Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဇွန်လပထမအပတ် ၁ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး လျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၈၀၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူ များအဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၀) အိတ်၊  ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံ များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်း ချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

    စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေး လျက်ရှိသောစားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

မုံရွာခရိုင်အတွင်း (၂.၅.၂၀၂၄) ရက်နေ့မှ (၁၂.၅.၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၆၁၇၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၉၀၀ ကျပ်ဖြင့် လည်းကောင်း၊ (၁၃.၅.၂၀၂၄) ရက်နေ့မှ (၃၁.၅.၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၃၂၃၄၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၈၀၀ ကျပ်ဖြင့် လည်းကောင်း  စုစုပေါင်း ပိဿာချိန် (၄၈၅၁၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်များ၊ ဈေးများအပြင်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန် ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၅/၂၀၂၄) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

     မုံရွာခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၇.၅.၂၀၂၄)ရက်နေ့တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ဆာကူရာ” သစ်သီးယိုမျိုးစုံ လုပ်ငန်းရှင်အား လည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၀.၅.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ကွက်ရှိ “သိဒ္ဓိ”ဆီစက် လုပ်ငန်းရှင်အားလည်းကောင်းတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၅/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု အခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

           မုံရွာခရိုင်အနေဖြင့် (၅/၂၀၂၄) လအတွင်း ဒု-ခရိုင်ဦးစီးမှူးနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့မှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များ၊ မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ  လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကြည်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ စားအုန်းဆီသိုလှောင်ကန်များအားစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မိုးအောင်နှင့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများ၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ကြည်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ KIP၊ MNG (2)၊ DD၊ HTT၊ MEC (အဖြူ)  စသည့်ဆီကန်များမှ ဆီကန်မန်နေဂျာနှင့်တာဝန်ခံများပူးပေါင်း၍ ၃၀-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဆီကန်လက်ကျန်ပမာဏများစစ်ဆေးခြင်း၊ ဆီထုတ်ယူသည့် ဆီပေပါများသန့်ရှင်းမှုရှိ / မရှိ၊ ဆီပေပါများ အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကို သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဟန်နီစိုးဆေးဆိုင်အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(၂၉)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် သာကေတမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား   ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးတို့အတွက် အဖွဲ့စုံဖြင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါဆေးဆိုင်များမှာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီးနောက် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ မြတ်သဇင်ဆေးဆိုင်သို့ သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် သာကေတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ၃၁-၅-၂၀၂၄ ရက်နေ့  နံနက် (၁၁:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၁၅)၊ ခိုင်‌ရွှေဝါလမ်း၊ သာကေတမြို့နယ်ရှိ မြတ်သဇင်ဆေးဆိုင်ခွဲ(၃)အား   ဆိုင်တာဝန်ခံ ဒေါ်ခင်ကြည်ကြည်ဇင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်းရှိ ဆေးဝါးများမှာ ဆေးအမျိုးအမည် (၅၀) ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို Mega, AA  စသည့်ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်းဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ ပိုင်ဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် သာကေတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ၃၁-၅-၂၀၂၄ ရက်နေ့၊  နေ့လယ် (၁၁:၃၀) နာရီအချိန်တွင်  အမှတ်(၁၂၁၅)၊ ခိုင်‌ရွှေဝါလမ်း၊ သာကေတမြို့နယ်ရှိ ပိုင်ဆေးဆိုင်အား ဆိုင်တာဝန်ခံ ဒေါ်သင်းအိထွေးနှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်းရှိ ဆေးဝါးအမျိုးအမည်မှာ (100)ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို မင်္ဂလာဈေးရှိ ကိုကျော်သူ၊ ကေကေ၊ မင်္ဂလာ စသည့်ဆေးဆိုင်များမှ ဝယ် ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်း ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ စားသုံးသူရေးရာကော်မတီ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ က(၁၀၁)အစည်းအဝေးခန်းမတွင် ၃၁-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဒုတိယဥက္ကဋ္ဌ ရဲမှူးကြီးမျိုးကြည်၊ အတွင်းရေးမှူးဖြစ်သူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကော်မတီ၏လုပ်ငန်းတာဝန်များဖြစ်သည့် အမိန့်ချမှတ်ခြင်း၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် တင်ပြချက်အပေါ် ဆုံးဖြတ်ပေးခြင်း၊ အယူခံမှုများအတွက် ဆုံးဖြတ်ခြင်းနှင့် ကော်မတီ၏ လုပ်ဆောင်ချက်များကို ‌ကော်မရှင်ထံသို့တင်ပြခြင်း အစရှိသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၁၈) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရှေ့ဆက်လည်း ကော်မတီအနေဖြင့် စားသုံးသူအသိပညာပေးခြင်း၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်ခြင်း လုပ်ငန်းများအား ယခုထက်ပိုမိုအောင်မြင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးကျော်ကျော်လွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။

       ယင်းနောက် အစည်းအဝေးသို့တင်ပြထားသည့် အမှာစာများအား ဖတ်ကြားတင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးမှု များပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး၊၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှု အဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဇေမောင်မောင်တို့ပါဝင်သောအဖွဲ့များသည် ၂၉-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV လစန္ဒာရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကျောက်မှုန့်၊ အရက်၊  အထွေထွေစားသောက်ကုန်၊ လူသူံးကုန်မျိုးစုံများကိုတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်  ၎င်းတို့မှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများကို ကော့သောင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ