Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ် ဆီစက်လုပ်ငန်း ထုတ်လုပ်လည်ပတ်မှုအခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် လေ့လာ စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ပူးပေါင်းအဖွဲ့ဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပူးပေါင်း၍ (၂၂..၂၀၂) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မအူပင်မြို့နယ် ရွှေတောင်ပေါ်ကျေးရွာရှိ၊ ဆီစက်ပိုင်ရှင်များဖြစ်သော ဦးမြင့်ဦးနှင့် ဦးအေးလွင် တို့၏ ဆီစက် လုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် ဆီကြိတ်ခွဲမှု နေ့၊ ည လည်ပတ်နိုင်မှု အခြေအနေ၊ ဆီကုန်ကြမ်းများဖြစ်သော နေကြာနှင့် မြေပဲများရရှိနိုင်မှု၊ ဈေးကွက်၊ ဈေးနှုန်းတွက်ချေကိုက်မှုနှင့် ဆီဖြန့်ဝေ ရောင်းချနိုင်မှု အခြေအနေများ၊ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ ထုတ်လုပ်သောကုန်စည်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိမှုအခြေအနေ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အခြေအနေများကို စစ်ဆေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ပေးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို အသိပညာပေး

         (၂၀.၉.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီလက်လီလက္ကားကိုယ်စားလှယ်များအား ဆီရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချနိုင်ရေးကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် အသိပေးပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

        ပြောကြားဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦး‌ဇော်မင်းက ပန်းတနော် စားအုန်းဆီ လက္ကားလက်လီဖြန့်ဖြူးသည့် ကိုယ်စားလှယ်များအား နေ့စည် ရောင်းချပေးသည့် ဆီရောင်းချမှုစာရင်းများ မှန်ကန်မှုရှိစေရေး၊ ဖြန့်ဖြူးသည့်စားအုန်းဆီများအား စားသုံးသူများထံသို့ မှန်ကန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဆီအုန်းဆီထုတ်ယူခွင့် ဆီစာအုပ်များဖြင့်ဖြန်ဖြူးရောင်းချရာတွင် အဆင်ပြေချောမွေ့စွာရောင်းချစေရေး၊ သတ်မှတ်ထားသည့်ဒေသစျေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေး၊ ရရှိသောစားအုန်းဆီခွဲတမ်းများအား သိုလှောင်ထားမှုမရှိဘဲ အပြည့်အဝရောင်းချစေရေး၊ အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့ ကိုအသိပညာပေးပြောကြားခဲ့ပြီး သတ်မှတ်စည်ကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ဆီရောင်းချသူ လက်ကား/ လက်လီ လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မာဃပဲမုန့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာဆောင်ရွက်

               စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်း (၁) ဦးသည် ဓနုဖြူမြို့နယ်၊ အမှတ်(၉၄)၊ သီရိရတနာလမ်း၊ (၇)ရပ်ကွက်ရှိ မာဃပဲမုန့်လုပ်ငန်းသို့ (၂..၂၀၂)နေ့ နံနက်  (၁၁:၀၀)နာရီ အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

            မာဃပဲမုန့်လုပ်ငန်းပိုင်ရှင် ဒေါ်ထိုက်ထိုက်ဝင်းက ဂျုံ၊ ပဲ၊ ထန်းလျက် နှင့် အခြားပါဝင်ပစ္စည်း များကို ဓာတုဆေးမပါဝင်ပဲ အချိုးကျ ကောင်းမွန်သောအရသာရရှိအောင် ဆောင်ရွက်၍ ရောင်းအား အနေဖြင့် တစ်နေ့လျှင် ဗူး(၃၀၀)ခန့်ရောင်းရပြီး တစ်ဗူးလျှင် (၀၀၀)ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း ဆွေးနွေး လေ့လာသိရှိခဲ့ရပါသည်။

            မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားများအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးတို့ကို အသိပညာပေးဆောင်ရွက်ပြီး လုပ်ငန်းခွင်သန့်ရှင်းရေးနှင့် ဈေးကွက်ရရှိမှုတို့အပေါ် ရှင်းလင်းဆွေးနွှေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ရန်

       ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးက ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်ရှိ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်များ၊ အလှကုန်ဆိုင်များဆေးဆိုင်များအား ကုန်ညွှန်းအမှတ်အသား ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

            အခြားဈေးကွက်စောင့်ကြည့်မှုအနေဖြင့် SME လုပ်ငန်းဖြစ်သော မရွေးမုန့်လုပ်ငန်းနှင့် ပဲမုန့် လုပ်ငန်းများတွင် ကုန်အညွှန်းအမှတ်အသားစသော ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ဒေသတွင်း ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးမှု မရှိစေရေး၊ စစ်ဆေးသော လုပ်ငန်းများမှာ ကုန်အညွှန်းစိစစ်ခွင့်ပြုချက်များရရှိသော လုပ်ငန်းများဖြစ်ပြီး စစ်ဆေးကြပ်မတ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မွန်ပြည်နယ် ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

      ၂၇.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရော်ဘာကုန်သည်နှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ကုန်စည်ဒိုင်ဖြစ်မြောက်ခြင်းသည် ဒေသတွင်းရော်ဘာထုတ်ကုန်များကို တစ်နေရာတည်း၌ ရောင်းဝယ်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များနှင့် ဈေးကွက်အဖွဲ့အစည်းများ အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ရော်ဘာကုန်စည်ဒိုင်ဖြစ်မြောက်ရေး စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက် သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ရန် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၏ လမ်းညွှန်းချက်အရ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ

              မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၏ လမ်းညွှန်းချက်အရ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့ နယ်ရှိ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ မအူပင်မြို့နယ် အောင်ရတနာဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် စားသောက်ကုန်ဆိုင် များအား ကုန်အညွှန်းအမှတ်အသား ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်ဈေးကွက် စောင့်ကြည့်ခြင်းလုပ်ငန်းများ ၂၃-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီအချိန်က ပူးပေါင်းဆောင်ရွက်ခဲ့ ပါသည်။

            အခြားဈေးကွက်စောင့်ကြည့်မှုကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက  မြို့ပေါ်ရှိ စတိုးဆိုင်များ လက်လီဈေးဆိုင်များနှင့် ဝန်ဆောင်မှုရှိသောလုပ်ငန်းများကိုလည်း စစ်ဆေးကြပ်မတ် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြ ချက်များ၊ ညွှန်ကြားချက် ၂/၂၀၁၉ စပ်လျဉ်း၍ အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သက်ဆိုင်ရာမိတ်ဖက်ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင်ကြည့် ကွင်းဆင်း စစ်ဆေး ကြပ်မတ်

         မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံတို့သည် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမားရေးဦးစီးဌာန၊ အစား  အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် အလျဉ်းသင့်သလို ပူးပေါင်း၍ စားသုံးသူများ ဒေသတွင်းအခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့အား  သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အဓိကထား၍ ကုန်စုံဆိုင်များ၊ စားသောက်ကုန်ဆိုင်များ၊ လောင်စာဆီဆိုင်များ စားအုန်းဆီဆိုင်များနှင့် ဆေးဝါးဆိုင်များကို ၂၂-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

            စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်က စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တွင်း ပြည်သူများ အခြေခံစားသောက်ကုန်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို သင့်တင်မျှတသော ဈေးဖြင့် ဝယ်ယူနိုင်ရေး၊ ကုန်စည်အမျိုးမျိုးတွင် ကုန်အညါှန်အ၎ှတ်အသားဖော်ပြပါဝင်ခြင်းရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များတွင် ပါဝင်သော အချက်အလက်များ ကိုက်ညီသော ကုန်စည်များ ရောင်းချခြင်းရှိမရှိ၊ ဒေသတွင်း ကုန်ဈေးနှုး အခြေအနေများကို မေးမြန်းခြင်း၊ သက်ဆိုင်ရာ ဌာနဆို့’ ခွင့်ပြုချက်ထောက်ခံချက် ပါရှိမှု ရှိမရှိကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသော ဆိုင်ရှင်များကို ဒေသတွင်းကုန်စည်များ ရောင်းချရာ၌ သင့်တင်မျှတသော ဈေးဖြင့် ရောင်းချရန်၊ သိုလှောင်ပြီး ဈေးကစားရန် ပြုလုပ်ခြင်းများ မရှိစေရေးကို ဆိုင်ရှင်များအား မှာကြားစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ Community Center ခန်းမတွင် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦး ဆောင်ကျင်းပ သော ခရိုင်စိုက်တိုးမြှင့်အဖွဲ့နှင့်အတူ  ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး Community Center ခန်းမတွင်(၂.၉.၂၀၂)နေ့နံနက်(၁၀:၀၀)နာရီ မှ(၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားကို ခရိုင်စိုက်တိုးမြှင့် ဥက္ဥဌမှ ငါးလုပ်ငန်းမွေးမြူရေး အကြောင်းကို အဖွင့်အမှာစကားပြောကြားပြီးနောက် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သမရိုးကျ မွေးမြူမှုမှသည် နည်းစနစ်ကျအရည်အသွေးကောင်း ငါးမွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာရေးနှင့် ပြည်တွင်းဈေး ကွက်မှသည် နိုင်ငံခြားဈေးကွက်ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်မှု အလားအလာ ကောင်းများကို အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းဟောပြောခဲ့ပါသည်။

            ဆက်လက်၍ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မအူပင်မြို့နယ် ငါးလုပ်ငန်းရှင် ဦးမြစိုး နှင့်ငါးရှဉ့်လုပ်ငန်းရှင် ဦးအောင်ကျော်သူတို့မှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်အခြေ အနေများကိုတင်ပြပြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါ်အေးအေးမင်းက ဌာန၏ဆောင်ရွက်မှု နည်းပညာပေးနိုင်မှုကို ငါးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ငါးရှဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင် စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ပြီး အခြားသိလိုသော အကြောင်းအရာများကို အကျယ်တဝင့်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် 17 တွင် စားသုံးသူရေးရာကဏ္ဍ သင်ခန်းစာပို့ချ

      ၂၃.၁၀.၂၀၂၅ ယနေ့ နံနက်(၀၈:၀၀) နာရီချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် 17 တွင် ပြည်သူ့အတွက်စားသုံးသူရေးရာကဏ္ဍ သင်ခန်းစာပို့ချခဲ့ပါသည်။

DOCA(မန္တလေး)

 

ပန်းတနော်မြို့နယ် ကျေးရွာများအား စားအုန်ဆီထုတ်ယူခွင့်စာအုပ်များ သတ်မှတ်စည်ကမ်းနှင့်အညီ ရောင်းချနိုင်ရေးပေးအပ်

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် တာဝန်ခံတို့သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား (၂၀-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေးများကို စားအုန်းဆီထုတ်ယူခွင့် စာအုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။

       ကျေးရွာနေပြည်သူများ စားအုန်းဆီဝယ်ယူခွင့်ရရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင်ဦးစီးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ ကျေးရွာများအလိုက် စားအုန်းဆီထုတ်ယူခွင့် စာအုပ်များကို အိမ်ထောင်စုအလိုက် စနစ်တကျပေးအပ်ရန်၊ ရောင်းချပေးသော ဆီစျေးနှုန်များကို မှန်ကန်စွာရောင်းချပေးရန်၊  စားသုံးသူများ ဝယ်ယူသည့်အခါ အခက်အခဲမရှိစေရေး သတ်မှတ်စည်ကမ်းများကို သိရှိနားလည်နိုင်ရေး အသိပေးပြောကြားပြီး ပြည်သူလက်ဝယ်သတ်မှတ်ဆီများ ရောက်ရှိစေရေး စနစ်တကျရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ