Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငွေစာရင်းဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲအား Virtual စနစ်ဖြင့်တက်ရောက်ခြင်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ရုံးချုပ်၊ ငွေစာရင်းဌာနခွဲမှ အရာထမ်းများနှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ ငွေစာရင်းတာဝန်ခံများ တွေ့ဆုံ၍ ငွေစာရင်းပိုင်း ဆိုင်ရာကိစ္စရပ်များဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံမှ တက် ရောက်ခဲ့ပါသည်။

        ဆွေးနွေးရာတွင် ရုံးချုပ်၊ ငွေစာရင်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြား ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ငွေစာရင်းတာဝန်ခံများမှ သိရှိလိုသည်များနှင့်လိုအပ်သည်များအား မေးမြန်းဆွေးနွေးခဲ့ကြပြီး ရုံးချုပ်၊ ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူးမှ ပြန်လည်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းဆွေးနွေးပွဲအား (၁၁း၄၅) အချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မှော်ဘီမြို့နယ်ရှိ ဆေးမျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

   (၁၈.၇.၂၀၂၅)ရက် နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့မဈေး ဈေးစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံစေရေးနှင့်အခြေခံစားကုန်များ ဆေးဝါးများဈေးနှုန်းတည်ငြိမ်ရေး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ အိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှုရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၏ ထောက်ခံချက် မရှိသော ဆေးဝါးများ၊ အာမခံချက်မရှိသော တရား မဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်ရှိ စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ Terminal 202 စက်သုံးဆီဆိုင်သို့ သွားရောက် ၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၇၁/၁)၊ မြေတိုင်းရပ်ကွက်(၁)၊ အမှတ်(၃) လမ်းမကြီး မင်္ဂလာဒုံမြို့နယ်ရှိ Terminal 202 စက်သုံးဆီဆိုင်တာဝန်ခံ ဉီးဧပရယ်ထွန်းမှ ပူးပေါင်းပါဝင်လျက် မိမိတို့ဆိုင်တွင် စက်သုံးဆီ(၄)မျိုးရောင်းချလျက်ရှိပြီး ရရှိသောဆီခွဲတမ်းများအား စနစ်တကျမှန်ကန် စွာရောင်းချပေးပါကြောင်း၊ ဈေးနှုန်းကိုလည်း LED ဘုတ်ဖြင့် တင်ပြထားပါကြောင်း၊ ဆီဘောက်ဆာ ကားဝင်ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများကို နေ့စဉ်စာရင်းပြုစု၍ သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြန်အောင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၅.၇.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် မြို့မနေခြည်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်း ရောင်းချလျက်ရှိသော  အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း၊ မြို့မနေခြည်ဈေးအတွင်းရှိအခြေခံ   စားသောက်ကုန်အရောင်းဆိုင်(၈)ဆိုင်အားကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၀၈း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ (၁) ပိဿာနှုန်းတို့အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်း(ထန်းသုံးပင်)ကျောင်းတွင် အသိပညာပေးဟောပြောခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် သမဝါယမဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၅.၇.၂၀၂၅)နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ထန်းသုံးပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၄၁၂ ဦးအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြော ဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကလေးသူငယ် အခွင့်အရေးအချက်(၄)ရပ်အကြောင်းအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ဟောပြောပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်အား အဖွဲ့စုံဖြင့် စစ်ဆေးခြင်း

    အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်၍   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့နှင့်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ဖြင့် ဖွဲ့စည်းခဲ့ရာ ပြည်တွင်းကမ်းရိုး တန်းသွားရေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများတွင် ပိတ်ပင်တားမြစ်သည့် ကုန်ပစ္စည်း များ၊ ကန့်သတ်ပစ္စည်းများ၊ အကောက်ခွန်မဲ့ပစ္စည်း၊ တရားမဝင်ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။  

    ထိုသို့ဆောင်ရွက်လျက်ရှိရာ (၁၇.၇.၂၀၂၅)ရက်နေ့ (၁၁:၀၀)အချိန် သာကေတ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် M.V Chon Zan Zan သင်္ဘောအား အဖွဲ့စုံဖြင့် သွားရောက် စစ်ဆေးခဲ့ကြရာ ကုန်စုံများကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ သက်ဆိုင်ရာဌာနများ၏ အထောက်အထား များပြသနိုင်သဖြင့် တရားဝင်ကုန်ပစ္စည်းများသာဖြစ်ကြောင်း၊ အထောက်အထားပြသနိုင်ခြင်း မရှိသော ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သိမ်းဆည်းဖမ်းဆီးအရေးယူခြင်းများကို ခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ယခုလိုကမ်းရိုးတန်းသွားသင်္ဘောများကို ပုံမှန်စစ်ဆေး ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ကို လည်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍  အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၁၅.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့်ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့် အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြထားပြီး၊ အားသာချက်မှာအွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ရာတွင် ကိုယ်တိုင်သွားရောက်ဝယ်ယူရန်မလိုဘဲအင်တာနက်ရရှိသည့်မည်သည့် နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူသူများ၏ သုံးသပ်ချက်များ၊ သတ်မှတ်ချက် များအားဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်းကြောင့် အချိန်မကုန်စေဘဲ အလွယ်တကူဝယ်ယူ ရရှိနိုင်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အွန်လိုင်းဈေးဝယ်ယူခြင်း ၏အားနည်းချက်အနေဖြင့်ပို့ဆောင်သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန်ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ် ချက်ရှိခြင်း၊ အစားထိုးလဲလှယ်မှုများ၏ လုပ်ငန်းစဉ်ရှုပ်ထွေးမှုရှိနိုင်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည်ဖော်ပြခြင်း၊ ငွေပေးချေမှုဆိုင်ရာ အချက်များ ချိုးဖောက်ခံရနိုင်ခြင်း၊တရားမဝင်သောအွန်လိုင်းများမှလိမ်လည်မှုခံရနိုင်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် လျှောက်လွှာပုံစံ၊ မှတ်ပုံတင်လက်မှတ်ပုံစံ၊ မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခတို့ကို သတ်မှတ်ထားပြီး၊ မည်သည့်စီးပွားရေး လုပ်ငန်းရှင် မဆို အွန်လိုင်းမှတ် ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း၊  စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ရှိ ဓနိသကြားလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၄း၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ရှိ ဓနိသကြား လုပ်ငန်းလုပ်ကိုင်လျက်ရှိသော စီးပွား‌ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်ကြမ်းရရှိမှု၊ ဓနိသကြား ပြုလုပ်ပုံအဆင့်ဆင့်၊ စျေးနှုန်းစျေးကွက်အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်းနှင့် စီးပွား‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်းများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမည်ဖြစ်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တက်‌ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာသော တိုင်းဒေသ ကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများမှ လိုအပ်သည်များအား ဆွေးနွေးပြောကြားခြင်းနှင့်အ ထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေး ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ