Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ.ထ.က (၄) မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၁၁.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်း၌ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ၊ အ.မ.က (၄) ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်း ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူ အသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စား မုန့်ထုတ်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၅) ဦးနှင့် အတူ ကျောင်းသား၊ ကျောင်းသူ (၅၅) ဦး စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ စားသုံးသူကာကွယ်ပေး‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

    ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးက ပြည်သူများ၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးမေးမြန်းခဲ့ရာ မြိုနယ်စားသုံးသူရေးရာ ဦးစီးဌာန(တာဝန်ခံ) ဦးစိုးညီညီက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်များ၊ အသိပေးတိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

     ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ၊ကော့ကလော့ကျေးရွာ၌ သမဝါယမ ဦးစီးဌာနမှ  နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် ရေကျနောက်လိုက် မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင်   စပါးစိုက်ခင်းများအတွင်း ပိုးမွှား ရောဂါ ကျရောက်မှု မရှိစေရေးအတွက် ဂရုစိုက် ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး နည်းစနစ် မှန်ကန်ရေး ပညာပေးခြင်း ၊ စပါးရိတ်သိမ်းချိန်၌ အလေအလွင့်မရှိစေရေး နှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး၍.ပန်းတိုင်အထွက်နှုန်းရရှိစေရန်  အချိန်မီရိတ်သိမ်းပေးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်တောင်သူများအား မှာကြားပြီးလိုအပ်ချက်များကို ညှိ့နှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

      ၁၃.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သော အစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ် FDA မှ ဦးစီးအရာရှိ ‌ဒေါ်ပန်းရိပ်အောင်မှ ဆေးရောင်းချ နေသော လုပ်ငန်းရှင်များအား လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆေးများ စနစ်တကျ ထားရှိရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိရန် ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ ရောင်းချမှု မပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “မင်းကျော်သူ”အမှတ်တံဆိပ် မုန့်တိုက်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၂.၁၁.၂၀၂၅ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည်  ချောင်းဆုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်စည်ပင်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ “မင်းကျော်သူ” အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ထုတ်ကုန်ပစ္စည်းပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပြဋ္ဌာန်းချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုမရှိသဖြင့် လိုအပ်ချက်များအား ပြန်လည်ပြင်ဆင်ပေးရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၊ မူလွန် (ကော့မုပွန်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် (၁၁..၂၀၂) ရက်နေ့တွင် ချောင်းဆုံမြို့နယ်ှုလွန် (ကော့မုပွန်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်း မုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါမုန့်များနှင့် ဖျော်ရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း တွေ့ရှိရပြီး ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချသည့် “Kaung Hlyan New Asia Co. Ltd” အရောင်းနေရာသို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

        ၁၁.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် စားအုန်းဆီစျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေ‌ရေး၊  စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိ‌စေရေး၊ ဗီနိုင်းချိတ်ဆွဲရောင်းချစေရေးအတွက် ပြည်ပမှ စားအုန်းဆီများ တင်သွင်းသည့် ကုမ္ပဏီများမှ ဝယ်ယူ၍ ကျိုက်ထိုမြို့နယ်အတွင်း စားအုန်းဆီ လက်လီ၊လက်ကား ရောင်းချသည့် “Kaung Hlyan New Asia Co. Ltd” ၏ ရွှေ့လျားအရောင်းနေရာ တောင်သူစုရပ်ကွက် အောင်သီရိမြိုင်အရောင်းနေရာသို့ ကွင်းဆင်းကြပ်မတ် ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းသယ်ယူပို့ဆောင်ခစရိတ် အမြတ်၂ ရာခိုင်နှုန်းတို့ဖြင့် လက်လီလက်ကားဆိုင်ခွဲများသို့ ရောင်းချပေးပြီး လက်လီအရောင်း ဆိုင်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂ရာခိုင်နှုန်း ရယူ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျှက်ရှိရာ စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (မွန်)

မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် မုဒုံမြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ် ကော်မတီ မြို့နယ်ထွေ/အုပ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စားသုံးသူဦးဌာန၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရာမာန်၊ RS၊ မင်းသူကြွယ်၊ KZM စက်သုံးဆီဆိုင်များအား စစ်ဆေးခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ပုံမှန်ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပူးပေါင်း အဖွဲ့မှ ဆီလက်ကျန်အခြေအနေအား မြို့နယ်ကော်မတီ သို့ နေ့စဉ် သတင်း ပေးပို့ရန်၊ စက်သုံးဆီများအား ပေပါလိုက် ရောင်းချခြင်း မပြုရန်၊ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးဆောင်ရွက်ရန်နှင့် တရားမဝင်စက်သုံးဆီများ ရောင်းချခြင်း၊ သယ်ဆောင် ခြင်းများ မပြုလုပ်ရန် စက်သုံး ဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် အလှကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည်.၁၁.၂၀၂ ရက်နေ့တွင် အလှကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

    ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    ၁၁.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ မိတ်ဖက်ဌာနဆိုင်ရာတို့နှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ PT- power၊ DENKO၊ PUMA-စက်သုံးဆီအရောင်းဆိုင်များသို့  ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ ဆီအရည်အသွေး ပြည့်ဝမှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် လီတာ ပြည့်ဝမှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ခွဲတမ်းအပေါ် အပြည့်ဝရောင်းချပေးမှု ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

    မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဆီ ပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးအခြင်အတွယ်ပြည့်မှီ မှန်ကန်မှုရှိစေရေးဆောင်ရွက်ရန် မီးဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် မကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြ ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ