Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်သို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ ရွှေကောင်းစံ ဆီစက်ပိုင်ရှင် ဦးမျိုးမင်းထွဋ်အား ဆီထုတ်လုပ်ရာ တွင် ကုန်ကြမ်းဝယ်ယူရရှိရာဒေသ၊  ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ထွက်ရှိမှုပိဿာနှုန်း၊ လုပ်သားအင်အားနှုန်းနှင့် ဈေးနှုန်းဈေးကွက်အနေဖြင့် မည်သည့်အရပ်ဒေသတို့ကို ဖြန့်ဖြူးရောင်းချကြောင်း မေးမြန်းခဲ့ရာ ၊ ဦးမျိုးမင်းထွဋ်မှ ဆီထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သော မြေပဲကို ရန်ကုန်ဘုရင့်နောင် ပွဲရုံမှ လိုသလောက် ဝယ်ယူရရှိကြောင်း၊ စက်ကြိတ်စွမ်းအား‌ အနေဖြင့် (၀.၁၆၃) တန်ရှိပြီး ၊ တစ်လကြိတ်ခွဲထုတ်လုပ်မှုပျမ်းမျှ ပိဿာအနေဖြင့် (၂၅၀၀) ခန့် ထွက်ရှိကြောင်း၊ လုပ်သားအင်အား (၅) ဦးခန့် ဖြင့်လည်ပတ်လျက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ဖျာပုံမြို့တွင်းနှင့် ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးနဒီဈေးရှိ ကုန်မျိုးစုံဆိုင်တွင်ရောင်းချနေသော YumYum ခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၃-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွေးနဒီဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော  YumYum အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။   

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  လပွတ္တာမြို့နယ်တာဝန်ခံက ရွေးနဒီဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော YumYum အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိ/မရှိကိုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် YumYum အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာ၊ “တိုးတက်လင်း” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခြင်း

   ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဘုရားကလေးကွင်းကျေးရွာ၊ “တိုးတက်လင်း” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

     ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်အတွင်း ခေတ်မီစက်ယူနစ်များ တပ်ဆင်အသုံးပြုမှုအခြေအနေ၊ လက်ရှိ ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆန်စပါးသိုလှောင် ထားရှိမှုအခြေအနေတို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ထို့အပြင်မြို့နယ်တာဝန်ခံမှ MSMEs လုပ်ငန်းနှင့် ပတ်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပတ်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်မှ ဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်စစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ဆန်တင်ပို့မည့် MV- ရတနာခိုင်ထွန်း (၇) ရေယာဉ်တွင် ဧည့်မထဆန်(၃၂၀၀)အိတ်၊ ပေါ်ဆန်းဆန်(၁၀၀၀)အိတ်၊ ကောက်ညှင်းဆန်(၁၃၀၀)အိတ်၊  စုစုပေါင်း (၅၅၀၀)အိတ်၊ MV-အာသာဝတီရေယာဉ်တွင် ဧည့်မထဆန်(၄၈၀၀)အိတ်၊ ပေါ်ဆန်းဆန်(၇၉၅) အိတ်၊ ကောက်ညှင်းဆန် (၄၀၅)အိတ်၊ စုစုပေါင်း (၆၀၀၀)အိတ်တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ် ကုန်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ် ဈေးရပ်ကွက်တွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၃-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များ၌ စားသုံးသူပြည်သူများ အရည်အသွေးပြည့်ဝသော စာသောက်ကုန်စ္စည်းများအား ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်းသို့ သွားရောက်ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ဝါးခယ်မမြို့နယ်တာဝန်ခံက ဈေးရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပုဒ်မ(၄၃)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍ ရေးသားဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနအနေဖြင့် စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၂.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင် (၆)ဆိုင်တွင် ရောင်းချနေသော ဆေးဝါးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိတို့သည် မအူပင်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အမျိုးမျိုး အရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေသောဆေးများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ ပျက်စီးဆေးဝါးများ၊ ရောနှောဆေးဝါးများ၊ ဘေးဥပါဒ် ဖြစ်စေနိုင်သည့် ပစ္စည်းများနှင့် ဖော်စပ်ထုတ် လုပ်သော ဆေးဝါးများ  ကျန်းမာရေးဝန်ကြီးဌာန၏ သုံးစွဲရန်မသင့်သော ဘေးအန္တရာယ်ရှိကြောင်း သတ်မှတ်ထုတ်ပြန်ထားသော ဆေးများ ရောင်းချမှုရှိ/မရှိကို ဆေးဆိုင်များအား စစ်ဆေးခြင်း၊  တရားမဝင်တင် သွင်းဆေးဝါးများ ရောင်းချ ခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ စပ်ဆေးအန္တရာယ်သတိပြုရန် ကျောက်ကပ်ပျက်စီးလွယ်သဖြင့် မရောင်းချရန် ၊ ပိုးသတ်ဆေးများရောင်းချခြင်းမပြုရန် ဆရာဝန်လက်မှတ်ပါမှ သတ်မှတ်ချက်အလိုက် လိုက်နာရောင်းချရန်၊ ဆေးပစ္စည်းကိရိယာများတွင် ကုန်အညွှန်းအမှတ်အသား အဖြစ်မနေဖော်ပြပါဝင် သင့်သည့်အချက်အလက်များ ပါဝင်မှုရှိ/မရှိကိုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မအူပင်မြို့နယ်အတွင်း ရောင်းချသော ဆေးများတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိရသည်။ ဆေးရောင်းချသည့် ဆိုင်ရှင်များလည်း တရားမဝင် ဆေးဝါးများ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ယခုကဲ့သို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ အခါအား‌လျော်စွာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြာင်း သိရသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် အ.လ.က(ရိုးကြီး)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁-၁၀-၂၀၂၄)နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဇလွန်မြို့၊ ရိုးကြီးကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၂၁၀ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

         ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိကို ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ “ ဝဏ္ဏကျော်” ပဲမုန့်ကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့ (၅)လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ ဝဏ္ဏကျော် ” ပဲမုန့်ကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ မုန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အလုပ်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

MITS, MRF, DOCA & DOTအဖွဲ့ များ စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် ပို့ကုန်ဝင်ငွေ ဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှု ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့်  မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် DOT အဖွဲ့ တို့သည် ၂.၁၀.၂၀၂၄ ရက်နေ့က Good Brother’s Co,Ltd ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးရှိ ဆားမလောက် စုပေါင်းလယ်ယာ၊ သရဖူဆန်စက်၊ ခွန်အားဆန်စက်၊ ဆွေသဟာဆန်စက်၊ ဖြူစင်သန့်ဆန်စက်၊ ဧရာဝတီဆန်စက်သို့ သွားရောက်၍ ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှု အခြေအနေများကို မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်တင်ပို့ရန် ပြင်ဆင်ထားပြီးပါက လိုင်စင်ထုတ်ယူမှု အခက်အခဲလုံးဝရှိကြောင်း၊ ညောင်တုန်း ဆန်စက်များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့်  ပို့ကုန်ဝင်ငွေ ဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုအခြေအနေများကို စစ်ဆေးခြင်း၊  ဆန်စက်သိုလှောင်ရုံများတွင် ဆန်နှင့် ဆန်ကွဲပြင်ဆင်ထားရှိမှု စနစ်တကျသိုလှောင်ထားရှိမှု ဖြစ်ပေါ်စေရန်နှင့် လိုင်စင်လျှောက်ထားသည့် ဆန်/ဆန်ကွဲအမျိုးအစား၊ ဆန်တန်မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် စည်ပင်သာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ