Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကံမမြို့၌ တရားမဝင် ဆင်းကတ်များရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တာဝန်ခံသည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ တရားမဝင် ဆင်းကတ်ရောင်းချမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆင်းကတ်များ အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ် များ စနစ်တကျမှတ်ပုံတင်ရောင်းချ နိုင်ရန်နှင့် တရားမဝင် ဆင်းကတ်ရောင်းချမှုများ ရှိ/မရှိ ကံမမြို့ ပေါ် ဖုန်း(ဆင်းကတ်)အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် တရားမဝင်ဆင်းကတ်များ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါသည်။

DOCA(မကွေး)

ဧရာဝတီမြေပဲဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဧရာဝတီမြေပဲဆီရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကံမမြို့၌ ပင်စင်စားများနှင့် ရပ်ကွက်နေပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှုအား ပူးပေါင်းဆောင်ရွက်  

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၂.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကံမမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ပင်စင်စားများ၏ သက်သာချောင်ချိရေးအတွက် ပင်စင်ထုတ်ယူသည့်ရက် (၂၂.၉.၂၀၂၅) ရက်နေ့မှစ၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ပင်စင်စား (၄၄၀)ဦးအတွက် ရောင်းချခဲ့ကြောင်း သိရပါသည်။

    ဆက်လက်၍ ကံမမြို့ အမှတ် (၁)နှင့် (၂)ရပ်ကွက်တို့ရှိ ရွှေတိုးနှင့် ဟိန်း ဆီဆိုင်တို့မှ ရပ်ကွက် နေ အိမ်ထောင်စု(၁)စုလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းကို ကျပ်(၇၅၅၀)ဈေးဖြင့် ရောင်းချရာတွင် အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဆီဝယ်စာအုပ်များဖြင့်စနစ်တကျရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်း လုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၂၂--၂၀၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်၊ ဆေးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေ‌ရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်၌ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၂--၂၀၂၅)ရက်နေ့၊ နံနက် (၀၈း၀၀)နာရီအချိန်တွင် မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်(၃)ဆိုင်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ စားသုံးသူများဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ကံမမြို့နယ် တာဝန်ခံဒေါ်နွဲ့ယဥ်ဝင်းသည် ဈေးအတွင်းရှိ ရောင်းချ လျက်ရှိသော ကုန်စုံဆိုင်များတွင် စည်သွပ်အစားအစာ အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြ ထားသည့် ကုန်စည်များသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ် ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေထည့်သွင်း ဖော်ပြခြင်းရှိ/မရှိနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SUn BRAnD ငါးသေတ္တာ (၄၂၅)ဂရမ်တွင် အဆိုပါ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အခြားရောင်းချသည့် ကုန်စည်များ သည်လည်း ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အောင်လံမြို့၌ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး သရက်/အောင်လံခရိုင် တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၄.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ရောင်းချနေသော ကုန်စည်များ တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ဖော်ပြချက်များနှင့် ပြည့်စုံစွာဖော်ပြပါရှိပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)တို့နှင့်အညီ ကိုက်ညီသည့် ကုန်စည်များကိုသာ ‌ရောင်းချနေ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ဆည်မြောင်းဈေး၌ ကုန်ပစ္စည်းနမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၄.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့်ပူးပေါင်း၍ မကွေးမြို့၊ ဆည်မြောင်းဈေး တွင်ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ပဲပြား(S)၊ အမဲသွေး၊ ဝက်အူချောင်း၊ မုန့်ဟင်းခါးဖက်၊ ဂျုံကြာဇံခြောက်၊ ဆန်ကြာဇံခြောက်၊ ဘူးချဉ်၊ ပဲသွေးတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ  Mobile Lab Van ဖြင့်  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အဆိုပါစျေးအတွင်း ချက်ချင်းစစ်ဆေးခဲ့ရာ ပဲသွေးတွင် ခွင့်မပြု တာရှည်ခံဆေးများ သုံးစွဲထားကြောင်း တွေ့ရှိခဲ့ပါ၍ အဖွဲ့ဝင်များရှေ့မှောက်တွင်  ပဲသွေးအား ချက်ချင်းဖျက်ဆီးခဲ့ပြီး Mobile Lab Van ဖြင့် စစ်ဆေးနိုင်ခြင်းမရှိသည့် ငပိနှင့် အရောင်တင်မှုန့်တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)သို့ ပေးပို့ဆောင်ရွက်လျက်ရှိပြီး စားသုံးရန်မသင့်ကြောင်း စစ်ဆေး တွေ့ရှိပါက ထုတ်လုပ်သူလုပ်ငန်းရှင် များအား ဥပဒေအညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ ဆန်၊ ဆီများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီရောင်းချရေး ကွင်းဆင်းစစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၂၄.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆန်၊ ဆီများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်များရောင်းချရာတွင် အခြားအမျိုးမတူဆန်များနှင့် ရောနှောရောင်းချခြင်း၊ ဆီများကို ရောင်းချရာတွင် အခြားအမျိုးမတူဆီများနှင့် ရောနှောရောင်းချ ခြင်းမရှိစေရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်းရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသောက်ကုန်ရောင်းချသော ဆိုင်ရှင် များကို လည်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်စေရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ် အသားများပြည့်စုံမှန်ကန်စွာဖော်ပြစေရေး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာ ရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရေး၊ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁/၂၀၂၅)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (/၂၀၂၅)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲအား  "စားသုံးသူစွမ်းဆောင်ရည်မြင့်မားရေး ကဏ္ဍစုံဖြင့်ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြပြီး လက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ စီးပွားရေးရာ ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်သုံးစွဲကြ ဟူသော ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်စုစုထွန်း လက်ထောက်ညွှန် ကြားရေးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိမည့် အခွင့်အရေးနှင့် တာဝန် များ၊ CICCတိုင်ကြားနိုင်သည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူ များအား အုပ်စု အဖွဲ့(၃)စုဖွဲ့၍ စားပွဲဝိုင်း(၃)ခုဖြင့် အုပ်စု အလိုက်ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ စားသုံးသူမိဘ ပြည်သူများအနေဖြင့် မိမိတို့ရရှိမည့် အခွင့်အရေးများအပေါ် နစ်နာဆုံးရှုံးမှုများရှိပါက Consumer Call Center Hot Line No.1535 သို့ ဆက်သွယ်၍ တိုင်ကြားမှုများ ပြုလုပ်နိုင်ရန်၊ CICC တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ စားသုံးသူအမှန်တစ်ကယ် နစ်နာဆုံးရှုံးမှုရှိပါက လုပ်ငန်းရှင်ဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်ပေးရန်၊ စားသုံးသူမိဘပြည်သူများ ဘက်မှလည်း မိမိတို့ရရှိမည့် အခွင့် အရေးများကို သိရှိသကဲ့သို့ လိုက်နာရမည့် တာဝန်များကိုလည်း သိရှိလိုက်နာရန်၊ မကွေးတိုင်း ဒေသကြီးအတွင်း ထုတ်လုပ်သည့်ကုန်စည် များအားလုံး ဥပဒေပြဌာန်းချက်ပါ သတ်မှတ်ချက်များ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းကို လုပ်ငန်းရှင်တစ်ဦး ချင်းစီမှ လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်များ ထုတ်လုပ်ရာတွင် မိမိထုတ်ကုန်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေး ကောင်းမွန်မှန်ကန်စေရေး၊ တာဝန်ယူမှု/ တာဝန် ခံမှုရှိစေရေးနှင့် အာမခံချက်ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန်၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များအား ဈေးကွက်အတွင်း တင်သွင်း ခွင့်မပြုရန်နှင့် ဝယ်ယူသုံးစွဲလျက်ရှိသည့် စားသုံးသူ များအနေဖြင့်လည်း ဝယ်ယူသုံးစွဲခြင်းမပြုရန် ဟူသော အချက်များအား ဖော်ထုတ်နိုင်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား (၁၃:၀၀)နာရီအချိန်တွင် ရုတ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း

                စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည်‌ ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကိုင်း မြို့ ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော ထွန်းသောင်နှင့် အောင်ဇမ္ဗူဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထွန်းသောင်နှင့် အောင်ဇမ္ဗူဆေးဆိုင်များအနေဖြင့် ကုမ္ပဏီ များမှခွဲတမ်းရရှိမှုအပေါ်မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင် ရောင်းချခြင်းများရှိ သလို ဆေးကဒ်တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ် မူတည်၍သာ အမြတ်ယူ ရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်းအပြောင်း အလဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေး အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါး များကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ