Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ်တာဝန်ခံရုံး၌ ဆီကုန်သည်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး) သည်  (၅-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓနုဖြူဆီကုန်သည်လုပ်ငန်းရှင်များအားဖိတ်ကြားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင်  ဦးခိုင်လွမ်းမိုးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်  စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီ စသည်ဖြင့် အမျိုးအမည်ကို  မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းအသားတင်ပမာဏနှင့် အရွယ်အစားတို့ကိုဖော်ပြရာတွင် မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဌာန၏လမ်းညွှန်ချက်များကို သိရှိလိုက်နာဆောင်ရွက်မှုရှိစေရန် ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများဆောင်ရွက်လျက်ရှိပြီး၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ၎င်းနောက် ဆီကုန်သည်လုပ်ငန်းရှင်များ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ လုပ်ငန်းရှင် (၇) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

      ၁၃.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆန်စက်လုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      ဟောပြောဆွေနွေးပွဲသို့ ဆန်စက်လုပ်ငန်းရှင်စုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အင်းလမ်းရှိ မုန့်တီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

       ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် ၁၃.၁၂.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အင်းလမ်းရှိ “ဒေါ်အုန်းမြိုင်” မုန့်တီစက်သို့ သွားရောက်၍ မုန့်တီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ ဆွေးနွေးခဲ့ရာ “ဒေါ်အုန်းမြိုင်” မုန့်တီစက်လုပ်ငန်းအနေဖြင့် (၁) ရက်လျှင် မုန့်တီဖတ်၊ ခေါက်ဆွဲဖတ် စုစုပေါင်း ပိဿာချိန် (၃၀) ခန့် ထုတ်လုပ်ပြီး (၁) ပိဿာလျှင် (၂၂၀၀) ကျပ်ဖြင့် ဘီးလင်းမြို့နယ်အတွင်းဖြန့်ဖြူးရောင်းချကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံက မုန့်တီဖတ်၊ ခေါက်ဆွဲဖတ် ထုတ်လုပ်ရာတွင် ဓါတုဆေးဝါးပစ္စည်းများ ကင်းရှင်းစေရန်၊ ရေဆိုးရေညစ်များကို စနစ်တကျစွန့်ပစ်စေရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို ပညာပေးဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖော်ပြပါရှိသော လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၁၃.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မုဒုံမြို့ပေါ်ရပ်ကွက် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာ၌ အသင့်သောက်အချိုရည်များတွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိရပြီး လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိမှသာ ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းခြင်းဆိုင်ရာ ဖော်ပြချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ရှိ ဈေးများတွင် အိုင်အိုဒင်းဆားများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၂.၁၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းရုံးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ သံလွင်ဈေးနှင့် မောင်ငံဈေးတို့တွင် အိုင်အိုဒင်းဆားများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော အိုင်အိုဒင်းဆားများအားစားသုံးနိုင်ရေးအတွက်  ဈေးကွက်အတွင်းရောင်းချနေသော အိုင်အိုဒင်းဆားများတွင် အိုင်အိုဒင်းပြည့်ဝစွာ ပါဝင်ခြင်း ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

      ၁၃.၁၂.၂၀၂၃ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာ၌ စပါးဝယ်ယူ/ ရောင်းချရာတွင် စပါးတစ်တင်း အလေးချိန်သတ်မှတ်သည့်ကိစ္စ၊ ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စ၊ Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်ရေးကိစ္စရပ်များအား ပြောကြားဆွေးနွေးခဲ့ပြီး ဂွတ်ဘရားသားကုမ္ပဏီမှ တာဝန်ရှိသူက ၎င်းတို့၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုပေးခြင်းအကြောင်းအရာများ၊ UAB Bank မှ မန်နေဂျာက အသေးစားချေးငွေ၊ အတိုးနှုန်း၊ လိုအပ်သောအာမခံအထောက်အထားများနှင့် ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအား ၁၄:၃၀ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အသင့်သောက်အချိုရည်ဆိုင်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးရှိ အသင့်သောက်အချိုရည်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် အသင့်သောက်အချိုရည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များ အား ကုန်အညွှန်းအမှတ်အသားမပါရှိသည့် အသင့်သောက်အချိုရည်များအား ရောင်းဝယ်ဖောက် ကားမှုမပြုလုပ်ကြရန်၊ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူများအား အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျန်းယန်ကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

    ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သိုမဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အ‌ရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း ၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများ ကိုဆိုလိုကြောင်း၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူ၏ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးရုံး (CICC) သို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို သိရှိလိုပါက ဦးစီးဌာနWebsite လိပ်စာဖြစ်သော www.doca.gov.mm တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)

လက်လီလက်ကားကုန်စုံဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

  ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမာ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၅.၁၂.၂၀၂၃ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ လက်လီလက်ကားကုန်စုံဆိုင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေ ခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ၊ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ၊ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍အာမခံချက်ပေးခြင်း၊အခန်း(၁၈)ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်ကို ထုတ်လုပ်ခြင်းရောင်းချခြင်းမပြုရန်နှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုပါ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့တက်ရောက်

ဘားအံ၊ ဒီဇင်ဘာလ ၁၅ရက်

             ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ စီမံ/ငွေစာရင်း တာဝန်ခံဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်၊ နှင့် ဝန်ထမ်းများသည် ရုံးချုပ်၊ရုံးအမှတ်(၅၂) နေပြည်တော်၌ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtural  Zoom Meeting စနစ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူ ဦးဆောင် ကျင်းပပြုလုပ် သော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

         အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူက စီမံ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ၊ စနစ်တကျရှိစေရေးအဖွင့်အမှာစကားပြောကြားပြီး အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး မှ စီမံရေးရာဌာန၊ ငွေစာရင်းဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းအခြေအနေနှင့်လိုအပ်ချက်များကို ရှင်းလင်းတင်ပြ၍ ရှင်းလင်းတင်ပြချက်များအပေါ် ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူက  ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး ဆွေးနွေးပွဲမှ လိုအပ်သည်များ လမ်းညွှန်ခဲ့ပါသည်။

              အစည်းအဝေးတွင် နေပြည်တော်၊ တိုင်းဒေသကြီး၊ပြည်နယ်များရှိ တာဝန်ခံအရာ ထမ်းများအား စီမံရေးရာဌာနခွဲနှင့် ငွေစာရင်းဌာနခွဲတို့ကို ဘတ်ဂျတ်ရေးဆွဲမှုနှင့်ရန်ပုံငွေ ခွဲဝေချထားမှုဆိုင်ရာလုပ်ငန်းများကို ညွှန်ကြားဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၁၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ