်စျေး နှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေး

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်နှင့်တာဝန်ရှိသူများသည် စားအုန်းဆီများ သတ်မှတ်ချက် များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေး အတွက်ခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁)ရက်နေ့နေ့လယ်ပိုင်းအချိန်ကဖျာပုံမြို့သီရိအဏ္ဏဝါခန်းမ၌ကျင်းပသည်။
        အဆိုပါ စားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ် စျေးနှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေးရာတွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးစားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများသို့ စားအုန်းဆီကို သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးကြစေရေး၊ သတ်မှတ် စျေးနှုန်းဖြင့်ရောင်ချကြစေရေးနှင့်စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်တစ်လျှောက်မှန်(၆)မှန်ဖြင့်စနစ်တကျ၊ မှန်ကန်စွာဆောင်ရွက်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ဆွေးနွေးပြောကြားသည်။ ထိုနောက် စားသုံသူရေးရာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးမှူးဦးဝင်းထွန်းက တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများပတ်သက်၍အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြား ပြီး အခမ်းအနားသို့တက်ရောက်လာကြသောခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များက သိရှိလိုသည်များပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။
       အဆိုပါအခမ်းအနားသို့ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊လက်ကား ကိုယ်စားလှယ်များတက်ရောက်ကြကြောင်းသိရှိရသည်။

DOCA (ဧရာဝတီ)

တိုက်ကြီးမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၂၄.၉.၂၀၂၅) ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးမှ တာဝန်ရှိသူများလိုက်ပါလျက် စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာကိုယ်စားလှယ်များထံမှရရှိသောခွဲတမ်းအား ရပ်ကွက် နေပြည်သူများသို့ စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လကို (၂) ပိဿာနှုန်းဖြင့် ရပ်ကွက်အလိုက် စနစ်တကျရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးကြောင်း၊ လက်ကျန်ထားရှိခြင်းမပြုလုပ်ဘဲ ရောင်းချပေးလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

          ဆက်လက်၍ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ က သိုလှောင်ထားခြင်းများရှိခဲ့လျှင် ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းအသိပညာပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ဖျာပုံမြို့၊အမှတ်(၁၈/၁၉ )ရပ်ကွက်သို့မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေးကွင်းဆင်း စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်အတွင်း၌ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများအားတစ်မြို့နယ်လုံးအတိုင်းအတာဖြင့်လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိရာစက်တင်ဘာလ၄နေ့လယ်ပိုင်းအချိန်က အမှတ်(၁၈/ ၁၉ )ရပ်ကွက်သို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ လံစစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရသည်။
        အဆိုပါကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ဖျာပုံခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်၊ တာဝန်ရှိသူများက စစ်ဆေးရာတွင်
အိမ်ထောင်စု အမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသူများ၊ အိမ်ထောင်စုစာရင်း မရှိသူများအား စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခုရရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း များအား​ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းလိုအပ်ချက်များလမ်းညွှန်မှာကြားခဲ့သည်။ဖျာပုံမြို့နယ်တွင် အဆိုပါလူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်း စိစစ်မှုများ အားနေ့ရက် အလိုက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

 

မြင်းခြံမြို့ရှိ လှိုင်သုခ ဆေးအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်တွင်း စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိသော ကုန်စည်များနှင့်လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့ အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ် ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

            (၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ လှိုင်သုခ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ကြသည်။ ဈေးကွက်အတွင်း၌  အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါး အတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင်မရှိ သည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချ ခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံ ချက်ပါဝင် သောဆေးဝါးများနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသောဆေးဝါးများသာ ရောင်းချစေ ရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီ မှုရှိသော ဆေးဝါးများကိုသာရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်း ရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

DOCA (မန္တလေး)   

ညောင်ဦးဒေသထွက်ကုန်များ ပြသနိုင်ရေးဆွေးနွေးပွဲကျင်းပ

             ညောင်ဦးမြို့တွင် (၂၃.၉.၂၀၂၅ )ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ပုဂံ-ညောင်ဦးဒေသထွက်ကုန်များ ပြသနိုင်ရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် ညောင်ဦးမြို့ရှိ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များ ပြသနိုင် ရေး၊ ပြခန်းများတွင်လိုအပ်သည်များဆောင်ရွက်ထားနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)တက် ရောက်ဆွေးနွေးခဲ့ပါသည်။ ပုဂံ-ညောင်ဦးဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားသော နေရာဒေသတစ်ခုဖြစ်၍ လာရောက်လည်ပတ်သော ခရီးသွားများအတွက် အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြမည့်ဒေသထွက်ကုန်များကို အရည်အသွေးပြည့်မီကောင်းမွန်စွာထုတ်လုပ်ခြင်းဖြင့် ဒေသခံ များ၏ အကျိုးစီးပွားနှင့်ဒေသဖွံဖြိုးမှုများ ဖြစ်ထွန်းလာကာ ဒေသရဲ့ဂုဏ်ကိုလည်း ပိုမိုမြှင့်တင်နိုင်မည် ဖြစ်ပါသည်။

DOCA (မန္တလေး)   

ညောင်ဦးမြို့တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံသည် စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်၌ ညောင်ဦးမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိ ပညာပေး(KAERU CARAVAN) အစီအစဉ် ကျင်းပပြုခဲ့ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

          အခမ်းအနားတွင် ရှေးဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးက ကလေသူငယ်များ သဘာဝဘေးအန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိပတ်ဝန်းကျင်ရှိ ပစ္စည်းများဖြင့် မည်ကဲ့သို့အသုံးပြုနိုင်သည်ကို သိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေး အစီအစဉ်များနှင့်လက်တွေ့ရှင်းလင်းပြသမှုများကို အခမ်းအနားတက်ရောက်လာသူများ ကြည့်ရှု့ အားပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားနှင့် အသိပညာပေးအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်မှ တက်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)   

တောင်ကြီးမြို့ပေါ်ရှိOnlineရောင်းဝယ်မှုလုပ်ငန်းအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၃၀.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီ တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးနှင့်ဝန်ထမ်းများသည် အွန်လိုင်းမှတ်ပုံတင်လျောက်ထားသည့် Penoy’S Closet  အထည်အလိပ်၊အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများရောင်းချသည့်လုပ်ငန်းအား မှတ်ပုံတင်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေးက  ရှမ်းပြည်နယ်၊ အမှတ်(ည/၁၈)ယုဇနလမ်း၊ ညောင်ဖြူစခန်းရပ်ကွက် ၊တောင်ကြီး မြို့ရှိ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်လျောက်ထားရာ အချက်အလက်များအတိုင်း မှန်ကန်မှု ရှိမရှိကို စစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိမှ စစ်ဆေးရန် သတ်မှတ်ချက် များအတိုင်း လုပ်ငန်းခွင်၏ ရောင်းချမှု ကုန်စည်များကို စစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချခြင်းနှင့်ပတ်သက်၍ အမိန့်ကြေငြာစာပါ အချက်အလက်များကို လုပ်ငန်းရှင်သိရှိနိုင်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရှမ်း)

ညောင်တုန်းမြို့နယ်တွင် ဈေးကွက်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတု များရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

        မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း Danone Specialized Nutrition (Thailand) မှ ထုတ်လုပ်သည့်  DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်အတွင်း အတုပြလုပ်ရောင်းချနေမှု ရှိ/ မရှိကို ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်စုံဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ညောင်တုန်းမြို့နယ် ကုန်စုံဆိုင်ကြီး ၆ဆိုင်တွင် ရောင်းချနေသော  DUMEX DUPRO အမှတ်တံဆိပ် ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့၇ှိရပြီး အခြားသော ကလေးဖြည့်စွပ်စာ အမှတ်တံဆိပ်များသာ ရောင်းချနေကြောင်းတွေ့ရှိရပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့စည်းများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များသာရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်း အသိပေးရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ