Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၃.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုဆိပ်ကမ်းနှင့် သိန်းဦးဆိပ်ကမ်းအား အကောက်ခွန် ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့်ပူးပေါင်း ၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

    ဆန်စပါးဈေးကွက်တွင် ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ သမာရိုးကျရောင်းဝယ်ခြင်း မဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း ၊ ဈေးနှုန်းတင်ရောင်းချခြင်း များမဖြစ်ပေါ်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင် ၊ မြောက်ဥက္ကလာပ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး (၂၃.၉.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  သင်္ဃန်းကျွန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ် (၁)၊ ခေမာကျောင်းလမ်း၊ (ဌ)ရပ်ကွက်ရှိ ဆန်လက်လီရောင်းချနေသောအရောင်းဆိုင်သို့သွား ရောက်၍ ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ  ဆောင်ရွက်လျှက် ရှိရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ  တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန် ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

  (၂၃.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်း ခရိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျှက်ရှိရာ သင်္ဃန်းကျွန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော အမှတ် (၃-၄)၊ ခေမာကျောင်း လမ်း၊ (ဌ)ရပ်ကွက်ရှိ ဆန်ဆိုင်များအားသွားရောက်၍ ဆန်ရောင်းချမှုကွင်းဆင်းအသိပညာပေးမှု များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

  ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧရာပဒေသာ ၊ ဖျာပုံကြားပျံ၊ တောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များ စွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေး ယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်အား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း

  (၂၃.၉.၂၀၂၅)ရက်နေ့ ၊နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး) နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များ အမှတ်(၁၅/၁၆)၊  (ဌ)ရပ်ကွက်၊ (ဌ)ဈေးအား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိ သောခွဲတမ်းများကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက် ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊  သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက် ကားဈေးနှုန်းများရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချခြင်း ရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှု ရှိ/ မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ် ပေးပါကြောင်း လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးမင်းမင်းစိုး(ဌာနခွဲစာ ရေး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့ နှင့်ပူးပေါင်း၍(၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

      ထိုသို့ ဆောင်ရွက်ခဲ့ကြရာတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ  စားအုန်းဆီလက်လီ အရောင်းဆိုင်များ ရုံ(ဃ)၊ ဆိုင်အမှတ် (၁၇)၊ (ဌ)ရက်ကွက်၊ (ဌ) ဈေးသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိတို့ရောင်းချနေသောဆိုင်များတွင်လည်း  ဒေသရောက်ဈေးနှုန်းများအပေါ် ၂% အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချစေရေး၊ ခွဲတမ်းရရှိသောစား အုန်းဆီများ အား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ အလေးချိန် ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်‌စေရန် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒလမြို့နယ်အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များအားအသိပညာပေးဆွေးနွေးခြင်း

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကုက္ကိုတန်းပိုင် ပျော်ဘွယ်ကြီးစံပြ ကျေးရွာတွင် ဒလမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၂၃)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်  လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

   အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ဒလမြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချ နေသော လုပ်ငန်းရှင်တို့အား မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် များဖြစ်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း၊ စားသုံးသူရေးကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရ မည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များအား ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ City Mart Supermarket အတွင်း စားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်မှုနှင့်ပစ္စည်းပြတ်လပ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ  City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်မှုနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် City Mart Supermarket အတွင်း ရောင်းချလျှက်ရှိသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိ လိုက်လံကြည့်ရှု့စစ်ဆေးပြီး ဆိုင်တာဝန်ခံနှင့် တွေ့ဆုံကာ ၎င်းပစ္စည်းများနှင့် ပတ်သတ်၍ ယခင်လနှင့် ယခုလအတွင်း ဈေးနှုန်းမြှင့်တင်မှုရှိ/မရှိ အခြေအနေ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါပစ္စည်းများမှာ ဈေးကွက်အတွင်း ပုံမှန် ဝင်ရောက်ပြီး ပြတ်လပ်မှုမရှိကြောင်း တွေ့ရှိရပြီး ဈေးနှုန်းများကိုလည်း အဆမတန် ဈေးနှုန်းမြှင့် တင်ရောင်းချမှုမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ်ရှိအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sale)လုပ်ငန်းမှတ်ပုံတင်လျှောက် ထားမှုနှင့်စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း  (Online Sale) လုပ်ငန်းဆောင်ရွက်ရန်အတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားလာ သည့် ရွှေထိုင်းအမည်ဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျှက်ရှိသော ဓမ္မာရုံလမ်း၊ ဗိုလ်ချုပ်ရပ်ကွက်၊ သန်လျင်မြို့သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းဆောင်ရွက်နေသည့် ပိုင်ရှင်အား ၎င်းအနေဖြင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က တင်ပြထားသည့်အတိုင်း အချက်အလက်များမှာ မြေပြင်ရှိ အချက်အလက်များနှင့် မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်းခြင်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စစ်ဆေး ဆောင်ရွက်ပြီးမှသာ အသိပြုလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်လက်မှတ်ရယူ ခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း လုပ်ငန်းတာဝန်များ အလိုက် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးကလည်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃) အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)အရ မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်များနှင့်အခွင့်အရေးများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်းစားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း ”

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ရန် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ(၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်းနှင့် အခွန်ကောက်စာရေး ဦးသန့်ဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက်အတွင်း ရောင်းချ သောဆိုင်များဖြစ်သည့် ဈေးပိုင်းရပ်ကွက်ရှိ ဦးဟိန်းသော်ဇင် (လက်လီလက်ကားအရောင်းဆိုင်)၊ ဦးခင်မောင်အေး (လက်လီလက်ကား အရောင်းဆိုင်)၊ ကံကြီးမကျီးရပ်ကွက်ရှိ ဦးကျော်လွင် (လက်လီအရောင်းဆိုင်)များနှင့် မြို့မဈေးအတွင်းရောင်းချသော ဒေါ်လဲ့လဲ့သင်း (လက်လီ အရောင်းဆိုင်)၊ ဒေါ်မြသီတာကျော် (လက်လီအရောင်းဆိုင်)၊ဦးမြင့်မင်းသူ (လက်လီအရောင်း ဆိုင်)များသို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ ခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန် ယူ ဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျှက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ ရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ် ထုတ်ပြန်လျှက်ရှိ ရာ ရည်ညွှန်းဈေးအပေါ် (၂%)အမြတ်နှင့် သယ်ယူခ၊ အလုပ်သမားခများကို ထည့်သွင်းတွက်ချက် ၍ သင့်တင်မျှတသော ဈေးနှုန်းဖြင့် ရောင်းချကြရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန်၊ စားအုန်းဆီ ရောင်းချသော လက်လီလက်ကား ကိုယ်စားလှယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၀၉:၁၅)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွမ်းခြံကုန်း မြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့မဈေးအတွင်း ရောင်းချသော ဒေါ်အေးကြိုင် (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ် ရေး)၊ ဦးမျိုးထွန်း (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)၊ ဦးသန်းအေး+ဒေါ်အေးလှိုင် (ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)၊ ကိုနိုင်ထွန်း+မရီမြင့် (ဆန်ရောင်းဝယ်ရေး)ဆိုင်များတွင် ရောင်း ချသော ငစိန်(ထွန်းပု)ဆန်၊ ဧည့်မထ (ရက်၉၀)၊ မင်းဧရာ၊ မီးဒုံ(ခွန်နီ) ဆန်၊ ငကျွဲ (တောင်ပျံ)၊ ပုသိမ်ညွှန့်(ကြားပျံ)ဆန် ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

  ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေး ရာဌာန အနေဖြင့် ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ရည် ညွှန်းဈေးများကို လစဉ်ထုတ်ပြန်လျှက်ရှိရာ ရောင်းချသူ လုပ်ငန်းရှင်များမှလည်း သတ်မှတ်ထား သော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ