Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့ အ.ထ.က(ရွှေကျောင်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၃-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေကျောင်းကျေးရွာအုပ်စုရှိ အ.ထ.က ၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ ၃၈၀ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို အဓိကဖတ်ရှုမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်တန်ချိန် (၁၅၀၀) အား ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ ဧည့်မထ (၂၅%)ဆန် အိတ်အရေအတွက် (၃၀၀၀၀)၊ တန်ချိန်အားဖြင့် (၁၅၀၀)တန်ကို  ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၂၈-၉-၂၀၂၄) ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့တင်ပို့ခြင်းကို ဧရာဟင်္သာကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိဆန်စက်များမှ ဧည့်မထ(၂၅%) ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့် နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။

          ဟင်္သာတဆိပ်ကမ်းတွင် စိန်လင်းထွန်း တွဲသင်္ဘောပေါ်သို့ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၂၈-၉-၂၀၂၄)ရက်နေ့မှ စတင်ဆောင်ရွက်နေပြီး ရာသီဥတုအခြေအနေပေါ်မူတည်၍ (၅-၁၀-၂၀၂၄)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ သင်္ဘောတင်ပြီးပြီးချင်း ဟင်္သာတဆိပ်ကမ်းမှ ထွက်ခွာကာ ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံခြားသင်္ဘောပေါ်သို့ ပြောင်းရွှေ့တင်ပို့မည်ဖြစ်ပါသည်။ ဟင်္သာတဆိပ်ကမ်း၌ ဧည့်မထ (၂၅%) ဆန်များ၏ အရည်အသွေးစစ်ဆေးခြင်းကို SGS ကုမ္ပဏီ နှင့် COTECNA ကုမ္ပဏီတိုက လာရောက်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ ရောင်းချနေသော ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

       ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးမှူး) ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ(၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ ၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသော ဆိုင်များအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော အရောင်းဆိုင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားထားသော ဈေးနှုန်းဖြင့်ရောင်းချနေခြင်းရှိ/မရှိ၊ ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေခြင်းရှိ/မရှိ ၊ ဈေးနှုန်းဆိုင်းဘုတ်ကို အများပြည်သူများ ထင်သာမြင်သာရှိနိုင်သော နေရာများတွင် ချိတ်ဆွဲထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသောဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ ဈေးနှုန်းဆိုင်းဘုတ်များကို ထင်သာမြင်သာရှိသောနေရာများတွင် ချိတ်ဆွဲရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကွင်းကောက်(မ) ငွေသာစည် စည်ပင်ဈေးတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်(မ)ရှိ ငွေသာစည် စည်ပင်ဈေး၌ ၂၀၂၄ခုနှစ်၊ အောင်တိုဘာလ (၃)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် သက်တမ်းလွန်မုန့်၊ အချိုရည်များရောင်းချမှုရှိ/မရှိနှင့် အစားအသောက်များတွင် တာရှည်ခံဆေးများ၊ ဓာတုဆိုးဆေးများသုံးစွဲမှုရှိ/မရှိကို ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချသော ကုန်စုံဆိုင်များမှ သက်တမ်းလွန်မုန့်များ၊ အချိုရည်များရောင်းချနေသည်ကိုတွေ့ရှိရသဖြင့် ရောင်းချသူများအား ထပ်မံရောင်းချမှုမဖြစ်စေရေး ဝန်ခံကတိလက်မှတ်ရေးထိုး၍ တားမြစ်သတိပေးခြင်း၊ သက်တမ်းလွန်အချိုရည်နှင့်မုန့်များအား မီးရှို့ ဖျက်ဆီးခြင်များဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Online Sale ရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆:၃၀)နာရီအချိန်တွင် အိမ်မဲမြို့၊ ရွှေဘုံသာလမ်း အထက်ပိုင်းရပ်ကွက်၌ Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင် စိုင်းစိုင်းအား Online ရောင်းချနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ်တာဝန်ခံက ရွှေဘုံသာလမ်း အထက်ပိုင်းရပ်ကွက် စိုင်းစိုင်းဆိုင်တွင် Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပြီး ရောင်းချနေသောပစ္စည်းများမှာ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်၊ အီလက်ထရောနစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဖန်စီပစ္စည်းများရောင်းချနေမှုအပေါ် Q/R ကုတ်လိုင်စင်ရှိ/မရှိ စစ်ဆေးပြီး Online Sale ရောင်းချမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးရှိ စားအုန်းဆီရောင်းချနေသောဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း၊ ဈေးနှုန်းဗီနိုင်းချိတ်ဆွဲထားခြင်းများရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌  လပွတ္တာမြို့နယ်တာဝန်ခံက အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးရှိ လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ စားသုံးသူပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းဖြင့်ချိတ်ဆွဲထားခြင်းရှိ/မရှိကိုစစ်ဆေးပြီး ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ် နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်နေမှုအရ မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြောင်မြမြို့ အထက(၁) ပညာရတနာခန်းမတွင် သင်တန်းတက်ရောက်သော ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြရိုင် မြောင်းမြမြို့နယ်တာဝန်ခံဦးလှထွဋ်ဦးသည် (၂.၁၀.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၅:၀၀)နာရီတွင် မြောင်မြမြို့ အထက(၁) ပညာရတနာခန်းမတွင်ပြုလုပ်သော စဉ်ဆက် ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းတွင် တက်ရောက်နေသော ဆရာ/ဆရာမများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြလုပ် ဆောင်ရွက်ခဲ့ပါသည်၊

    ထိုသို့ ဟောပြောဆွေးနွေးတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော သင်တန်းသား ဆရာ/ဆရာမများအား မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Online   Shopping   မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online   Shopping   မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online   မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ သင်တန်းသား ဆရာ/ဆရာမများအား (၂၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၁ ရက်နေ့ ၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ Ocean Super center တွင်  Consumer Packaging ဖြင့် ရောင်းချနေသောဆန်များတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း၊ တာဝန်ရှိသူအား ပြည်သူများသို့ ဆန်များ ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် Online Sale ရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ (၁၈)မိုင် (၄)ဖာလုံနှင့် ဩဘာလမ်းတို့တွင် Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား Online ရောင်းချနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ လပွတ္တာမြို့နယ်တာဝန်ခံက Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး လပွတ္တာမြို့၊ (၁၈)မိုင် (၄)ဖာလုံရှိ ဒေါ်ဇင်မွန်သန့်ဆိုင်ရှိ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဩဘာလမ်း ဒေါ်အိမွန်ဆိုင်ရှိ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရောင်းချနေမှုအပေါ် Q/R ကုတ်လိုင်စင်ရှိ/မရှိကိုစစ်ဆေးခဲ့ပြီး Online Sale ရောင်းချမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ (၆)ရပ်ကွက်ရှိ၊ အမှတ်(၁၀)မူလွန်ကျောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့(၆) ရပ်ကွက်ရှိ အမှတ်(၁၀) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးပွဲတွင် ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ ဓာတုဆိုးဆေးများနှင့် ပတ်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ ၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ